[Zawgyi]

Samsung ရဲ႕ ထုံးတမ္း အစဥ္အလာအရဆိုရင္ သူတို႔ရဲ႕ မ်ိဴးဆက္သစ္ Galaxy S စီးရီးတိုင္းကို မ်ိဴးဆက္သစ္ Exynos Chipset ေတြနဲ႔အတူ ပြဲထုတ္ေလ့ရွိပါတယ္။ ဒီႏွစ္မွာလည္း 8nm Architecture အေပၚ အေျခခံၿပီး တည္ေဆာက္ထားတဲ့ Exynos 9820 ေတြကို Samsung Galaxy S10 စီးရီးနဲ႔အတူ ပြဲထုတ္လာမွာပါ။

Samsung အေနနဲ႔ Exynos 9820 SoC ေတြကို လြန္ခဲ့တဲ့ ၂၀၁၈ခုႏွစ္ ႏိုဝင္ဘာလတုန္းကို မိတ္ဆက္ခဲ့တာ ျဖစ္ၿပီး အဆိုပါ SoC ရဲ႕ အေသးစိတ္ အခ်က္အလက္ေတြကိုေတာ့ Samsung Newsroom ကေန တစ္ဆင့္ ထုတ္ျပန္ေၾကညာခဲ့တာပါ။ Exynos 9820 ဟာ Neural Processing Unit (NPU) သီးသန္႔ပါလာဝင္တဲ့ Samsung ရဲ႕ ပထမဦးဆုံး SoC ျဖစ္ၿပီး Artificial Intelligence (A.I.) လုပ္ေဆာင္ခ်က္ေတြမွာ Exynos 9810 ေတြထက္ သိသိသာသာ ျမန္ဆန္လာမွာ ျဖစ္ပါတယ္။ Samsung ကေတာ့ Exynos 9820 ဟာ Exynos 9810 ထက္ A.I. လုပ္ေဆာင္ခ်က္အပိုင္းမွာ ၇ဆ အထိ ပိုမိုျမန္ဆန္လာတယ္လို႔ ေျပာၾကားထားပါတယ္။ ဒါ့အျပင္ Latency ေလ်ာ့နည္းၿပီး စြမ္းအင္သုံးစြဲမႈ ပိုမိုေကာင္းမြန္လာမွာျဖစ္သလို လုံၿခဳံေရးအပိုင္းကိုလည္း ျပန္လည္ အဆင့္ျမႇင္တင္ ထားတယ္လို႔ သိရပါတယ္။

Exynos 9820 ဟာ စုစုေပါင္း ကင္မရာ ၅လုံးအထိ တပ္ဆင္ႏိုင္တဲ့ SoC ျဖစ္ၿပီး Exynos 9810 မွာေတာ့ ၄လုံးပဲ တပ္ဆင္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ Samsung Galaxy S10+ မွာ ေနာက္ကင္မရာ ၃လုံးနဲ႔ ေရွ႕ကင္မရာ ၂လုံး စုစုေပါင္း ကင္မရာ ၅လုံးအထိ ပါဝင္ႏိုင္တယ္ဆိုတဲ့ ခန္႔မွန္းခ်က္မ်ား ထြက္ေပၚခဲ့တာ ျဖစ္ပါတယ္။ Exynos 9820 ဟာ Exynos 9810 ထက္ စြမ္းေဆာင္ရည္အပိုင္းမွာ ၄၀% အထိ ပိုမိုေကာင္းမြန္လာမွာျဖစ္သလို စြမ္းအင္စားသုံးမႈ အပိုင္းမွာလည္း ၃၀% အထိ ေလ်ာ့နည္းသြားမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Single-core မွာလည္း ၂၅% အထိ ပိုမိုျမန္ဆန္လာတယ္လို႔ သိရပါတယ္။

Samsung အေနနဲ႔ သူတို႔ရဲ႕ Galaxy S စီးရီးေတြကို Exynos အသုံးျပဳ ေမာ္ဒယ္နဲ႔ Snapdragon အသုံးျပဳ ေမာ္ဒယ္ဆိုၿပီး ၂မ်ိဴး ထုတ္လုပ္ပါတယ္။ Snapdragon အသုံးျပဳ ေမာ္ဒယ္ေတြကို အေမရိက နဲ႔ တ႐ုတ္ႏိုင္ငံေတြမွာ အဓိကထား ျဖန္႔ျဖဴးေရာင္းခ်တာျဖစ္ၿပီး Exynos အသုံးျပဳ ေမာ္ဒယ္ေတြကိုေတာ့ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံ အပါအဝင္ တျခားႏိုင္ငံေတြမွာ ျဖန္႔ျဖဴးေရာင္းခ်တာ ျဖစ္ပါတယ္။ Exynos 9820 ေတြက 8K ဗီဒီယိုေတြကို ႐ိုက္ကူးႏိုင္စြမ္း ရွိၾကပါတယ္။ ဒါေပမယ့္ Galaxy S10 စီးရီးမွာ အသုံးျပဳထားမယ့္ Snapdragon 855 ေတြက 8K ဗီဒီယိုေတြကို ႐ိုက္ကူးႏိုင္စြမ္း မရွိတာေၾကာင့္ Samsung အေနနဲ႔ Exynos အသုံးျပဳ Galaxy S10 စီးရီးကိုလည္း 8K ဗီဒီယို႐ိုက္ကူးခြင့္ ပိတ္ပင္ထားႏိုင္ေၾကာင္း ကြၽမ္းက်င္သူမ်ားက သုံးသပ္ထားၾကပါတယ္။

