[Zawgyi]

Samsung ဟာ တ႐ုတ္ႏိုင္ငံ Huizhou မွာရွိေနတဲ့ သူ႔ရဲ႕တစ္ခုတည္းေသာ စမတ္ဖုန္းထုတ္လုပ္မႈစက္႐ုံကို ထုတ္လုပ္မႈေတြ ေလွ်ာ့ခ်လိုက္တယ္လို႔ သိရပါတယ္။ ဒီမတိုင္မီ ၂၀၁၈ ၾသဂုတ္လတုန္းကလည္း Samsung ဟာ Tianjin မွာရွိတဲ့ စက္႐ုံကို ရပ္ဆိုင္းခဲ့ပါေသးတယ္။

႐ိုက္တာသတင္းဌာနရဲ႕ ေဖာ္ျပမႈအရ Samsung အခုလို ျပဳလုပ္လိုက္ျခင္းအေၾကာင္းရင္းဟာ ျပည္တြင္းစမတ္ဖုန္းထုတ္လုပ္သူေတြရဲ႕ ယွဥ္ၿပိဳင္မႈေၾကာင့္ ၅ ႏွစ္တာကာလအတြင္း ေဈးကြက္ေဝစုေတြ ၂၀ ရာခိုင္ႏႈန္းကေန ၁ ရာခိုင္ႏႈန္းေအာက္ ေလ်ာ့နည္းလာလို႔ျဖစ္ေၾကာင္း သိရပါတယ္။

Samsung ရဲ႕ စမတ္ဖုန္းေရာင္းအားဟာ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္ကနဲ႔ႏႈိင္းယွဥ္ရင္ သိပ္ၿပီးအထင္ႀကီးစရာေရာင္းအားကို မရေတာ့ဘူးဆိုေပမယ့္ ၂၀၁၉ ရဲ႕ ပထမသုံးလပတ္မွာေတာ့ ေရာင္းခ်ရမႈဟာ ၄၀ ရာခိုင္ႏႈန္းေလာက္ ျပန္တက္လာတယ္လို႔ သိရပါတယ္။ ဒါေပမယ့္လည္း အခုေလာက္ထိေရာင္းအားတက္လာတာက လုံေလာက္တဲ့ေရာင္းအားမဟုတ္ေသးသလို၊ ထုတ္လုပ္မႈေလွ်ာ့ခ်တဲ့ ပမာဏကလည္း မလုံေလာက္ေသးဘူးလို႔ Samsung က ယူဆေနပါတယ္။

ဘ႑ာေရးဆိုင္ရာ မဂၢဇင္း Caixin ကေတာ့ Samsung ဟာ အေစာပိုင္းကတည္းက Huizhou စက္႐ုံမွာရွိတဲ့ ဝန္ထမ္းေတြကို မိမိတို႔သေဘာအေလ်ာက္ အလုပ္ထြက္သြားဖို႔ ေတာင္းဆိုထားတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ တ႐ုတ္မွာရွိတဲ့ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးကေတာ့ “ကုမၸဏီအေနနဲ႔ ဝန္ထမ္းေတြနဲ႔ ထုတ္လုပ္မႈပမာဏကို ခ်ိန္ညႇိသြားမယ္” လို႔ ႐ိုက္တာသတင္းဌာနကို ေျပာခဲ့ပါတယ္။

ဒါေပမယ့္လည္း တ႐ုတ္မီဒီယာတစ္ခုျဖစ္တဲ့ MyDrivers ကေတာ့ စက္႐ုံရဲ႕တရားဝင္ေျပာဆိုခ်က္မွာ “ထုတ္လုပ္မႈနဲ႔စီမံခန႔္ခြဲမႈေတြက ပုံမွန္အတိုင္းသာျဖစ္တယ္” လို႔ ဆိုေၾကာင္း ေရးသားေဖာ္ျပခဲ့ပါေသးတယ္။ ဒါေပမယ့္ ေဒသတြင္းသတင္းရင္းျမစ္ေတြကေတာ့ စက္႐ုံဟာ လာမယ့္ စက္တင္ဘာလေလာက္မွာ ပိတ္သိမ္းသြားဖြယ္ရွိတယ္လို႔ ခန႔္မွန္းေနၾကပါတယ္။

Samsung ဟာ လက္ရွိအခ်ိန္မွာ တ႐ုတ္ႏိုင္ငံတြင္းက စက္႐ုံေတြကိုအားထားၿပီး ထုတ္လုပ္ျခင္းကေန ဗီယက္နမ္နဲ႔ အိႏၵိယတို႔မွာပိုၿပီး အေျခခ်ဖို႔ ႀကိဳးစားေနတာလည္း ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

