[Zawgyi]

Android Pie ကို စမတ္ဖုန္းအေတာ္မ်ားမ်ားမွာ အသုံးျပဳလို႔ရေနၿပီျဖစ္ေပမယ့္ ကိုရီးယားအေျခစိုက္ စမတ္ဖုန္းကုမၸဏီႀကီးကေတာ့ သူ႔ရဲ႕ထုတ္ကုန္ေတြမွာ သုံးစြဲဖို႔ မပံ့ပိုးႏိုင္ေသးဘူး ျဖစ္ေနပါတယ္။ ဒါေပမယ့္ အခုေတာ့ Samsung ဖုန္းေတြအတြက္ Android Pie Beta ရႏိုင္မယ့္ရက္ကို ဒီတစ္ပတ္ထဲမွာ ေၾကညာေပးသြားမယ္လို႔ ေျပာပါတယ္။

ဒါ့ျပင္ လာမယ့္ ႏိုဝင္ဘာလ ၇ ရက္ေန႔မွာ စတင္က်င္းပျပဳလုပ္မယ့္ Samsung Developer Conference မွာ တစ္စုံတစ္ခုကို ႀကီးႀကီးမားမား ဖြင့္လွစ္ျပသသြားႏိုင္ေျခရွိတယ္လို႔ ယူဆရပါတယ္။ အထူးသျဖင့္ Android 9 Pie ကို အေျခခံထားတဲ့ Galaxy UX ကို မိတ္ဆက္ျပသသြားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

ၿပီးခဲ့တဲ့ ရက္သတၱပတ္ ေတြတုန္းက Samsung Galaxy S9 မွာ အသုံးျပဳထားတဲ့ Galaxy UX 9.0 အေၾကာင္း ေပါက္ၾကားခဲ့ဖူးပါေသးတယ္။ ဒါေပမယ့္ ဒီတခါ တရားဝင္ထုတ္ေဖာ္ျပသမယ့္ Galaxy UX ဟာ ပုံစံအသစ္ ျဖစ္လာမွာ ေသခ်ာပါတယ္။ ျပဳျပင္ေျပာင္းလဲထားတဲ့ Feature ေတြလည္း ရွိေနမွာပါ။ ဒါေတြကို Developer Conference မွာ ျမင္ေတြ႕ရဖို႔ ေသခ်ာသေလာက္ ရွိေနပါၿပီ။

 

ဒါေၾကာင့္ Samsung User ေတြအေနနဲ႔ Beta Version အေၾကာင္း စိတ္ဝင္စားတယ္ဆိုရင္ေတာ့ Developer Conference ကို ေစာင့္ၾကည့္ဖို႔ လိုပါတယ္။ ပုံမွန္အားျဖင့္ေတာ့ Beta Version ေတြကို ေတာင္ကိုရီးယား၊ အေမရိကားနဲ႔ ယူေက တို႔မွာပဲထားရွိေလ့ ရွိပါတယ္။ ဒါေၾကာင့္ ဒီသုံးႏိုင္ငံမဟုတ္တဲ့ အျခားႏိုင္ငံေတြကေတာ့ သတင္းကိုပဲ ေစာင့္ၾကည့္ရဖြယ္ ရွိပါတယ္။

Android 9 Pie ကို အေျခခံထားတဲ့ Galaxy UX အသစ္မွာ Setting, Menu, Full Screen, Gesture အသစ္ေတြ ရရွိလာမယ့္အျပင္ Dark Theme ကိုလည္း ေထာက္ပံ့လာဦးမယ္လို႔ ၾကားသိရပါတယ္။ Samsung ဟာ ၿပီးခဲ့တဲ့ ရက္တုန္းက သူ႔ရဲ႕ Official Facebook Page မွာ Foldable Smartphone ကို ရည္ၫႊန္းတဲ့ Profile Picture အသစ္ကို ေျပာင္းလဲလႊင့္တင္ခဲ့ပါေသးတယ္။ ဒါေၾကာင့္ မၾကာခင္ရက္ပိုင္းအတြင္း က်င္းပမယ့္ Samsung Developer Conference မွာ သတင္းေကာင္းေတြ အမ်ားႀကီး ၾကားသိရမယ္လို႔ ယူဆမိပါတယ္။

