[Zawgyi]

Samsung အေနနဲ႔ Exynos Chips ေတြကို သတင္းအခ်က္အလက္နဲ႔ ေဖ်ာ္ေျဖေရးက႑ေတြမွာ အသုံးျပဳႏိုင္ဖို႔အတြက္ Audi ကားကုမၸဏီနဲ႔ လြန္ခဲ့တဲ့ ၂၀၁၇ခုႏွစ္ကတည္းက သေဘာတူညီမႈ ရရွိခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္ Samsung ဟာ Audi Progressive SemiConductor Program ကိုခ်ိတ္ဆက္ၿပီး ဂ်ာမနီႏိုင္ငံအေျခစိုက္ ကားကုမၸဏီႀကီးတစ္ခုျဖစ္တဲ့ Audi ကို Exynos Chips ေတြေထာက္ပံ့ေပးခဲ့တာ ျဖစ္ပါတယ္။

ဒီေန႔မွာေတာ့ Samsung က ဇိမ္ခံကားေတြအတြက္ ရည္႐ြယ္ထုတ္လုပ္ထားတဲ့ Exynos Auto အမည္ရွိ Chip အသစ္ကို မိတ္ဆက္လာပါတယ္။ အဆိုပါ Auto V9 Chip ေတြကို မ်ိဴးဆက္သစ္ Audi ကားေတြရဲ႕ သတင္းအခ်က္အလက္နဲ႔ ေဖ်ာ္ေျဖးေရးက႑အတြက္ အသုံးျပဳသြားမွာျဖစ္ၿပီး ၂၀၂၁ခုႏွစ္ေလာက္မွာ ျမင္ေတြ႕ႏိုင္ဖြယ္ ရွိပါတယ္။

Exynos Auto V9 ဟာ 8nm Architecture နဲ႔ တည္ေဆာက္ထားတဲ့ Chip အမ်ိဴးအစားျဖစ္ၿပီး ARM ရဲ႕ ေနာက္ဆုံးထြက္ Cortex-A76 CPU Cores ၈လုံးနဲ႔ ဖြဲ႕စည္းထားတာ ျဖစ္ပါတယ္။ Clocked Speed ကေတာ့ Up to 2.1GHz (Gigahertz) ပါ။ Graphic အပိုင္းအတြက္ Mali G76 GPU ကို အသုံးျပဳထားၿပီး HiFi 4 Audio Digital Signal Processor နဲ႔ Intelligent Neural Processing Unit (INPU) တို႔ပါဝင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ အဆိုပါ Chip မွာ Safety Island Core တစ္ခုပါဝင္ၿပီး Automotive Safety Integrity Level (ASIL) အဆင့္ B ကိုလည္း ေထာက္ပံ့ေပးထားပါေသးတယ္။

Random Access Memory (RAM) အတြက္ LPDDR4 နဲ႔ LPDDR5 DRAM ေတြကို ထပ္စိုက္ႏိုင္မွာပါ။ စုစုေပါင္း Display အမ်ားဆုံး ၆ခုအထိ အသုံးျပဳႏိုင္မွာျဖစ္ၿပီး ကင္မရာကိုေတာ့ ၁၂လုံးအထိ တပ္ဆင္ႏိုင္ေအာင္ ေထာက္ပံ့ေပးထားပါတယ္။ လက္ရွိမွာ Samsung Exynos Auto Chip ေတြကို အသုံးျပဳမယ့္ ကားကုမၸဏီက Audi တစ္ခုတည္းသာ ရွိေသးတာျဖစ္ၿပီး ေနာက္ပိုင္းမွာေတာ့ တျခားကားကုမၸဏီေတြလည္း အဆိုပါ Chip ေတြကို အသုံးျပဳလာႏိုင္ပါတယ္။

Ref : Sammobile

[Unicode]

ဇိမ်ခံကားတွေအတွက် ထုတ်လုပ်လိုက်တဲ့ Samsung Exynos Chip အသစ်

Samsung အနေနဲ့ Exynos Chips တွေကို သတင်းအချက်အလက်နဲ့ ဖျော်ဖြေရေးကဏ္ဍတွေမှာ အသုံးပြုနိုင်ဖို့အတွက် Audi ကားကုမ္ပဏီနဲ့ လွန်ခဲ့တဲ့ ၂၀၁၇ခုနှစ်ကတည်းက သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် Samsung ဟာ Audi Progressive SemiConductor Program ကိုချိတ်ဆက်ပြီး ဂျာမနီနိုင်ငံအခြေစိုက် ကားကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Audi ကို Exynos Chips တွေထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ Samsung က ဇိမ်ခံကားတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ Exynos Auto အမည်ရှိ Chip အသစ်ကို မိတ်ဆက်လာပါတယ်။ အဆိုပါ Auto V9 Chip တွေကို မျိူးဆက်သစ် Audi ကားတွေရဲ့ သတင်းအချက်အလက်နဲ့ ဖျော်ဖြေးရေးကဏ္ဍအတွက် အသုံးပြုသွားမှာဖြစ်ပြီး ၂၀၂၁ခုနှစ်လောက်မှာ မြင်တွေ့နိုင်ဖွယ် ရှိပါတယ်။

Exynos Auto V9 ဟာ 8nm Architecture နဲ့ တည်ဆောက်ထားတဲ့ Chip အမျိူးအစားဖြစ်ပြီး ARM ရဲ့ နောက်ဆုံးထွက် Cortex-A76 CPU Cores ၈လုံးနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ Clocked Speed ကတော့ Up to 2.1GHz (Gigahertz) ပါ။ Graphic အပိုင်းအတွက် Mali G76 GPU ကို အသုံးပြုထားပြီး HiFi 4 Audio Digital Signal Processor နဲ့ Intelligent Neural Processing Unit (INPU) တို့ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ Chip မှာ Safety Island Core တစ်ခုပါဝင်ပြီး Automotive Safety Integrity Level (ASIL) အဆင့် B ကိုလည်း ထောက်ပံ့ပေးထားပါသေးတယ်။

Random Access Memory (RAM) အတွက် LPDDR4 နဲ့ LPDDR5 DRAM တွေကို ထပ်စိုက်နိုင်မှာပါ။ စုစုပေါင်း Display အများဆုံး ၆ခုအထိ အသုံးပြုနိုင်မှာဖြစ်ပြီး ကင်မရာကိုတော့ ၁၂လုံးအထိ တပ်ဆင်နိုင်အောင် ထောက်ပံ့ပေးထားပါတယ်။ လက်ရှိမှာ Samsung Exynos Auto Chip တွေကို အသုံးပြုမယ့် ကားကုမ္ပဏီက Audi တစ်ခုတည်းသာ ရှိသေးတာဖြစ်ပြီး နောက်ပိုင်းမှာတော့ တခြားကားကုမ္ပဏီတွေလည်း အဆိုပါ Chip တွေကို အသုံးပြုလာနိုင်ပါတယ်။

Ref : Sammobile