Zawgyi

တကယ္ေတာ့ Samsung ရဲ႕ပထမဆုံး Foldable စမတ္ဖုန္း Galaxy Fold ဟာ မၾကာခင္ေစ်းကြက္ထဲကို ဝင္ေရာက္လာဖို႔ အသင့္ျဖစ္ေနခဲ့တာပါ။ ဒါေပမယ့္ နည္းပညာကၽြမ္းက်င္သူေတြကို ၾကိဳတင္သုံးၾကည့္ဖို႔ ေပးပို႔ခဲ့တဲ့ နမူနာဟန္းဆက္ေတြမွာ ျပႆနာေတြရွိခဲ့တာေၾကာင့္ ေစ်းကြက္ထဲျဖန္႔ခ်ိလုဆဲ Galaxy Fold ေတြကို ျပန္သိမ္းၿပီး ထြက္ရွိရက္အား ေနာက္ေရႊ႕ပစ္ဖို႔ Samsung ကုမၸဏီက ဆုံးျဖတ္လိုက္ပါၿပီ။

Samsung ဟာ သူတုိ႔ရဲ႕ Galaxy Fold ေတြကို လက္ရွိျပႆနာမ်ားအား ျပန္လည္စိစစ္ျပင္ဆင္ၿပီးမွသာ ျဖန္႔ခ်ိေရာင္းခ်မယ့္ရက္ကို အသစ္ျပန္ေၾကျငာေတာ့မွာျဖစ္ပါတယ္။ ဒါေပမယ့္ ေလာေလာဆယ္ေတာ့ Galaxy Fold စမတ္ဖုန္းေတြဟာ အကန္႔အသတ္မရွိ ေရႊ႕ဆုိင္းခံလိုက္ရၿပီလို႔ ဆုိရမွာပါ။

Galaxy Fold စမတ္ဖုန္းေတြကို ၾကိဳတင္မွာယူထားတဲ့သူေတြဆီကိုလည္း ကုမၸဏီက အီးေမးလ္ေတြ ေပးပို႔အသိေပးလ်က္ရွိၿပီး လက္ရွိမွာ “တုိးတက္မႈရွိေနၿပီး” ေနာက္ထပ္တင္ပို႔မယ့္ရက္ကို “လာမယ့္ရက္သတၱပတ္ အနည္းငယ္အတြင္း” ျပန္လည္အေၾကာင္းၾကားသြားမယ္လို႔ ပါဝင္ပါတယ္။

ကုမၸဏီက အခုလကုန္မတုိင္ခင္ ဖုန္းေတြကို မတင္ပို႔ႏုိင္ခဲ့ရင္ သုိ႔မဟုတ္ မွာယူထားသူေတြက ေအာ္ဒါကို မဖ်က္ဖို႔ ေတာင္းဆုိမႈ မလုပ္ခဲ့ရင္ေတာ့ ဒီလကုန္မွာ အၾကိဳအမွာစာေတြ အလိုလုိပ်က္ပ်ယ္သြားမွာလဲ ျဖစ္ပါတယ္။ ဒါေပမယ့္ အခုပုံအတုိင္းဆုိရင္ ကုမၸဏီက ေန႔ခ်င္းညခ်င္းေတာ့ အခ်ိန္မီျပဳျပင္ႏုိင္ဖို႔ မလြယ္ပါဘူး။

တကယ္လို႔သာ သင္ဟာ Galaxy Fold တစ္လုံးကို မွာယူထားတယ္ဆုိရင္ တင္ပုိ႔မႈ မစတင္ခင္ အမွာစာကို ဖ်က္သိမ္းလို႔ရေနပါၿပီ။ ဆမ္ေဆာင္းဟာ ေဒၚလာ ၁,၉၈၀ တန္ ဖုန္းကို ေပးပို႔ၿပီးမွသာ ေငြျဖတ္တာျဖစ္တဲ့အတြက္ အခုခ်ိန္မွာ ဖ်က္သိမ္းလို႔ နစ္နာစရာမရွိပါဘူး။ ဒါ့အျပင္ တကယ္တမ္းတင္ပို႔လာရင္ေတာင္ တျခားလူေတြရဲ႕ အျမင္ကို ေစာင့္ဖတ္ၿပီးမွ ဝယ္ယူသင့္တဲ့ ပုံစံပါပဲ။

