[Zawgyi]

Review လုပ္ဖို႔ ျဖန႔္လိုက္တဲ့ Galaxy Fold ေတြမွာ မ်က္ႏွာျပင္ ေခါက္႐ိုးေၾကာင္း ပ်က္စီးမႈျပႆနာနဲ႔ ႀကဳံေတြ႕ခဲ့ရၿပီးေနာက္ Samsung ဟာ တ႐ုတ္ႏိုင္ငံမွာ ေရာင္းခ်ဖို႔ မူလသတ္မွတ္ထားတဲ့ အစီအစဥ္ကို ေ႐ႊ႕ဆိုင္းခဲ့ရပါတယ္။ Review ျပဳလုပ္သူအခ်ိဳ႕က အေပၚယံ Plastic Polyimide Film ကို ဖယ္ရွားခဲ့တဲ့ ျပႆနာဆိုေပမယ့္ Samsung အတြက္ေတာ့ မျဖစ္မေန ေျဖရွင္းရမွာပါ။

အေစာပိုင္း ထြက္ေပၚလာတဲ့ သတင္းေတြအရ အျခားဥေရာပႏိုင္ငံေဈးကြက္ေတြမွာ မူလ သတ္မွတ္ထားတဲ့ရက္ကို ေ႐ႊ႕ဆိုင္းျခင္းမျပဳဘူးလို႔ သိရေပမယ့္ အခုေတာ့ အေမရိကန္မွာ မိတ္ဆက္မယ့္ရက္ကို ေ႐ႊ႕ဆိုင္းလိုက္ပါၿပီ။ ဧၿပီလ ၂၆ ရက္ေန႔မွာ ျပဳလုပ္မယ့္ အေမရိကန္ေဈးကြက္တြင္း မိတ္ဆက္ပြဲကို ေ႐ႊ႕ဆိုင္းလိုက္ေၾကာင္း Samsung က အတည္ျပဳ ေျပာဆိုခဲ့ပါတယ္။

“ၿပီးခဲ့တဲ့ တစ္ပါတ္က Samsung ဟာ Galaxy Fold ပထမဆုံး Unit ေတြကို အေမရိကန္က Reviewer ေတြဆီေပးပို႔ခဲ့ေၾကာင္း၊ Reviewer အမ်ားစုက သူတို႔ရဲ႕ အေတြ႕အႀကဳံေတြကို မွ်ေဝေပးခဲ့ၾကၿပီး အခ်ိဳ႕မွာေတာ့ မ်က္ႏွာျပင္နဲ႔ ပတ္သက္တဲ့ ျပႆနာအခ်ိဳ႕ ႀကဳံေတြ႕ခဲ့ရေၾကာင္း။ Samsung အေနနဲ႔ အသုံးျပဳသူေတြကို အေကာင္းဆုံး အေတြ႕အႀကဳံရရွိေစလိုတာေၾကာင့္ Galaxy Fold ျဖန႔္ခ်ိဖို႔ မူလသတ္မွတ္ထားတဲ့ ရက္ကို ေ႐ႊ႕ဆိုင္းမယ္လို႔ ဆုံးျဖတ္ခဲ့ေၾကာင္း” Samsung က ထုတ္ျပန္ခဲ့ပါတယ္။

Samsung ဟာ Pre-Order မွာယူထားသူေတြကိုလည္း ျပန္ဖ်က္ခြင့္ေပးခဲ့ၿပီး ျပဳျပင္ထားတဲ့ Unit အသစ္ေတြကို လာမယ့္ ႏွစ္ပါတ္အတြင္း သက္ဆိုင္ရာ ေဈးကြက္ေတြဆီ ပို႔ေဆာင္ႏိုင္ဖို႔ လုပ္ေဆာင္ေနေၾကာင္းလည္း သိရပါတယ္။ အေပၚယံ Plastic Polyimide Film ကို ဖယ္ရွားျခင္းမျပဳဖို႔ သတိေပးထားတာကို Reviewer အခ်ိဳ႕က သတိမျပဳမိဘဲ ဖယ္ရွားခဲ့တာဆိုေပမယ့္ ဒီကိစၥဟာ Galaxy Fold ရဲ႕ အဓိက အားနည္းခ်က္ႀကီး တစ္ခုအျဖစ္ သတ္မွတ္ျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။

