အခုနှစ်အတွင်းမှာ Android စမတ်ဖုန်းအတော်များများမှာ အသုံးပြုနေတဲ့ Qualcomm Snapdragon 865 နဲ့ 865+ Chipset တွေဟာ 7nm Architecture ကိုပဲ အခြေခံထားတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်ကုန်ပိုင်းမှာ မိတ်ဆက်လာမယ့် Apple iPhone 12 Series ဖုန်းတွေနဲ့ Huawei Mate 40 Series ဖုန်းတွေဟာ ပထမဆုံးအနေနဲ့ 5nm Architecture ကို အသုံးပြုထားတဲ့ Chipset တွေကို အသုံးပြုလာတော့မှာပါ။

Apple နဲ့ Huawei အတွက် 5nm Chip တွေကို Taiwan Semiconductor Manufacturing Company (TSMC) ကနေထုတ်ပေးထားတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ Samsung Electronics ကလည်း 5nm Chip တွေကို အမြောက်အများထုတ်လုပ်နေပြီလို့ ကြေညာခဲ့တာဖြစ်ပါတယ်။

အဆိုပါသတင်းကတော့ Samsung ကနေ ၂၀၂၀ ဒုတိယ ၃ လပတ်အတွက်ရရှိတဲ့ ဝင်ငွေကိုထုတ်ပြန်ခဲ့တဲ့ Report နဲ့အတူ ဖော်ပြခဲ့တာဖြစ်ပါတယ်။ Samsung ဟာ ယခု ဒုတိယ ၃ လပတ်အတွင်းမှာ 52.97 Trillion Won ပဲရရှိခဲ့ပြီးတော့ မနှစ်တုန်းက ရရှိခဲ့တဲ့ 56.12 Trillion Won ထက် ၅.၆၃ ရာခိုင်နှုန်းကျဆင်းသွားတာဖြစ်ပါတယ်။ 5nm Chip တွေကို လက်ရှိအချိန်မှာ အမြောက်အများထုတ်လုပ်နေပြီဖြစ်တဲ့အပြင် 4nm Chip Process ကိုလည်း စတင်ဆောင်ရွက်နေပြီလို့ ပြောကြားခဲ့ပါတယ်။

လောလောဆယ်မှာ Samsung Electronics ဟာ Chip ထုတ်လုပ်မှုတွေမှာ ဒုတိယနေရာမှာပဲရှိနေတာဖြစ်ပြီး ပထမနေရာက TSMC ကတော့ မနှစ်တုန်းက စျေးကွက်ရာခိုင်နှုန်း ၅၂ ရာခိုင်နှုန်းအထိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Samsung အနေနဲ့ ပထမနေရာကို ရယူဖို့အတွက်ကတော့ အခုထက်ပိုပြီး ကြိုးစားနိုင်ဖို့လိုအပ်နေပါတယ်။

Ref – Giz China