Ref – GSM Arena

Unicode

တကယ်တော့ Samsung ရဲ့ပထမဆုံး Foldable စမတ်ဖုန်း Galaxy Fold ဟာ မကြာခင်ဈေးကွက်ထဲကို ဝင်ရောက်လာဖို့ အသင့်ဖြစ်နေခဲ့တာပါ။ ဒါပေမယ့် နည်းပညာကျွမ်းကျင်သူတွေကို ကြိုတင်သုံးကြည့်ဖို့ ပေးပို့ခဲ့တဲ့ နမူနာဟန်းဆက်တွေမှာ ပြဿနာတွေရှိခဲ့တာကြောင့် ဈေးကွက်ထဲဖြန့်ချိလုဆဲ Galaxy Fold တွေကို ပြန်သိမ်းပြီး ထွက်ရှိရက်အား နောက်ရွှေ့ပစ်ဖို့ Samsung ကုမ္ပဏီက ဆုံးဖြတ်လိုက်ပါပြီ။

Samsung ဟာ သူတို့ရဲ့ Galaxy Fold တွေကို လက်ရှိပြဿနာများအား ပြန်လည်စိစစ်ပြင်ဆင်ပြီးမှသာ ဖြန့်ချိရောင်းချမယ့်ရက်ကို အသစ်ပြန်ကြေငြာတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆယ်တော့ Galaxy Fold စမတ်ဖုန်းတွေဟာ အကန့်အသတ်မရှိ ရွှေ့ဆိုင်းခံလိုက်ရပြီလို့ ဆိုရမှာပါ။

Galaxy Fold စမတ်ဖုန်းတွေကို ကြိုတင်မှာယူထားတဲ့သူတွေဆီကိုလည်း ကုမ္ပဏီက အီးမေးလ်တွေ ပေးပို့အသိပေးလျက်ရှိပြီး လက်ရှိမှာ “တိုးတက်မှုရှိနေပြီး” နောက်ထပ်တင်ပို့မယ့်ရက်ကို “လာမယ့်ရက်သတ္တပတ် အနည်းငယ်အတွင်း” ပြန်လည်အကြောင်းကြားသွားမယ်လို့ ပါဝင်ပါတယ်။

ကုမ္ပဏီက အခုလကုန်မတိုင်ခင် ဖုန်းတွေကို မတင်ပို့နိုင်ခဲ့ရင် သို့မဟုတ် မှာယူထားသူတွေက အော်ဒါကို မဖျက်ဖို့ တောင်းဆိုမှု မလုပ်ခဲ့ရင်တော့ ဒီလကုန်မှာ အကြိုအမှာစာတွေ အလိုလိုပျက်ပျယ်သွားမှာလဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခုပုံအတိုင်းဆိုရင် ကုမ္ပဏီက နေ့ချင်းညချင်းတော့ အချိန်မီပြုပြင်နိုင်ဖို့ မလွယ်ပါဘူး။

တကယ်လို့သာ သင်ဟာ Galaxy Fold တစ်လုံးကို မှာယူထားတယ်ဆိုရင် တင်ပို့မှု မစတင်ခင် အမှာစာကို ဖျက်သိမ်းလို့ရနေပါပြီ။ ဆမ်ဆောင်းဟာ ဒေါ်လာ ၁,၉၈၀ တန် ဖုန်းကို ပေးပို့ပြီးမှသာ ငွေဖြတ်တာဖြစ်တဲ့အတွက် အခုချိန်မှာ ဖျက်သိမ်းလို့ နစ်နာစရာမရှိပါဘူး။ ဒါ့အပြင် တကယ်တမ်းတင်ပို့လာရင်တောင် တခြားလူတွေရဲ့ အမြင်ကို စောင့်ဖတ်ပြီးမှ ဝယ်ယူသင့်တဲ့ ပုံစံပါပဲ။

Ref – GSM Arena