[Zawgyi]

Samsung Fan ေတြအတြက္ေတာ့ ခရစၥမတ္က ေစာေစာေရာက္လာတယ္လို႔ေတာင္ တင္စားေျပာဆိုရမလိုပါပဲ။ ကိုရီယားနည္းပညာကုမၸဏီႀကီးက သူ႔ရဲ႕ စမတ္ဖုန္းေတြအတြက္ ေနာက္ဆုံးေပၚ Exynos 9820 ကို ထုတ္ေဖာ္လိုက္ပါၿပီ။ ဒီ Chipset ဟာ 8nm LPP (Low Power Plus) FinFET process ေပၚ အေျခခံထားသလို 10nm Exynos 9810 ကေန ဆင့္ကဲ တိုးတက္ေျပာင္းလဲလာတာ ျဖစ္ပါတယ္။ ဒီ SoC ဟာ 2Gbps LTE modem နဲ႔လာတာျဖစ္ၿပီး Tri-cluster CPU နဲ႔ အဆင့္ျမင့္လာတဲ့ NPU လည္း ျဖစ္ပါတယ္။

Samsung ဟာ Two custom cores နဲ႔ 4th-gen CPU ကို ေအာင္ျမင္စြာ တည္ေဆာက္ႏိုင္ခဲ့ၿပီးပါၿပီ။ အဆုံးစြန္ေသာ စြမ္းေဆာင္ရည္အတြက္ Two Cortex-A75 cores နဲ႔ ပိုၿပီး ထိေရာက္မႈျဖစ္ေစတဲ့ Four Cortex-A55 unit third cluster နဲ႔ ဖြဲ႕စည္းထားပါတယ္။ ဖြဲ႕စည္းမႈအသစ္ဟာ ၿပီးခဲ့တဲ့ Exynos ထက္ Multi-core စြမ္းေဆာင္ရည္ ၁၅% ပိုတယ္လို႔ ကုမၸဏီက ေျပာပါတယ္။ Single-core ရဲ႕ ရလဒ္ကလည္း ၂၀% ထက္ပိုၿပီး စြမ္းအင္သက္ေရာက္မႈက ၄၀% အထိ ပံ့ပိုးေပးမယ္လို႔ ဆိုပါတယ္။

ဒီ LTE-Advance Por modem ဟာ 2Gbps downlink speeds နဲ႔ 5G chipset အတြက္ ေနာက္ထပ္ လွမ္းဖို႔ေျခလွမ္းတစ္ခုပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ မီဒီယာေတြမွာေတာ့ Next-gen ဆိုတဲ့ အသုံးအႏႈန္းနဲ႔ မသုံးႏႈန္းၾကဖို႔ ကုမၸဏီက ေတာင္းဆိုခဲ့ပါတယ္။ နည္းပညာအေသးစိတ္ အခ်က္အလက္အရဆိုရင္ေတာ့ 8x CA နဲ႔ 316 Mbps uplink ပါဝင္ပါတယ္။

GPU ဘက္မွာေတာ့ ကုမၸဏီဟာ Mail-G76 ထည့္သြင္းထားပါတယ္။ စြမ္းေဆာင္ရည္ ၄၀% ပို႔ေဆာင္ေပးၿပီး စြမ္းအင္ေႁခြတာမႈက ၃၅% ျဖစ္ပါလိမ့္မယ္။ VR နဲ႔ AR applications ေတြကို အခ်ိန္အၾကားႀကီး သုံးလို႔ရပါလိမ့္မယ္။ NPU ကေတာ့ ခြဲထြက္ေနတဲ့ယူနစ္တစ္ခုျဖစ္ၿပီး ဘယ္ AI လုပ္ေဆာင္ခ်က္ေတြကိုမဆို ၇ ဆ ပိုမိုျမန္ဆန္ေစမွာ ျဖစ္ပါတယ္။ လက္ေတြ႕လုပ္ေဆာင္မႈေတြမွာေတာ့ ကင္မရာခ်ိန္ညႇိရာမွာ ပတ္ဝန္းက်င္ ဒါမွမဟုတ္ အဓိကဆုံခ်က္က အရာဝတၳဳအတြက္ ပိုေကာင္းတဲ့ အခ်က္အလက္ေတြ ပံ့ပိုးေပးႏိုင္မယ္လို႔ ယူဆပါတယ္။