တရုတ်နိုင်ငံတွင်းမှာ စမတ်ဖုန်းထုတ်လုပ်ခြင်းကို ဖြတ်တောက်နေတဲ့ Samsung

Samsung ဟာ တရုတ်နိုင်ငံ Huizhou မှာရှိနေတဲ့ သူ့ရဲ့တစ်ခုတည်းသော စမတ်ဖုန်းထုတ်လုပ်မှုစက်ရုံကို ထုတ်လုပ်မှုတွေ လျှော့ချလိုက်တယ်လို့ သိရပါတယ်။ ဒီမတိုင်မီ ၂၀၁၈ သြဂုတ်လတုန်းကလည်း Samsung ဟာ Tianjin မှာရှိတဲ့ စက်ရုံကို ရပ်ဆိုင်းခဲ့ပါသေးတယ်။

ရိုက်တာသတင်းဌာနရဲ့ ဖော်ပြမှုအရ Samsung အခုလို ပြုလုပ်လိုက်ခြင်းအကြောင်းရင်းဟာ ပြည်တွင်းစမတ်ဖုန်းထုတ်လုပ်သူတွေရဲ့ ယှဉ်ပြိုင်မှုကြောင့် ၅ နှစ်တာကာလအတွင်း ဈေးကွက်ဝေစုတွေ ၂၀ ရာခိုင်နှုန်းကနေ ၁ ရာခိုင်နှုန်းအောက် လျော့နည်းလာလို့ဖြစ်ကြောင်း သိရပါတယ်။

Samsung ရဲ့ စမတ်ဖုန်းရောင်းအားဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကနဲ့နှိုင်းယှဉ်ရင် သိပ်ပြီးအထင်ကြီးစရာရောင်းအားကို မရတော့ဘူးဆိုပေမယ့် ၂၀၁၉ ရဲ့ ပထမသုံးလပတ်မှာတော့ ရောင်းချရမှုဟာ ၄၀ ရာခိုင်နှုန်းလောက် ပြန်တက်လာတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အခုလောက်ထိရောင်းအားတက်လာတာက လုံလောက်တဲ့ရောင်းအားမဟုတ်သေးသလို၊ ထုတ်လုပ်မှုလျှော့ချတဲ့ ပမာဏကလည်း မလုံလောက်သေးဘူးလို့ Samsung က ယူဆနေပါတယ်။

ဘဏ္ဍာရေးဆိုင်ရာ မဂ္ဂဇင်း Caixin ကတော့ Samsung ဟာ အစောပိုင်းကတည်းက Huizhou စက်ရုံမှာရှိတဲ့ ဝန်ထမ်းတွေကို မိမိတို့သဘောအလျောက် အလုပ်ထွက်သွားဖို့ တောင်းဆိုထားတယ်လို့ ဖော်ပြခဲ့ပါတယ်။ တရုတ်မှာရှိတဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ “ကုမ္ပဏီအနေနဲ့ ဝန်ထမ်းတွေနဲ့ ထုတ်လုပ်မှုပမာဏကို ချိန်ညှိသွားမယ်” လို့ ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း တရုတ်မီဒီယာတစ်ခုဖြစ်တဲ့ MyDrivers ကတော့ စက်ရုံရဲ့တရားဝင်ပြောဆိုချက်မှာ “ထုတ်လုပ်မှုနဲ့စီမံခန့်ခွဲမှုတွေက ပုံမှန်အတိုင်းသာဖြစ်တယ်” လို့ ဆိုကြောင်း ရေးသားဖော်ပြခဲ့ပါသေးတယ်။ ဒါပေမယ့် ဒေသတွင်းသတင်းရင်းမြစ်တွေကတော့ စက်ရုံဟာ လာမယ့် စက်တင်ဘာလလောက်မှာ ပိတ်သိမ်းသွားဖွယ်ရှိတယ်လို့ ခန့်မှန်းနေကြပါတယ်။

Samsung ဟာ လက်ရှိအချိန်မှာ တရုတ်နိုင်ငံတွင်းက စက်ရုံတွေကိုအားထားပြီး ထုတ်လုပ်ခြင်းကနေ ဗီယက်နမ်နဲ့ အိန္ဒိယတို့မှာပိုပြီး အခြေချဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

Ref: GSMArena