[Zawgyi]

Samsung နဲ႔ Apple တို႔ၾကားက ဆက္ဆံေရးဟာ ခပ္တင္းတင္းပဲဆိုေပမယ့္ မ်က္ႏွာျပင္နဲ႔ပတ္သက္လာရင္ေတာ့ ေတာင္ကိုရီးယား ထုတ္လုပ္မႈလုပ္ငန္းႀကီးက ေနသာသပ ေလညာကဆိုသလိုပါပဲ။ အခုအခ်ိန္ထိ Samsung Display ဟာ Apple ရဲ႕ iPhone ေတြအတြက္ OLED panel ေတြေထာက္ပံ့ေပးတဲ့ေနရာမွာ ထိပ္ဆုံးကပဲ ျဖစ္ေနပါေသးတယ္။

အခုလည္း Samsung ရဲ႕ iPhone ေတြအတြက္ မ်က္ႏွာျပင္ေထာက္ပံ့ေပးရမႈဟာ ခန႔္မွန္းထားတာထက္ေတာင္ ပိုၿပီးမ်ားျပားတဲ့ အေရအတြက္ျဖစ္ေနတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ ၿပီးခဲ့တဲ့ ဒီဇင္ဘာလတုန္းက စာရင္းေတြေပၚအေျခခံၿပီးေျပာရမယ္ဆိုရင္ စုစုေပါင္း Panel အေရအတြက္က သန္း ၄၀ နဲ႔ ၅၀ ၾကားမွာ ရွိလိမ့္မယ္လို႔ ဆိုပါတယ္။

Samsung Display ကတင္ပို႔ရတဲ့ OLED panel ၉၀ ရာခိုင္ႏႈန္းေလာက္က iPhone ေတြအတြက္အသုံးျပဳတာလည္း ျဖစ္ပါတယ္။ ဒီအထဲမွာ မၾကာခင္ကမွ မိတ္ဆက္သြားတဲ့ iPhone 11 Pro ေမာ္ဒယ္ေတြလည္း ပါဝင္တာ ျဖစ္ပါတယ္။ LG Display ကေတာ့ သိပ္အမ်ားႀကီးမဟုတ္ဘဲ အေရအတြက္ ၇ သန္းနဲ႔ ၈ သန္းၾကားပဲ iPhone 11 Pro Max အတြက္ ေထာက္ပံ့ေပးရတယ္လို႔ ဆိုပါတယ္။

အေစာပိုင္းကေတာ့ စက္တင္ဘာလအတြင္း တင္ပို႔ရမႈဟာ ၆.၉ သန္းအမ်ားဆုံးလို႔ ခန႔္မွန္းထားခဲ့ၾကတာပါ။ ဒါေပမယ့္ iPhone 11 Pro ရဲ႕ ဝယ္လိုအားျမင့္တက္မႈေၾကာင့္ Samsung Display ရဲ႕ Panel တင္ပို႔ရမႈကလည္း ၄၀ ရာခိုင္ႏႈန္းေလာက္အထိ ျမင့္တက္သြားရတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ စက္တင္ဘာလအတြင္း တင္ပို႔ရမႈက ၉.၉သန္း ဝန္းက်င္ေလာက္ ျဖစ္သြားႏိုင္တယ္လို႔ ခန႔္မွန္းရပါတယ္။

ၿပီးခဲ့တဲ့ မ်ိဳးဆက္ျဖစ္တဲ့ XS တုန္းကေတာ့ ဝယ္လိုအားနည္းပါးတာေၾကာင့္ ခန႔္မွန္းထားတာထက္ ေလ်ာ့နည္းတဲ့ တင္ပို႔မႈ ျဖစ္ခဲ့ရပါတယ္။ Apple ဟာ iPhone 11 အတြက္ LCD ေတြကို JDI, LG Display နဲ႔ Sharp တို႔ဆီကေန ရရွိတာ ျဖစ္ပါတယ္။ လာမယ့္ ၂၀၂၀ iPhone ေတြအားလုံးကေတာ့ OLED နဲ႔ပဲ ထြက္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref: GSM Arena