Ref: gsmarena

 

[Unicode]

Android Pie ကို စမတ်ဖုန်းအတော်များများမှာ အသုံးပြုလို့ရနေပြီဖြစ်ပေမယ့် ကိုရီးယားအခြေစိုက် စမတ်ဖုန်းကုမ္ပဏီကြီးကတော့ သူ့ရဲ့ထုတ်ကုန်တွေမှာ သုံးစွဲဖို့ မပံ့ပိုးနိုင်သေးဘူး ဖြစ်နေပါတယ်။ ဒါပေမယ့် အခုတော့ Samsung ဖုန်းတွေအတွက် Android Pie Beta ရနိုင်မယ့်ရက်ကို ဒီတစ်ပတ်ထဲမှာ ကြေညာပေးသွားမယ်လို့ ပြောပါတယ်။

ဒါ့ပြင် လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့မှာ စတင်ကျင်းပပြုလုပ်မယ့် Samsung Developer Conference မှာ တစ်စုံတစ်ခုကို ကြီးကြီးမားမား ဖွင့်လှစ်ပြသသွားနိုင်ခြေရှိတယ်လို့ ယူဆရပါတယ်။ အထူးသဖြင့် Android 9 Pie ကို အခြေခံထားတဲ့ Galaxy UX ကို မိတ်ဆက်ပြသသွားမယ်လို့ မျှော်လင့်ရပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ် တွေတုန်းက Samsung Galaxy S9 မှာ အသုံးပြုထားတဲ့ Galaxy UX 9.0 အကြောင်း ပေါက်ကြားခဲ့ဖူးပါသေးတယ်။ ဒါပေမယ့် ဒီတခါ တရားဝင်ထုတ်ဖော်ပြသမယ့် Galaxy UX ဟာ ပုံစံအသစ် ဖြစ်လာမှာ သေချာပါတယ်။ ပြုပြင်ပြောင်းလဲထားတဲ့ Feature တွေလည်း ရှိနေမှာပါ။ ဒါတွေကို Developer Conference မှာ မြင်တွေ့ရဖို့ သေချာသလောက် ရှိနေပါပြီ။

ဒါကြောင့် Samsung User တွေအနေနဲ့ Beta Version အကြောင်း စိတ်ဝင်စားတယ်ဆိုရင်တော့ Developer Conference ကို စောင့်ကြည့်ဖို့ လိုပါတယ်။ ပုံမှန်အားဖြင့်တော့ Beta Version တွေကို တောင်ကိုရီးယား၊ အမေရိကားနဲ့ ယူကေ တို့မှာပဲထားရှိလေ့ ရှိပါတယ်။ ဒါကြောင့် ဒီသုံးနိုင်ငံမဟုတ်တဲ့ အခြားနိုင်ငံတွေကတော့ သတင်းကိုပဲ စောင့်ကြည့်ရဖွယ် ရှိပါတယ်။

Android 9 Pie ကို အခြေခံထားတဲ့ Galaxy UX အသစ်မှာ Setting, Menu, Full Screen, Gesture အသစ်တွေ ရရှိလာမယ့်အပြင် Dark Theme ကိုလည်း ထောက်ပံ့လာဦးမယ်လို့ ကြားသိရပါတယ်။ Samsung ဟာ ပြီးခဲ့တဲ့ ရက်တုန်းက သူ့ရဲ့ Official Facebook Page မှာ Foldable Smartphone ကို ရည်ညွှန်းတဲ့ Profile Picture အသစ်ကို ပြောင်းလဲလွှင့်တင်ခဲ့ပါသေးတယ်။ ဒါကြောင့် မကြာခင်ရက်ပိုင်းအတွင်း ကျင်းပမယ့် Samsung Developer Conference မှာ သတင်းကောင်းတွေ အများကြီး ကြားသိရမယ်လို့ ယူဆမိပါတယ်။

Ref: gsmarena