Ref: Phone Arena

[Unicode]

အမေရိကန်မှာ ဖြန့်ချိမယ့်ရက်ကို တစ်လနီးပါး နောက်ဆုတ်ဖွယ်ရှိတဲ့ Galaxy Fold

Review လုပ်ဖို့ ဖြန့်လိုက်တဲ့ Galaxy Fold တွေမှာ မျက်နှာပြင် ခေါက်ရိုးကြောင်း ပျက်စီးမှုပြဿနာနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် Samsung ဟာ တရုတ်နိုင်ငံမှာ ရောင်းချဖို့ မူလသတ်မှတ်ထားတဲ့ အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ Review ပြုလုပ်သူအချို့က အပေါ်ယံ Plastic Polyimide Film ကို ဖယ်ရှားခဲ့တဲ့ ပြဿနာဆိုပေမယ့် Samsung အတွက်တော့ မဖြစ်မနေ ဖြေရှင်းရမှာပါ။

အစောပိုင်း ထွက်ပေါ်လာတဲ့ သတင်းတွေအရ အခြားဥရောပနိုင်ငံဈေးကွက်တွေမှာ မူလ သတ်မှတ်ထားတဲ့ရက်ကို ရွှေ့ဆိုင်းခြင်းမပြုဘူးလို့ သိရပေမယ့် အခုတော့ အမေရိကန်မှာ မိတ်ဆက်မယ့်ရက်ကို ရွှေ့ဆိုင်းလိုက်ပါပြီ။ ဧပြီလ ၂၆ ရက်နေ့မှာ ပြုလုပ်မယ့် အမေရိကန်ဈေးကွက်တွင်း မိတ်ဆက်ပွဲကို ရွှေ့ဆိုင်းလိုက်ကြောင်း Samsung က အတည်ပြု ပြောဆိုခဲ့ပါတယ်။

“ပြီးခဲ့တဲ့ တစ်ပါတ်က Samsung ဟာ Galaxy Fold ပထမဆုံး Unit တွေကို အမေရိကန်က Reviewer တွေဆီပေးပို့ခဲ့ကြောင်း၊ Reviewer အများစုက သူတို့ရဲ့ အတွေ့အကြုံတွေကို မျှဝေပေးခဲ့ကြပြီး အချို့မှာတော့ မျက်နှာပြင်နဲ့ ပတ်သက်တဲ့ ပြဿနာအချို့ ကြုံတွေ့ခဲ့ရကြောင်း။ Samsung အနေနဲ့ အသုံးပြုသူတွေကို အကောင်းဆုံး အတွေ့အကြုံရရှိစေလိုတာကြောင့် Galaxy Fold ဖြန့်ချိဖို့ မူလသတ်မှတ်ထားတဲ့ ရက်ကို ရွှေ့ဆိုင်းမယ်လို့ ဆုံးဖြတ်ခဲ့ကြောင်း” Samsung က ထုတ်ပြန်ခဲ့ပါတယ်။

Samsung ဟာ Pre-Order မှာယူထားသူတွေကိုလည်း ပြန်ဖျက်ခွင့်ပေးခဲ့ပြီး ပြုပြင်ထားတဲ့ Unit အသစ်တွေကို လာမယ့် နှစ်ပါတ်အတွင်း သက်ဆိုင်ရာ ဈေးကွက်တွေဆီ ပို့ဆောင်နိုင်ဖို့ လုပ်ဆောင်နေကြောင်းလည်း သိရပါတယ်။ အပေါ်ယံ Plastic Polyimide Film ကို ဖယ်ရှားခြင်းမပြုဖို့ သတိပေးထားတာကို Reviewer အချို့က သတိမပြုမိဘဲ ဖယ်ရှားခဲ့တာဆိုပေမယ့် ဒီကိစ္စဟာ Galaxy Fold ရဲ့ အဓိက အားနည်းချက်ကြီး တစ်ခုအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

Ref: Phone Arena