ကမ္ဘာ့စီးပွားရေးကျဆင်းမှုဟာ စက်မှုလုပ်ငန်းအများစုမှာ ထုတ်ကုန်ဝယ်လိုအားကျဆင်းမှုကိုလည်း ဖြစ်ပေါ်စေပါတယ်။ Samsung လို ကုမ္ပဏီတွေကတော့ ဖြစ်ပေါ်နေတဲ့အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နေပါတယ်။

ကုမ္ပဏီဟာ စမတ်ဖုန်းထုတ်လုပ်မှုကို သိသိသာသာလျှော့ချလိုက်ပြီဖြစ်ကြောင်း သတင်းတွေထွက်ပေါ်နှင့်ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ လုပ်ငန်းရဲ့ အခြားအစိတ်အပိုင်းတွေမှာလည်း အလားတူဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ သတင်းသစ်တစ်ခုအရ Samsung ဟာ သူ့ရဲ့ TV နဲ့ အိမ်သုံးပစ္စည်းထုတ်လုပ်မှုတွေကို လျှော့ချနေပြီဖြစ်ကြောင်း သိရပါတယ်။

ကိုရီးယားအခြေစိုက် ထုတ်လုပ်မှုနယ်ပယ်တွင်းကလာတဲ့သတင်းတွေအရ Samsung ဟာ ခက်ခဲကြမ်းတမ်းတဲ့ ကမ္ဘာ့စီးပွားရေ:အခြေအနေတွေကြောင့် စားသုံးသူဝယ်လိုအားနှေးကွေးသွားတဲ့အတွက် အခုလိုပြုပြင်ပြောင်းလဲမှုတွေကို မဖြစ်မနေလုပ်ရတော့မှာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ရုရှား−ယူကရိန်း ပဋိပက္ခကြောင့် မသေချမရေရာမှုတွေဖြစ်ပေါ်လာပြီး ကြီးမားတဲ့ဖိအားတွေကိုလည်း ဖြစ်ပေါ်လာစေပါတယ်။ ဈေးကွက်သုတေသနပြုချက်တွေအရ Samsung ရဲ့ စာရင်းပြန်သွင်းမှုဟာ ဒီနှစ် ဒုတိယသုံးလပတ်မှာ ၄၉ ကြာတယ်လို့ ဖော်ပြထားပါတယ်။ စာရင်းပြန်သွင်းချိန်ဟာ စတော့မှာရှိတဲ့ ကုန်ပစ္စည်းတွေကို ဖောက်သည်တွေဆီရောင်းချဖို့အတွက် အသုံးပြုရတဲ့ ရက်အရေအတွက် ဖြစ်ပါတယ်။

ကုန်ပစ္စည်းစာရင်းလည်ပတ်မှုတိုတောင်းရင် ထုတ်လုပ်သူရဲ့ ကုန်ကျစရိတ်ဝန်ထုတ်ဝန်ပိုးလည်း လျော့ကျပါတယ်။ ကိန်းဂဏန်းတွေအရ Samsung ရဲ့ အဆိုပါထုတ်ကုန်တွေဟာ အရင်ကထက် ရောင်းအားအလွန်နှေးကွေးကြောင်းပြသနေပါတယ်။ မကြာခင်ကထွက်ထားတဲ့အစီရင်ခံစာအရ Samsung ဟာ မရောင်းချရသေးတဲ့ စမတ်ဖုန်းအလုံးရေ သန်း ၅၀ အထိရှိတယ်လို့ သိရပါတယ်။

ကုမ္ပဏီဟာ ၂၀၂၂ ခုနှစ်အတွက် ဖုန်းထုတ်လုပ်မှုကို အလုံးရေ သန်း ၃၀ လျော့ချထားနှင့်ပြီး ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ ကမ္ဘာ့စီးပွားရေးဟာ အကောင်းဘက်ကိုမရောင်ခင်စပ်ကြားမှာ အခုထက်ပိုပြီးဆိုးရွားလာမယ်လို့ ခန့်မှန်းနေကြတာဖြစ်ပါတယ်။

Ref: sammobile