Ref : Sammobile

[Unicode]

Samsung Galaxy S10 စီးရီးမှာ အသုံးပြုထားမယ့် Exynos 9820 အကြောင်း သိကောင်းစရာများ

Samsung ရဲ့ ထုံးတမ်း အစဥ်အလာအရဆိုရင် သူတို့ရဲ့ မျိူးဆက်သစ် Galaxy S စီးရီးတိုင်းကို မျိူးဆက်သစ် Exynos Chipset တွေနဲ့အတူ ပွဲထုတ်လေ့ရှိပါတယ်။ ဒီနှစ်မှာလည်း 8nm Architecture အပေါ် အခြေခံပြီး တည်ဆောက်ထားတဲ့ Exynos 9820 တွေကို Samsung Galaxy S10 စီးရီးနဲ့အတူ ပွဲထုတ်လာမှာပါ။

Samsung အနေနဲ့ Exynos 9820 SoC တွေကို လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ် နိုဝင်ဘာလတုန်းကို မိတ်ဆက်ခဲ့တာ ဖြစ်ပြီး အဆိုပါ SoC ရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ Samsung Newsroom ကနေ တစ်ဆင့် ထုတ်ပြန်ကြေညာခဲ့တာပါ။ Exynos 9820 ဟာ Neural Processing Unit (NPU) သီးသန့်ပါလာဝင်တဲ့ Samsung ရဲ့ ပထမဦးဆုံး SoC ဖြစ်ပြီး Artificial Intelligence (A.I.) လုပ်ဆောင်ချက်တွေမှာ Exynos 9810 တွေထက် သိသိသာသာ မြန်ဆန်လာမှာ ဖြစ်ပါတယ်။ Samsung ကတော့ Exynos 9820 ဟာ Exynos 9810 ထက် A.I. လုပ်ဆောင်ချက်အပိုင်းမှာ ၇ဆ အထိ ပိုမိုမြန်ဆန်လာတယ်လို့ ပြောကြားထားပါတယ်။ ဒါ့အပြင် Latency လျော့နည်းပြီး စွမ်းအင်သုံးစွဲမှု ပိုမိုကောင်းမွန်လာမှာဖြစ်သလို လုံခြုံရေးအပိုင်းကိုလည်း ပြန်လည် အဆင့်မြှင်တင် ထားတယ်လို့ သိရပါတယ်။

Exynos 9820 ဟာ စုစုပေါင်း ကင်မရာ ၅လုံးအထိ တပ်ဆင်နိုင်တဲ့ SoC ဖြစ်ပြီး Exynos 9810 မှာတော့ ၄လုံးပဲ တပ်ဆင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် Samsung Galaxy S10+ မှာ နောက်ကင်မရာ ၃လုံးနဲ့ ရှေ့ကင်မရာ ၂လုံး စုစုပေါင်း ကင်မရာ ၅လုံးအထိ ပါဝင်နိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်များ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ Exynos 9820 ဟာ Exynos 9810 ထက် စွမ်းဆောင်ရည်အပိုင်းမှာ ၄၀% အထိ ပိုမိုကောင်းမွန်လာမှာဖြစ်သလို စွမ်းအင်စားသုံးမှု အပိုင်းမှာလည်း ၃၀% အထိ လျော့နည်းသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Single-core မှာလည်း ၂၅% အထိ ပိုမိုမြန်ဆန်လာတယ်လို့ သိရပါတယ်။

Samsung အနေနဲ့ သူတို့ရဲ့ Galaxy S စီးရီးတွေကို Exynos အသုံးပြု မော်ဒယ်နဲ့ Snapdragon အသုံးပြု မော်ဒယ်ဆိုပြီး ၂မျိူး ထုတ်လုပ်ပါတယ်။ Snapdragon အသုံးပြု မော်ဒယ်တွေကို အမေရိက နဲ့ တရုတ်နိုင်ငံတွေမှာ အဓိကထား ဖြန့်ဖြူးရောင်းချတာဖြစ်ပြီး Exynos အသုံးပြု မော်ဒယ်တွေကိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံ အပါအဝင် တခြားနိုင်ငံတွေမှာ ဖြန့်ဖြူးရောင်းချတာ ဖြစ်ပါတယ်။ Exynos 9820 တွေက 8K ဗီဒီယိုတွေကို ရိုက်ကူးနိုင်စွမ်း ရှိကြပါတယ်။ ဒါပေမယ့် Galaxy S10 စီးရီးမှာ အသုံးပြုထားမယ့် Snapdragon 855 တွေက 8K ဗီဒီယိုတွေကို ရိုက်ကူးနိုင်စွမ်း မရှိတာကြောင့် Samsung အနေနဲ့ Exynos အသုံးပြု Galaxy S10 စီးရီးကိုလည်း 8K ဗီဒီယိုရိုက်ကူးခွင့် ပိတ်ပင်ထားနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားကြပါတယ်။

Ref : Sammobile