အဆင့်အတန်းမြင့်မားသည့် ကင်မရာနှင့် ထူးခြားဆန်းသစ်တဲ့ လုပ်ဆောင်ချက်တို့ပါဝင်ပြီး ခေတ်မီသေသပ်လှပသော အရည်အသွေးမြင့်စမတ်ဖုန်းသစ်ကို ၀ယ်ယူနိုင်ပါပြီ။

စမတ်ဖုန်းသုံးစွဲသူတို့ရဲ့ နေ့စဉ်ဘ၀တွေမှာ ဘက်ပေါင်းစုံမှ အသုံးဝင်စေဖို့အတွက် တမူထူးခြားကောင်းမွန်သော လုပ်ဆောင်ချက်များထည့်သွင်းထားသော အဆင့်မြင့်ကင်မရာနှင့်အတူ စတိုင်ကျလှပသောဒီဇိုင်းတို့ဖြင့် စမတ်ဖုန်းသစ် Galaxy A6+ အား မြန်မာနိုင်ငံတွင် စတင်ဝယ်ယူနိုင်ပါပြီ။ ဆန်းသစ်လှပသောဒီဇိုင်း၊ စွမ်းဆောင်ရည်မြင့် ရှေ့နောက်ကင်မရာတို့နှင့် Samsung ၏ ကိုယ်ပိုင်ထူးခြားချက်ဖြစ်သည့် ဘောင်မဲ့မျက်နှာပြင်တို့ ထည့်သွင်းကာ ပေါင်းစပ်ဖန်တီးထားသည့် Galaxy A6+ ကို အနက်ရောင်၊ ရွှေရောင် နှင့် အပြာရောင် စသဖြင့် ကြိုက်နှစ်သက်ရာအရောင်ကို ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

“Samsung အနေနဲ့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို အကောင်းဆုံးစမတ်ဖုန်း အတွေ့အကြုံတွေကတစ်ဆ့င် ဖြည့်ဆည်းပေးနိုင်ဖို့အတွက် အစဉ်အမြဲ ရည်ရွယ်ထားတာဖြစ်ပါတယ်။”ဟု Samsung Myanmar ၏ IT and Mobile ကိုဇာနည်ဝင်းထက်မှ မီဒီယာများထံ ပြောကြားခဲ့ပါတယ်။ “Galaxy A6+ မှာ သုံးစွဲသူတွေရဲ့ အမှတ်တရ အခိုက်အတန့်လေးတွေကို မှတ်တမ်းတင်ရိုက်ယူပြီး ကိုယ်ပိုင်ခံစားချက်တွေကို အများနဲ့မတူ တမူထူးခြားတဲ့ ပုံစံနဲ့မျှဝေပေးစေနိုင်တဲ့ စွမ်းဆောင်ရည်မြင့် ကင်မရာနဲ့အတူ နေ့စဉ်ဘဝမှာ အဆင်ပြေလွယ်ကူစေဖို့အတွက် Samsung ရဲ့ အစဉ်အဆက် အသုံးပြုလာတဲ့ စမတ်ဖုန်းနည်းပညာတွေနဲ့အတူ ပေါင်းစပ်ဖန်တီးပေးထားပါတယ်” ဟုဆိုကာလည်း ဖြည့်စွက်ပြောကြားခဲ့ပါသေးတယ်။

