Samsung TV ကို ခိုးတဲ့ သူခိုးကတော့ ဘာမှ သုံးစားလို့ မရတဲ့ TV ကိုပဲ ရမှာပါ။ Samsung က အခိုးခံရတဲ့ TV ကို အဝေးကနေ သုံးလို့ မရအောင်ပြုလုပ်နိုင်တယ်လို့ ကြေညာလိုက်ပါတယ်။ Samsung ဟာ တောင်အာဖရိကက ကုန်လှောင်ရုံကနေ TV တွေ အခိုးခံရပြီးနောက်မှာ အဲဒီ TV အားလုံးမှာ TV Block လို့ခေါ်တဲ့ လုပ်ဆောင်ချက်ကို Activate လုပ်မယ်လို့ ပြောပါတယ်။ အဲဒီ လုပ်ဆောင်ချက်က အမှန်အကန် ဝယ်ယူထားခြင်း မရှိဘဲ ခိုးယူထားတဲ့ TV တွေကို ထောက်လှမ်းနိုင်ပါတယ်။

Samsung quietly opened up its TV Plus streaming service to all

TV Block ကို Samsung TV ထုတ်ကုန် အားလုံးမှာ ကြိုတင်ထည့်သွင်းပေးထားတယ်လို့ Samsung က ပြောပါတယ်။ ရည်ရွယ်ချက်က TV တွေကို ခိုးယူပြီး ပြန်ရောင်းလို့ မရအောင် ဖြစ်ပါတယ်။ Samsung ရဲ့ TV Block လုပ်ဆောင်ချက် အလုပ်လုပ်ပုံကို လေ့လာကြည့်ရအောင်။

TV - HD, Full HD, Android, QLED 8K/4K Television | Samsung India

Samsung TV Block အလုပ်လုပ်ပုံ

သူခိုးက Set Up လုပ်ဖို့ TV ကို အင်တာနက်နဲ့ ချိတ်ဆက်တဲ့အခါမှာ Samsung ရဲ့ Server မှာ TV ရဲ့ Serial Number ကို စစ်ဆေးမှာ ဖြစ်ပါတယ်။ အဲဒါက Blocking System ကို အလုပ်လုပ်စေမှာ ဖြစ်ပြီး TV ရဲ့ Functions အားလုံးကို ပိတ်ပင်လိုက်မှာ ဖြစ်ပါတယ်။

တကယ်လို့ မှားယွင်း ပိတ်ပင်လိုက်မိရင် Samsung က အမှန်အကန် ဝယ်ယူထားတဲ့ အထောက်အထားပြသရင် Restore လုပ်ပေးမှာ ဖြစ်ပါတယ်။ အဲဒီ အထောက်အထားထဲမှာ TV License နဲ့ အရောင်းဆိုင်တို့ ပါဝင်ပါတယ်။

Samsung က ကမ္ဘာအဝန်းက TV တွေ အခိုးခံရရင် TV Block လုပ်ဆောင်နဲ့ သုံးလို့ မရအောင် ပြုလုပ်ပေးမလားဆိုတာ မသိရသေးပါဘူး။ (ဒီ‌‌လုပ်ဆောင်ချက်ဟာ Samsung ရဲ့ Smart TV တွေမှာပဲ အသုံးပြုနိုင်မယ်လို့ ယူဆရပါတယ်)

Ref : cnet