Samsung ဟာ Cryptocurrency platform တစ်ခုလုပ်ဖို့အတွက် စဉ်းစားနေတယ်လို့ သိရပါတယ်။ တောင်ကိုရီးယား မီဒီယာရဲ့ ဖော်ပြချက်အရ ကုမ္ပဏီအမြောက်အများကလည်း ပူးပေါင်းလိုကြပြီး Virtual asset exchanges အတွက် လိုင်စင်လျှောက်ထားကြတယ်လို့ သိရပါတယ်။

တောင်ကိုရီးယားသတင်းစာ NewsPim ရဲ့ ဖော်ပြချက်အရ Samsung ဟာ မကြာသေးခင်က ငွေကြေးဆိုင်ရာ အာဏာပိုင်တွေဆီကနေ သင့်လျော်တဲ့ လဲလှယ်မှုအတွက် လိုင်စင်ရယူဖို့ ကြိုးပမ်းလာတဲ့ နိုင်ငံတွင်းကုမ္ပဏီများစွာထဲက တစ်ခုဖြစ်လာတယ်လို့ သိရပါတယ်။

Samsung အနေနဲ့ Virtual currency ကုမ္ပဏီကို ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်မှာ မိတ်ဆက်ဖို့စီစဉ်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ Samsung Securities Co., Ltd ကို အသုံးပြုပြီး ငွေကြေးဝန်ဆောင်မှုကုမ္ပဏီတစ်ခုနဲ့ ပိုပြီးကြီးမားတဲ့ Samsung Group ရဲ့ လုပ်ငန်းခွဲတွေကို ရယူနိုင်ဖို့အတွက် လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။

Samsung ရဲ့ Crypto platform နဲ့ပတ်သက်တဲ့ အခြား အသေးစိတ်အချက်အလက်တွေကို မသိရသေးသလို ကုမ္ပဏီဘက်ကလည်း ဒီသတင်းနဲ့ပတ်သက်ပြီး မှတ်ချက်တစ်စုံတရာ ပေးလာခြင်းလည်း မရှိသေးပါဘူး။ ဒါပေမဲ့ Samsung ရဲ့ လက်ရှိ Cryptocurrency ကို ဦးတည်မှုဟာ ပထမဆုံးတော့ မဟုတ်ပါဘူး။

တောင်ကိုရီးယားကုမ္ပဏီကြီးဟာ Galaxy စမတ်ဖုန်းအချို့ကို bitcoin BTCUSD နဲ့ Ethereum ETHUSD အပါအဝင် Virtual assets တွေကို ထောက်ပံ့ပေးဖို့အတွက် Blockchain wallet function ကို ပေးခဲ့ပါတယ်။

Ref: Market Watch