Samsung A6+ စမတ်ဖုန်းရဲ့ ထူးခြားတဲ့ Specifications များ 

လှပသောဓာတ်ပုံများ၊ Selfie ဓာတ်ပုံများကိုလည်း Galaxy A6+ ရဲ့ စွမ်းဆောင်ရည်မြင့် ရှေ့နောက်ကင်မရာကို အသုံးပြုပြီး အချိန်နေရာမရွေး ရိုက်ယူနိုင်အုံးမှာပါ။ လိုသလို ချိန်ညှိနိုင်သော LED Flash ကြောင့်လည်း နေ့ညမရွေး စတိုင်ကျလှပါသော Selfie ဓာတ်ပုံတွေကို ရိုက်ယူနိုင်မှာဖြစ်ပါတယ်။ ထို့အပြင် ချုံ့ချဲ့နိုင်သော အလင်းဝင်ပေါက်များပါဝင်သည့် နောက်ကင်မရာနှင့်အတူ အလင်းရောင်အားနည်းနေသည့် အချိန်တွေမှာတောင် ကြည်လင်ပြတ်သားပြီး တောက်ပတဲ့ပုံရိပ်တွေကို အချိန်မရွေး ဖမ်းယူနိုင်စေဖို့အတွက် ကူညီပေးမှာပါ။

 

ထိုမျှသာမက Galaxy A6+ တွင်ပါဝင်သည့် Dual ကင်မရာဟာဆိုရင် Live Focus Mode ကိုအသုံးပြုပြီး အရေးကြီးသည့်ဓာတ်ပုံများနှင့် အမှတ်တရအခိုက်အတန့်များကို ဓာတ်ပုံမရိုက်ခင်ဖြစ်စေ၊ ရိုက်ယူပြီးဖြစ်စေ Depth of Field နှင့် Booked Effect တို့အား ချိန်ညှိပြီး ထပ်မံတိုးမြှင့်ရိုက်ယူသွားနိုင်မှာပါ။ ဖမ်းယူပြီးသည့်ဓာတ်ပုံများကိုလည်း အသည်းပုံ၊ ကြယ်ပုံနှင့် နောက်ခံမှုန်ဝါးသည့် ဒီဇိုင်းများဖြင့် ပိုမိုဆန်းပြားလှပစေဖို့ ပြင်ဆင်ဖန်တီးနိုင်မှာဖြစ်ပါတယ်။

 

သုံးစွဲသူများအနေဖြင့် Dolby Atoms Optimized Audio ထည့်သွင်းပေးထားသည့် စပီကာများနှင့်အတူ ရုပ်ရှင်များ၊ သီချင်းများနှင့် အခြားသောအရာများကို ပတ်ဝန်းကျင်အတွင်း ပိုမိုပြတ်သားသော အသံထွက်နှုန်းဖြင့် နားဆင်ခံစားနိုင်မှာပါ။

အဆုံးအစမဲ့ အနှောင့်အယှက်ကင်းသည့် ကြည့်ရှုမှုအတွေ့အကြုံကို ပေးစွမ်းနိုင်သည့် စံနှုန်းဖြင့်ဖန်တီးထားသော Samsung ၏ အမှတ်အသားဘောင်မဲ့မျက်နှာပြင်အား Galaxy A6+ တွင် ထည့်သွင်းပေးထားပါတယ်။ ပိုမိုကြာရှည်ခံနိုင်စွမ်းနှင့် လက်အတွင်း မြဲမြံစွာကိုင်တွယ်နိုင်စွမ်းတို့အား ပံ့ပိုးပေးနိုင်ရန် ဆန်းပြားလှပသော မျက်နှာပြင်ခုံးနှင့် သတ္တုဒီဇိုင်းတို့ဖြင့် ယခင်ထက်ကို အဆင်မြှင့်ပြီးဖန်တီးပေးထားပါတယ်။

“Galaxy A6+ မှာဆိုရင် Samsung ရဲ့ Flagship ဖုန်းတွေမှာပါဝင်တဲ့ လွယ်ကူလျင်မြန်စွာ ဖုန်းကိုလော့ခ်ဖွင့်နိုင်တဲ့ မျက်နှာအသိအမှတ်ပြု လုံခြုံရေးစနစ် နဲ့ လက်ဗွေရာစနစ် အစရှိတဲ့ လူကြိုက်များတဲ့လုပ်ဆောင်ချက်တွေကို ထည့်သွင်းပေးထားပါတယ်။ Always on Display လုပ်ဆောင်ချက်နဲ့အတူ သုံးစွဲသူတွေအနေနဲ့ အချက်အလက်တွေကို ဖုန်းဖွင့်နေစရာမလိုတော့ပဲ ဖုန်းကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သိရှိနိုင်တာကြောင့်လည်း အချိန်နဲ့ ဘက်ထရီ နှစ်ခုစလုံးကို တစ်ပြိုင်တည်း သက်သာစေပါတယ်” ဟု ကိုဇာနည်ဝင်းထက်မှ ဆက်လက်ပြောကြားခဲ့ပါတယ်။