[Unicode]

iPhone တွေအတွက် OLED Panel တွေကို ခန့်မှန်းထားတာထက် ပိုထောက်ပံ့ခဲ့ရတဲ့ Samsung

Samsung နဲ့ Apple တို့ကြားက ဆက်ဆံရေးဟာ ခပ်တင်းတင်းပဲဆိုပေမယ့် မျက်နှာပြင်နဲ့ပတ်သက်လာရင်တော့ တောင်ကိုရီးယား ထုတ်လုပ်မှုလုပ်ငန်းကြီးက နေသာသပ လေညာကဆိုသလိုပါပဲ။ အခုအချိန်ထိ Samsung Display ဟာ Apple ရဲ့ iPhone တွေအတွက် OLED panel တွေထောက်ပံ့ပေးတဲ့နေရာမှာ ထိပ်ဆုံးကပဲ ဖြစ်နေပါသေးတယ်။

အခုလည်း Samsung ရဲ့ iPhone တွေအတွက် မျက်နှာပြင်ထောက်ပံ့ပေးရမှုဟာ ခန့်မှန်းထားတာထက်တောင် ပိုပြီးများပြားတဲ့ အရေအတွက်ဖြစ်နေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက စာရင်းတွေပေါ်အခြေခံပြီးပြောရမယ်ဆိုရင် စုစုပေါင်း Panel အရေအတွက်က သန်း ၄၀ နဲ့ ၅၀ ကြားမှာ ရှိလိမ့်မယ်လို့ ဆိုပါတယ်။

Samsung Display ကတင်ပို့ရတဲ့ OLED panel ၉၀ ရာခိုင်နှုန်းလောက်က iPhone တွေအတွက်အသုံးပြုတာလည်း ဖြစ်ပါတယ်။ ဒီအထဲမှာ မကြာခင်ကမှ မိတ်ဆက်သွားတဲ့ iPhone 11 Pro မော်ဒယ်တွေလည်း ပါဝင်တာ ဖြစ်ပါတယ်။ LG Display ကတော့ သိပ်အများကြီးမဟုတ်ဘဲ အရေအတွက် ၇ သန်းနဲ့ ၈ သန်းကြားပဲ iPhone 11 Pro Max အတွက် ထောက်ပံ့ပေးရတယ်လို့ ဆိုပါတယ်။

အစောပိုင်းကတော့ စက်တင်ဘာလအတွင်း တင်ပို့ရမှုဟာ ၆.၉ သန်းအများဆုံးလို့ ခန့်မှန်းထားခဲ့ကြတာပါ။ ဒါပေမယ့် iPhone 11 Pro ရဲ့ ဝယ်လိုအားမြင့်တက်မှုကြောင့် Samsung Display ရဲ့ Panel တင်ပို့ရမှုကလည်း ၄၀ ရာခိုင်နှုန်းလောက်အထိ မြင့်တက်သွားရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် စက်တင်ဘာလအတွင်း တင်ပို့ရမှုက ၉.၉သန်း ဝန်းကျင်လောက် ဖြစ်သွားနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

ပြီးခဲ့တဲ့ မျိုးဆက်ဖြစ်တဲ့ XS တုန်းကတော့ ဝယ်လိုအားနည်းပါးတာကြောင့် ခန့်မှန်းထားတာထက် လျော့နည်းတဲ့ တင်ပို့မှု ဖြစ်ခဲ့ရပါတယ်။ Apple ဟာ iPhone 11 အတွက် LCD တွေကို JDI, LG Display နဲ့ Sharp တို့ဆီကနေ ရရှိတာ ဖြစ်ပါတယ်။ လာမယ့် ၂၀၂၀ iPhone တွေအားလုံးကတော့ OLED နဲ့ပဲ ထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena