[Zawgyi]

Samsung က Reviewers မ်ားအား Galaxy Fold ကို စမ္းသပ္ အသံုးျပဳခြင့္ေပးခဲ့တဲ့ အခ်ိန္မွာ ျပႆနာမ်ား ရွိခဲ့ပါတယ္။ Screen Protector ကို ဖယ္ရွားလိုက္တဲ့ အခါမွာ မ်က္ႏွာျပင္ ႏွစ္ခုရဲ႕ အဆက္နဲ႔ မ်က္ႏွာျပင္ဟာ ကြဲအက္ျခင္းမ်ား ျဖစ္ခဲ့ပါတယ္။ ဆမ္ေဆာင္းက အဲဒီ အလံုးမ်ားကို ျပန္လည္ သိမ္းယူခဲ့ၿပီး ျပင္ဆင္မႈမ်ား ျပဳလုပ္ခဲ့ပါတယ္။ Galaxy Fold ကို ေရာင္းခ်မယ့္ အခ်ိန္ကိုလည္း ေနာက္ဆုတ္လိုက္ရပါတယ္။

အခုေတာ့ အဲဒီ စမတ္ဖုန္းကို ေရာင္းခ်ဖို႔ နီးစပ္ေနပါၿပီ။ The Korea Herald ရဲ႕ သတင္းအရ Samsung Display ရဲ႕ ဒုတိယ ဥကၠဌ ျဖစ္သူ Kim Seong-cheol က မ်က္ႏွာျပင္ ျပႆနာ အမ်ားစုကို ျပင္ဆင္ၿပီးၿပီျဖစ္ၿပီး ေရာင္းခ်ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ဆိုးလ္မွ Display Conference တစ္ခုမွာ ေျပာပါတယ္။

Galaxy Fold ကို ဧၿပီလ ၂၆ ရက္ေန႔မွာ ေၾကညာဖို႔ မူလက စီစဥ္ထားတာ ျဖစ္ပါတယ္။ ဒါေပမယ့္ မ်က္ႏွာျပင္ ျပႆနာမ်ားေၾကာင့္ ေရာင္းခ်မယ့္ ရက္ကို ေနာက္ဆုတ္ခဲ့ပါတယ္။ ဆမ္ေဆာင္းက Galaxy Fold ကို အျပစ္အနာအဆာကင္းေအာင္ျပဳလုပ္ဖို႔ အခ်ိန္ယူခဲ့ပါတယ္။ Galaxy Note 7 ရဲ႕ ဘက္ထရီ ျပႆနာမ်ိဳး မျဖစ္ေအာင္ ႀကိဳးစားေနပါတယ္။

Galaxy Note 10 ကို ၾသဂုတ္လမွာ ေၾကညာမယ္လို႔ ထင္ရပါတယ္။ အဲဒီေန႔မွာပဲ Galaxy Fold ကို ေရာင္းခ်ဖို႔ ေၾကညာႏုိင္ပါတယ္။ ဒါေပမယ့္ Galaxy Fold ကို အဲဒီ အခ်ိန္ မတိုင္ခင္မွာပဲ ေရာင္းခ်မယ္လို႔ သတင္းထြက္ေနပါတယ္။ ဇူလိုင္လ ေႏွာင္းပိုင္းမွာ ေရာင္းခ်ႏုိင္ပါတယ္။

Ref : tnw

[Unicode]

Galaxy Fold ရဲ့ Display ပြဿနာများကို ပြင်ဆင်ပြီးပြီလို့ Samsung ရဲ့ အရာရှိ ပြော

Samsung က Reviewers များအား Galaxy Fold ကို စမ်းသပ် အသုံးပြုခွင့်ပေးခဲ့တဲ့ အချိန်မှာ ပြဿနာများ ရှိခဲ့ပါတယ်။ Screen Protector ကို ဖယ်ရှားလိုက်တဲ့ အခါမှာ မျက်နှာပြင် နှစ်ခုရဲ့ အဆက်နဲ့ မျက်နှာပြင်ဟာ ကွဲအက်ခြင်းများ ဖြစ်ခဲ့ပါတယ်။ ဆမ်ဆောင်းက အဲဒီ အလုံးများကို ပြန်လည် သိမ်းယူခဲ့ပြီး ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပါတယ်။ Galaxy Fold ကို ရောင်းချမယ့် အချိန်ကိုလည်း နောက်ဆုတ်လိုက်ရပါတယ်။

အခုတော့ အဲဒီ စမတ်ဖုန်းကို ရောင်းချဖို့ နီးစပ်နေပါပြီ။ The Korea Herald ရဲ့ သတင်းအရ Samsung Display ရဲ့ ဒုတိယ ဥက္ကဌ ဖြစ်သူ Kim Seong-cheol က မျက်နှာပြင် ပြဿနာ အများစုကို ပြင်ဆင်ပြီးပြီဖြစ်ပြီး ရောင်းချဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုးလ်မှ Display Conference တစ်ခုမှာ ပြောပါတယ်။

Galaxy Fold ကို ဧပြီလ ၂၆ ရက်နေ့မှာ ကြေညာဖို့ မူလက စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် မျက်နှာပြင် ပြဿနာများကြောင့် ရောင်းချမယ့် ရက်ကို နောက်ဆုတ်ခဲ့ပါတယ်။ ဆမ်ဆောင်းက Galaxy Fold ကို အပြစ်အနာအဆာကင်းအောင်ပြုလုပ်ဖို့ အချိန်ယူခဲ့ပါတယ်။ Galaxy Note 7 ရဲ့ ဘက်ထရီ ပြဿနာမျိုး မဖြစ်အောင် ကြိုးစားနေပါတယ်။

Galaxy Note 10 ကို သြဂုတ်လမှာ ကြေညာမယ်လို့ ထင်ရပါတယ်။ အဲဒီနေ့မှာပဲ Galaxy Fold ကို ရောင်းချဖို့ ကြေညာနိုင်ပါတယ်။ ဒါပေမယ့် Galaxy Fold ကို အဲဒီ အချိန် မတိုင်ခင်မှာပဲ ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။ ဇူလိုင်လ နှောင်းပိုင်းမှာ ရောင်းချနိုင်ပါတယ်။

Ref : tnw