Samsung ဟာ ယခင်တုန်းက Galaxy S10 Series လိုမျိုး Flagship ဖုန်းတွေမှာ Cooling အတွက် Vapor Chamber Cooling စနစ်ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ အသုံးပြုခြင်းမရှိတော့ဘဲ နောက်ဆုံးထွက်ရှိထားတဲ့ Galaxy S21 Series ဖုန်းတွေမှာဆိုရင် ပါဝင်ခြင်းမရှိတော့ပါဘူး။

ဒါပေမယ့်လည်း အခုနောက်ဆုံးအနေနဲ့ Digitimes ကနေ ဖော်ပြချက်အရ Samsung ဟာ လာမယ့် ၂၀၂၂ ခုနှစ်မှာ မိတ်ဆက်လာမယ့် စမတ်ဖုန်းတွေမှာ Vapor Chamber Cooling စနစ်ကို ပြန်လည်အသုံးပြုလာမယ်လို့ သိရပါတယ်။ ဒီလိုမျိုး အသုံးပြုလာတာကလည်း 5G Network ကို Support ပြုလုပ်တဲ့အပြင် Chipset တွေကလည်း ပိုပြီးမြန်ဆန်လာတာကြောင့်ဖြစ်ပါတယ်။

Vapor Chamber Cooling စနစ်ကတော့ ပုံမှန်အားဖြင့် Gaming Laptop တွေမှာ အသုံးပြုနေကြ နည်းပညာတစ်ခုဖြစ်ပြီး Liquid အထဲမှာပါဝင်တဲ့ Flat Vacuum-sealed Metal Canister အဓိကပါဝင်မှာဖြစ်ပါတယ်။ အဆိုပါ Liquid ဟာ အပူကို Gas အဖြစ်ကူးပြောင်းသွားစေပြီးတော့ ပြန်အေးသွားအောင် Secondary Channel ထဲကို ပြောင်းရွှေ့ပြီး Liquid အနေနဲ့ပြန်လည်ပြောင်းလဲစေမှာပါ။ ပုံမှန်အားဖြင့် ဒီလိုမျိုး Vapor Chamber Cooling စနစ်က သာမန် Heat Pipe တွေကို အသုံးပြုတာထက်ပိုပြီး အပူကိုလျှင်မြန်စွာလျော့ကျစေမှာဖြစ်ပါတယ်။

Samsung ဟာ အခုလိုမျိုး Vapor Chamber Cooling စနစ်ကို အသုံးပြုလာတာက ဖြစ်နိုင်ခြေများနေတာကတော့ လာမယ့်နှစ်မှာ AMD Radeon GPU တွေကိုပါ Exynos Chipset မှာထည့်သွင်းလာမယ့်အတွက်ကြောင့်ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး ပိုကောင်းတဲ့ Cooling စနစ်ကို အသုံးပြုလာတာက တကယ့်စွမ်းဆောင်ရည်ပိုင်းမှာပါ ပိုကောင်းလာနိုင်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Android Authority