Samsung က စွမ်းရည်မြင့် Galaxy S22 Ultra ကို ကြေညာလိုက်ပြီး ထူးခြားတာက S Pen ထည့်သွင်းပေးထားတာပါ။ ဒီဇိုင်းက Galaxy Note 20 နဲ့ တူညီပြီး အရှေ့၊ အနောက်၊ ထိပ်နဲ့ အောက်ခြေတွေက ပြားချပ်ကာ ထောင့်စွန်းတွေက ကွေးညွှတ်ပါတယ်။ ပြေပြစ်တဲ့ မျက်နှာပြင်ကွေး တပ်ဆင်ထားပြီး အနောက်ဘက် ကင်မရာ Array က အရင်နှစ်ထုတ် S21 Ultra နဲ့ တူညီပါတယ်။ ဒါပေမယ့် ကင်မရာတွေဟာ အရမ်းငေါ မထွက်နေပါဘူး။

Samsung announces the Galaxy S22 Ultra with S Pen

အလူမီနီယမ် ဖရိမ်နဲ့ တည်ဆောက်ထားပြီး အရှေ့နဲ့ အနောက်ကို Gorilla Glass Victus+ နဲ့ ကာကွယ်ထားပါတယ်။ ဖုန်းနဲ့ S Pen ဟာ IP68 ရေစိုခံစံနှုန်း ထောက်ပံ့ပြီး ဖုန်မဝင်အောင်ကာကွယ်ပေးနိုင်ပါတယ်။ S Pen ရဲ့ Latency ဟာ 2.8ms အထိ တိုးတက်လာပြီး AI အခြေပြု Co-ordinate Prediction နည်းပညာ ပါပါတယ်။ လက်ရေးကို စာသားအဖြစ် ပြောင်းပေးတဲ့ လုပ်ဆောင်ချက် ပိုကောင်းလာပြီး ဘာသာစကား ၈၈ ခုကို ထောက်ပံ့လာပါတယ်။ Galaxy S22 Ultra နဲ့ Tab S8 Series တွေအကြားမှာ Sync လုပ်ပေးတဲ့ Collaboration View လုပ်ဆောင်ချက် အသစ် ထည့်သွင်းထားပါတယ်။

Samsung announces the Galaxy S22 Ultra with S Pen

S22 Ultra မှာ ၆.၈ လက်မ 1440p Dynamic AMOLED 2X မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate နဲ့ 240Hz Touch Sampling Rate ထောက်ပံ့ထားပါတယ်။ မျက်နှာပြင်အောက်မှာ Ultrasonic လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။

Samsung announces the Galaxy S22 Ultra with S Pen

အနောက်ကင်မရာတွေအကြောင်းပြောရရင် 108MP Main, 12MP Ultrawide , 10MP F/2.4 3x Telephoto နဲ့ 10MP F/4.9 10x Periscope တွေ ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 40MP F/2.2 ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး ဟာ့ဒ်ဝဲ အသစ် မသုံးထားဘဲ အဆင့်မြှင့်ထားတဲ့ NPU ကို အသုံးချကာ Low Light မှာ ဓါတ်ပုံနဲ့ ဗီဒီယို အရည်အသွေး တိုးတက်အောင် ပြုလုပ်ပေးတဲ့ AI လုပ်ဆောင်ချက်အသစ်ကို မိတ်ဆက်ထားပါတယ်။

Burgundy

ကင်မရာ လုပ်ဆောင်ချက် အသစ်တွေထဲက ၁ ခုက Auto Framing ဖြစ်ပြီး အနောက်ဘက်က Ultrawide ကင်မရာကို အသုံးပြုကာ ဖရိမ်ထဲက လူအရေအတွက်နဲ့ သင့်တော်အောင် ဓါတ်ပုံကို Crop လုပ်တာ၊ ချိန်ညှိတာ လုပ်ပေးနိုင်ပါတယ်။ လူ ၁၀ ယောက်ကို တစ်ပြိုင်နက် အာရုံခံနိုင်ပြီး လူတွေ အရှေ့ကို လမ်းလျှောက်လာရင် မြင်ကွင်းကို အလိုလို Zoom Out လုပ်ပေးနိုင်ပါတယ်။

Green

Samsung က Portrait Mode Effect ကို ပိုကောင်းအောင်ပြုလုပ်ထားပြီး Background ကို ခွဲခြားတာ တိုးတက်လာကာ ပိုမို ကြည်လင်ပြတ်သားလာပါတယ်။ Studio Lighting Effect အသစ်က Edit လုပ်တဲ့အခါ အလင်းရောင်ကို မှန်ကန်အောင်ပြုလုပ်ပေးနိုင်ပြီး Night Portrait Mode က Low Light မှာ ရိုက်တဲ့အခါ အလိုလို On ပေးပါတယ်။

Galaxy S22 Ultra မှာ Samsung Exynos 2200 SoC သို့မဟုတ် Snapdragon 8 Gen 1 ထည့်သွင်းထားပြီး Chipset ၂ ခုစလုံးကို 4nm Manufacturing Process နဲ့ တည်ဆောက်ထားကာ တူညီတဲ့ Octa-core CPU ဒီဇိုင်း သုံးထားပါတယ်။ ဒါပေမယ့် Qualcomm Chipset မှာ ကုမ္ပဏီရဲ့ Adreno 730 GPU နဲ့ Exynos Chipset မှာ AMD RDNA2 အခြေပြု Xclipse 920 GPU ထည့်ထားပါတယ်။ Chipset ၂ ခုစလုံးမှာ AI Processing တိုးတက်လာပြီး Samsung က S21 Series ထက် NPU က ၂ ဆ ပိုမြန်တယ်လို့ ပြောပါတယ်။

စွမ်းရည်အနိမ့်ဆုံး မော်ဒယ်မှာ 8GB RAM / 128GB Storage ထည့်သွင်းထားပြီး တခြား မော်ဒယ်တွေမှာ 12GB RAM အထိ ရွေးချယ်နိုင်ကာ 256GB, 512GB နဲ့ 1TB Storage တွေ သုံးထားပါတယ်။ Android 12 အခြေပြု One UI 4.1 မောင်းနှင်ထားပြီး 45W Wired Fast Charging , 15W Wireless Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ပါပါတယ်။

Phantom Black, Phantom White, Green နဲ့ Burgundy အရောင်တွေ ထုတ်လုပ်ထားပြီး ဒီလ ၂၅ ရက်နေ့ ရောင်းချမှာပါ။ Graphite, Red နဲ့ Sky Blue အရောင်တွေကို Samsung.com ကနေပဲ ရောင်းချမှာ ဖြစ်ပြီး တန်ဖိုးအနည်းဆုံး 8/128GB မော်ဒယ်ကို ၁,၁၉၉ ဒေါ်လာ သတ်မှတ်ထားကာ မြန်မာငွေ ၂၁ သိန်းဝန်းကျင် ကျသင့်မှာပါ။

Ref : gsmarena