Samsung ရဲ့ AR Glasses နည်းပညာနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ မကြာသေးခင်က တွေ့မြင်ခဲ့ရတဲ့ မူပိုင်ခွင့်အကြောင်းကို ပြောရမယ်ထင်ပါတယ်။ တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီကြီးဟာ AR (augmented reality) နဲ့ VR (virtual reality) နည်းပညာတွေကို အသုံးပြုခဲ့ပေမယ့် အခုအသစ်တင်လိုက်တဲ့ မူပိုင်ခွင့်အရ ပိုမိုလွယ်ကူတဲ့ လမ်းညွှန်စနစ်ကို အဆင့်မြှင့်တင်လိုက်တယ်လို့ ယူဆရပါတယ်။


မူပိုင်ခွင့်ရဲ့ ဖော်ပြချက်အရ AR မျက်မှန်တွေဟာ လမ်းညွှန်ထောက်ကူနေစဉ်မှာ အသုံးပြုသူတွေကို တစ်ဆင့်ချင်း ညွှန်ကြားတာမျိုး ပြုလုပ်ပေးနိုင်မယ်လို့ ယူဆနိုင်ပါတယ်။ တီထွင်ဆန်းသစ်ထားတဲ့ လမ်းညွှန်မှုစနစ်သစ်ဟာ မျက်မှန်ကနေတစ်ဆင့် အသုံးပြုသူကို တိုက်ရိုက်ညွှန်ပြပေးနိုင်ပါလိမ့်မယ်။

ဒီစနစ်ဟာ တိုက်လေယာဉ်တွေနေဲ့ ခေတ်မီကားအချို့ရဲ့လေကာမှန်တွေမှာ တွေ့မြင်ရတဲ့ စနစ်နဲ့ အတော်လေးကို ဆင်တူတယ်လို့လည်း ဆိုနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် AR မျက်မှန်တွေဟာ အသုံးပြုသူ ကားမောင်းနေစဉ်အချိန်အတွင်းမှာ အာရုံပျက်စေမှုကို လျော့နည်းစေမယ့် ပိုမိုနက်ရှိုင်းတဲ့အတွေ့အကြုံကို ယူဆောင်လာမယ်လို့ မျှော်လင့်ရပါတယ်။

Samsung ရဲ့ AR မျက်မှန်တွေဟာ အချိန်နဲ့တပြေးညီ လမ်းညွှန်မှုဆိုင်ရာသတင်းအချက်အလက်သစ်တွေကို ပေးမယ်လို့ ယူဆရပါတယ်။ ဒီ Device ဟာ ပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါ ကားမောင်းနှင်နေသူ သတိထားမိနိုင်တဲ့ စိတ်ဝင်စားဖွယ်အချက်အလက်တွေနဲ့စပ်လျဉ်းတဲ့ သတင်းအချက်အလက်တွေကိုပေးနိုင်မယ်လို့ သိရပါတယ်။ ဥပမာအားဖြင့် ဆင်ခြေလျောထွက်ပေါက်တွေ၊ ဆီဆိုင်တွေ၊ စားသောက်ဆိုင်တွေ စတာတွေကို ပြသပေးတာမျိုး ဖြစ်ပါတယ်။

Samsung ရဲ့ AR မျက်မှန်တွေဟာ Map application ကို Sync လုပ်တာမျိုး၊ GPS tracking လုပ်တာမျိုး၊ ကားထဲမှာ ကင်မရာအဆင့်ဆင့် တပ်ဆင်တာမျိုး၊ အာရုံခံကိရိယာတွေ တပ်ဆင်တာမျိုး စတဲ့ လိုအပ်ချက်အတော်များများကိုတော့ တောင်းဆိုဖွယ်ရှိပါတယ်။ အခုအချိန်မှာလည်း ကုမ္ပဏီက ဒီလိုအစိတ်အပိုင်းတွေပါဝင်တဲ့ စမတ်ကားနဲ့သက်ဆိုင်တဲ့ ထုတ်ကုန်အမြောက်အများကို ရောင်းချနေတာ ဖြစ်ပါတယ်။ Samsung အနေနဲ့ ဒီပစ္စည်းတွေ အပြန်အလှန်ဆက်သွယ်မှုကို ပိုပြီးတိုးတက်အောင် လုပ်ဆောင်နေတယ်လို့လည်း ယုံကြည်ရပါတယ်။

Ref: Gizmochina