Samsung ကေတာ့ သူတို႔ရဲ႕ Exynos 9820 Chipset ကို ဒီႏွစ္ကုန္ပိုင္းေလာက္မွာ အလုံးအရင္းလိုက္ ထုတ္လုပ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားေၾကာင္း ေျပာပါတယ္။ အဓိပၸါယ္ကေတာ့ Galaxy S10 အတြက္ အဆင္သင့္ ျဖစ္သင့္တယ္လို႔ ေျပာလိုက္သလိုပါပဲ။

Ref: GSMarena

 

[Unicode]

Samsung Fan တွေအတွက်တော့ ခရစ္စမတ်က စောစောရောက်လာတယ်လို့တောင် တင်စားပြောဆိုရမလိုပါပဲ။ ကိုရီယားနည်းပညာကုမ္ပဏီကြီးက သူ့ရဲ့ စမတ်ဖုန်းတွေအတွက် နောက်ဆုံးပေါ် Exynos 9820 ကို ထုတ်ဖော်လိုက်ပါပြီ။ ဒီ Chipset ဟာ 8nm LPP (Low Power Plus) FinFET process ပေါ် အခြေခံထားသလို 10nm Exynos 9810 ကနေ ဆင့်ကဲ တိုးတက်ပြောင်းလဲလာတာ ဖြစ်ပါတယ်။ ဒီ SoC ဟာ 2Gbps LTE modem နဲ့လာတာဖြစ်ပြီး Tri-cluster CPU နဲ့ အဆင့်မြင့်လာတဲ့ NPU လည်း ဖြစ်ပါတယ်။

Samsung ဟာ Two custom cores နဲ့ 4th-gen CPU ကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပြီးပါပြီ။ အဆုံးစွန်သော စွမ်းဆောင်ရည်အတွက် Two Cortex-A75 cores နဲ့ ပိုပြီး ထိရောက်မှုဖြစ်စေတဲ့ Four Cortex-A55 unit third cluster နဲ့ ဖွဲ့စည်းထားပါတယ်။ ဖွဲ့စည်းမှုအသစ်ဟာ ပြီးခဲ့တဲ့ Exynos ထက် Multi-core စွမ်းဆောင်ရည် ၁၅% ပိုတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ Single-core ရဲ့ ရလဒ်ကလည်း ၂၀% ထက်ပိုပြီး စွမ်းအင်သက်ရောက်မှုက ၄၀% အထိ ပံ့ပိုးပေးမယ်လို့ ဆိုပါတယ်။

ဒီ LTE-Advance Por modem ဟာ 2Gbps downlink speeds နဲ့ 5G chipset အတွက် နောက်ထပ် လှမ်းဖို့ခြေလှမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မီဒီယာတွေမှာတော့ Next-gen ဆိုတဲ့ အသုံးအနှုန်းနဲ့ မသုံးနှုန်းကြဖို့ ကုမ္ပဏီက တောင်းဆိုခဲ့ပါတယ်။ နည်းပညာအသေးစိတ် အချက်အလက်အရဆိုရင်တော့ 8x CA နဲ့ 316 Mbps uplink ပါဝင်ပါတယ်။

GPU ဘက်မှာတော့ ကုမ္ပဏီဟာ Mail-G76 ထည့်သွင်းထားပါတယ်။ စွမ်းဆောင်ရည် ၄၀% ပို့ဆောင်ပေးပြီး စွမ်းအင်ခြွေတာမှုက ၃၅% ဖြစ်ပါလိမ့်မယ်။ VR နဲ့ AR applications တွေကို အချိန်အကြားကြီး သုံးလို့ရပါလိမ့်မယ်။ NPU ကတော့ ခွဲထွက်နေတဲ့ယူနစ်တစ်ခုဖြစ်ပြီး ဘယ် AI လုပ်ဆောင်ချက်တွေကိုမဆို ၇ ဆ ပိုမိုမြန်ဆန်စေမှာ ဖြစ်ပါတယ်။ လက်တွေ့လုပ်ဆောင်မှုတွေမှာတော့ ကင်မရာချိန်ညှိရာမှာ ပတ်ဝန်းကျင် ဒါမှမဟုတ် အဓိကဆုံချက်က အရာဝတ္ထုအတွက် ပိုကောင်းတဲ့ အချက်အလက်တွေ ပံ့ပိုးပေးနိုင်မယ်လို့ ယူဆပါတယ်။

Samsung ကတော့ သူတို့ရဲ့ Exynos 9820 Chipset ကို ဒီနှစ်ကုန်ပိုင်းလောက်မှာ အလုံးအရင်းလိုက် ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။ အဓိပ္ပါယ်ကတော့ Galaxy S10 အတွက် အဆင်သင့် ဖြစ်သင့်တယ်လို့ ပြောလိုက်သလိုပါပဲ။

Ref: GSMarena