ထို့အပြင် Galaxy A6+ တွင် Bixby Vision, Home နှင့် Reminder တို့သာမက သုံးစွဲသူများ၏ နေ့စဉ်လုပ်ငန်းဆောင်တာများအား ကူညီဆောင်ရွက်ပေးနိုင်မည့် Samsung ၏ Bixby ကိုလည်း ထည့်သွင်းပေးထားပါတယ်။

အဆိုပါ စမတ်ဖုန်းသစ် စတင်မိတ်ဆက်ခြင်းနှင့်အတူ Samsung Myanmar သည် တယ်လီနောမြန်မာ နှင့် ပူးပေါင်း၍ Galaxy A6+ ဝယ်ယူသုံးစွဲသူများအား လစဉ် ဖုန်းငွေဖြည့်ကဒ် ၃,၀၀၀ ကျပ် ဖြည့်သွင်းလျှင် အင်တာနက်လက်ဆောင် 500MB အားလည်းကောင်း၊ ၅,၀၀၀ ကျပ် ဖြည့်လျှင် 1GB အား လည်းကောင်း၊ ၁၀,၀၀၀ ကျပ်ဖြည့်လျှင် 2GB အားလည်းကောင်း ၁၂ လ ဆက်တိုက်ရရှိသွားမှာဖြစ်ပါတယ်။ အထက်ပါ အင်တာနက်လက်ဆောင်များအား တစ်လလျှင်တစ်မျိုးသာ ရွေးချယ်အသုံးပြုနိုင်မှာပါ။

မြန်မာနိုင်ငံတွင် Samsung Galaxy A6+ အား အနက်ရောင်၊ ရွှေရောင် နှင့် အပြာရောင် အစရှိသဖြင့် အရောင် သုံးမျိုးရွေးချယ်နိုင်မည်ဖြစ်ပြီး ဈေးနှုန်းအနေဖြင့် မြန်မာကျပ်ငွေ ၄၉၉,၀၀၀ ကျပ်ဖြင့် ရောင်းချသွားမှာဖြစ်ပါတယ်။

Samsung Electronics Co., Ltd. အကြောင်း

Samsung Electronics Co., Ltd. သည် အနာဂတ်ကို ဖော်ဆောင်ပုံသွင်းနိုင်ရန် စိတ်ကူးဥာဏ်များ၊ နည်းပညာများဖြင့်ပုံဖော်နေပြီး တစ်ကမ္ဘာလုံးတွင် တီဗွီများ၊ စမတ်ဖုန်းများ၊ Tablet များ၊ ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန်များ၊ Digital အသုံးအဆောင်ပစ္စည်းများ၊ ကွန်ယက်ဆက်သွယ်ရေး စနစ်များ နှင့် ဖုန်းတွင်းမှတ်ဥာဏ်၊ LSI စနစ်၊ Foundry နှင့် LED Solutions များကို ဖန်တီးထုတ်လုပ်လျက် ရှိပါသည်။ ပိုမိုပြည့်စုံစွာသိရှိနိုင်ရန် နှင့် နောက်ဆုံးထွက် သတင်းများ၊ လုပ်ဆောင်ချက်ဆိုင်ရာ ဆောင်းပါးများ နှင့် သတင်းထုတ်ပြန်ချက် များကို သိရှိနိုင်ရန် အတွက် http://news.samsung.com သို့မဟုတ် http://www.samsung.com/mm/ တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။