Google က နောက်ဆုံးထုတ် Android Mobile Operating System ကို ကြေညာပြီးပြီ ဖြစ်တဲ့အတွက် စမတ်ဖုန်း ထုတ်လုပ်သူတွေဟာ ကိုယ်ပိုင် UI Skin တွေကို မိတ်ဆက်ဖို့ အချိန်ရောက်လာပါပြီ။ အခုတော့ Samsung က နောက်ထွက်မယ့် One UI 4 အတွက် Promotional Video ၁ ခုကို မျှဝေလိုက်ပါတယ်။ One UI 4 Beta ကို တချို့ Samsung ဖုန်းတွေအတွက် ဖြန့်ချိပေးထားပြီး Stable Version ကို လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်း ဖြန့်ချိနိုင်ပါတယ်။

Samsung One UI 4 Featured

အဲဒီ Promotional Video ရဲ့ အဆုံးမှာ Samsung က Laptop တွေအတွက် One UI Book 4 ကို ဖန်တီးပေးမယ်ဆိုတာ ပြောပြထားပါတယ်။ One UI Book 4 ကို အစောဆုံးရမယ့် Laptop တွေထဲမှာ Galaxy Book Pro 360, Galaxy Book Pro, Galaxy Book Flex 2, Galaxy Book နဲ့ Galaxy Book Odyssey တို့ ပါဝင်ပါတယ်။

One UI 4 Features Overview: Hands-on with Samsung's Android 12 update

စမတ်ဖုန်းတွေရဲ့ One UI 4 လိုပဲ One UI Book 4 မှာ Windows OS ရဲ့ သွင်ပြင်ကို ပြောင်းလဲထားမှာ ဖြစ်ပြီး App တွေကို Samsung ရဲ့ ဒီဇိုင်းအတိုင်း ဖန်တီးထားမှာပါ။ Samsung က ဖုန်းနဲ့ Laptop တွေမှာ တူညီတဲ့ UI ကို ထည့်သွင်းပေးထားမှာပါ။

လက်ရှိမှာ One UI Book 4 အကြောင်း အများကြီး မသိရသေးပါဘူး။ One UI Book 4 ရဲ့ သွင်ပြင်နဲ့ လုပ်ဆောင်ချက်တွေ ပေါက်ကြားထွက်ပေါ်နေတာ မရှိသေးပါဘူး။ Windows ဟာ Android လို Open Source မဟုတ်တဲ့အတွက် Samsung က အများကြီး ဆန်းသစ်ထားလို့ မရတာ သေချာပါတယ်။ Samsung က One UI Book 4 ရဲ့ သတင်းအချက်အလက်တွေနဲ့ ဖြန့်ချိမယ့် အချိန်ကို တရားဝင် ပြောကြားလာမှာကိုပဲ စောင့်ရမှာပါ။

Ref : gizmochina