Samsung က NFT လေလံ ဝက်ဘ်ဆိုက် Nifty Gateway နဲ့ ပူးပေါင်းပြီး TV မှာ NFT တွေ Support ပေးမယ့် သတင်းကို CES 2022 မှာ ကြေညာခဲ့ပါတယ်။ အခုတော့ Nifty Gateway က Samsung ရဲ့ NFT ပလက်ဖောင်းကို ထောက်ပံ့ပေးလိုက်ပြီ ဖြစ်ပြီး QLED နဲ့ Neo QLED TV တို့လို Samsung ရဲ့ ၂၀၂၂ ခုနှစ်ထုတ် စွမ်းရည်မြင့် TV တွေမှာ NFT တွေကို ကြည့်ရှုနိုင်၊ ပြသနိုင်ပြီလို့ ပြောပါတယ်။ Nifty Gateway ဟာ Samsung ရဲ့ The Frame နဲ့ Micro LED TV တွေအတွက် App ကို ထည့်သွင်းပေးမှာပါ။

Samsung launches the world's first TV connected to an NFT platform! | by Paul C. | Jan, 2022 | CryptoStars

အခြေခံအားဖြင့် Samsung TV တွေမှာ NFT တွေကို ပြသနိုင်မှာ ဖြစ်သလို အရောင်းအဝယ်ပြုလုပ်နိုင်မှာပါ။ Nifty Gateway ဟာ သူ့ ပလက်ဖောင်းမှာ အနုပညာလက်ရာတွေကို ရောင်းချခွင့်ပေးတဲ့ အပိုင်းမှာ လူအများစု သိကြတဲ့ OpenSea NFT ဈေးကွက်ထက် ပိုမို တင်းကြပ်ထားပါတယ်။

Samsung Partners with Digital Art Fair Asia to Showcase World-Class Contemporary Digital Art and NFT Crypto Art | Samsung Hong Kong

Samsung က NFT ကို TV မှာ ပြသတဲ့အခါ အနုပညာရှင်ရဲ့ ရည်ရွယ်ချက်ကို ထိမိစေမယ့် Settings ရအောင် ဖန်တီးပေးထားတယ်လို့ ပြောပါတယ်။ Samsung TV ဟာ ကွက်တိ တိကျတဲ့ NFT တွေကို ပြသပေးနိုင်မယ်ဆိုရင်တော့ အထင်ကြီးစရာ ကောင်းပါတယ်။

Nifty Gateway ရဲ့ ရည်ရွယ်ချက်ဟာ Samsung Smart Hub ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး Samsung ရဲ့ ရည်ရွယ်ချက်က NFT တွေကို အနုပညာလက်ရာ အဖြစ် ပြသဖို့ ဖြစ်ပါတယ်။ ဥပမာ အနေနဲ့ ရုပ်ရှင် တစ်ကားကို ကြည့်နေရင်း မကြည့်ချင်တော့တဲ့အခါ Ambient Mode ကို ပြောင်းလိုက်ရင် Nifty Gateway ရဲ့ NFT တွေကို ကြည့်ရှုနိုင်မှာပါ။

Ref : theverge