Samsung Display က Galaxy S21 Ultra မှာ အသုံးပြုထားတဲ့ စွမ်းအင် စားသုံးမှု သက်သာတဲ့ နောက်မျိုးဆက် OLED မျက်နှာပြင် သတင်းအချက်အလက်တွေကို ရှင်းပြလာပါတယ်။ အဲဒီနည်းပညာဟာ စွမ်းအင်စားသုံးမှု သက်သာစေသလို ပိုမိုကြည်လင်တောက်ပပါတယ်။

Samsung to release a new generation of energy-efficient OLEDs in 2021

အဲဒီ OLED ဟာ ပိုမို တောက်ပစေသလို စွမ်းအင် စားသုံးမှုကို ၁၆ ရာခိုင်နှုန်း လျှော့ချပေးနိုင်ပါတယ်။ Gsmarena ရဲ့ စမ်းသပ်ချက်အရ Galaxy S21 Ultra မျက်နှာပြင်ဟာ အရမ်းကို ကြည်လင်တောက်ပပြီး Samsung ပြောထားသလိုပဲ စွမ်းအင် စားသုံးမှု ပိုသက်သာတာတွေ့ရပါတယ်။

Samsung to release a new generation of energy-efficient OLEDs in 2021

OLED တွေမှာ Organic Light-emitting Diodes ကို အသုံးပြုထားပြီး Samsung ဟာ မျက်နှာပြင် ပိုတောက်ပအောင် Electrons တွေ လှုပ်ရှားတဲ့ အမြန်နှုန်း တိုးတက်စေတဲ့ ဒြပ်ထု အသစ်ကို အသုံးပြုထားပါတယ်။

Samsung ဟာ အဲဒီ နောက်မျိုးဆက် OLED တွေကို တခြား ကုမ္ပဏီတွေအတွက် ထုတ်လုပ်ရောင်းချမလား ဆိုတာ မသိရသေးပါဘူး။ လက်ရှိမှာ အဲဒီ နည်းပညာကို မြည်းစမ်းကြည့်ချင်ရင်တော့ Samsung Galaxy S21 Ultra ၁ လုံးထဲကိုပဲ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Ref : gsmarena