Samsung က  Galaxy Z Flip3 ထည့်လို့ရတဲ့ အိတ်ပါတဲ့ ဂျင်းဘောင်းဘီကို Dr Denim နဲ့ ပူးပေါင်း ရောင်းချပေးလိုက်ပါတယ်။ ညာဘက်ပေါင်ရင်းနားမှာ အိတ်ကို ထည့်သွင်းထားပြီး Galaxy Z Flip3 နဲ့ အံဝင်ခွင်ကျဖြစ်အောင် အိတ်ကို ဖန်တီးထားပါတယ်။ ဂျင်းဘောင်းဘီမှာ တခြား အိတ်တွေကို အသေပိတ်ထားတာ သို့မဟုတ် ဖယ်ရှားထားတာ မြင်ရပါတယ်။

Samsung က “ ဂျင်း ဘောင်းဘီတွေမှာ ပါတဲ့ အိတ်အကြီးကြီးတွေဟာ နေရာအများကြီး ယူထားတဲ့အတွက် စတိုင် မကျသလို ဘယ်သူမှ မလိုချင်ကြပါဘူး။ Galaxy Z Flip3 လို Foldable စမတ်ဖုန်းငယ်လေးအတွက် အိတ်အသေးလေး ပါရင် လုံလောက်ပါပြီ။ “ လို့ မီဒီယာတွေကို ရှင်းပြပါတယ်။

Samsung က Galaxy Z Flip3 နဲ့ အဲဒီ ဂျင်းဘောင်းဘီကို ဩစတြေးလျ ဒေါ်လာ ၁,၄၉၉ နဲ့ ရောင်းပေးလိုက်ပြီး လက်ရှိပေါက်ဈေးအရ မြန်မာငွေနဲ့တွက်ရင် သိန်း ၂၀ လောက်ကျသင့်မှာ ဖြစ်ပါတယ်။ အဲဒီ Galaxy Z Flip3 မော်ဒယ်မှာ 128GB Storage ထည့်သွင်းထားပြီး Cream , Black , Green နဲ့ Lavender အရောင် ၄ မျိုး ရွေးချယ်နိုင်ပါတယ်။

Samsung ရဲ့ Website မှာ အထက်ဖော်ပြပါ ဈေးနှုန်းဟာ Galaxy Z Flip3 အတွက်ပဲ ဖြစ်ပြီး အဲဒီအတွက် Dr Denim ကနေ Galaxy Z Flip3 ကို ဝယ်ယူမှသာ ဂျင်းဘောင်းဘီကို လက်ဆောင်ရရှိမှာ ဖြစ်ပါတယ်။ Samsung ရဲ့ စတန့်ထွင်ထားတဲ့ Marketing ကို Customer တွေ စိတ်ဝင်စားမလား ဆိုတာ လေ့လာစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Ref : gsmarena