Zawgyi

အရင္ႏွစ္တုန္းက Honor ကေနၿပီး Graphic လုပ္ေဆာင္ခ်က္ေတြကို ျမႇင့္တင္ေပးတဲ့ နည္းပညာတစ္ခုျဖစ္တဲ့ GPU Turbo ကို မိတ္ဆက္ေပးခဲ့ပါတယ္။ အဆိုပါနည္းပညာက GPU ရဲ႕ လုပ္ေဆာင္နိုင္စြမ္းကို ျမႇင့္တင္ေပးၿပီး ပါဝါသုံးစြဲႏႈန္းကိုလည္း ေလွ်ာ့ခ်ေပးပါတယ္။ အခုဆိုရင္ေတာ့ Samsung ကေန GPU Turbo လို နည္းပညာတစ္ခုကို မူပိုင္ခြင့္ရယူလိုက္ပါတယ္။

“Neuro Game Booster” လို႔နာမည္ေပးထားတဲ့ ဂရပ္ဖစ္ နည္းပညာတစ္ခုကို လြန္ခဲ့တဲ့ ဇန္နဝါရီ ၂၁ ရက္ေန႕ တုန္းက European Union Intellectual Property Office မွာ မူပိုင္ခြင့္ရယူဖို႔ ေလွ်ာက္ထားခဲ့တာျဖစ္ပါတယ္။ အေသးစိတ္ အခ်က္အလက္မွာေတာ့ အဆိုပါ နည္းပညာဟာ စမတ္ဖုန္းေတြအတြက္ Gaming Software တစ္မ်ိဳးျဖစ္ၿပီး AI Software အမ်ိဳးအစားျဖစ္ပါတယ္။

Samsung ရဲ႕ Neuro Game Booster ဟာ GPU Turbo လိုပဲ ဂရပ္ဖစ္ အျမင့္ဂိမ္းေတြ ကစားတဲ့ ေနရာမွာ စြမ္းေဆာင္ရည္ျမင့္မားေစမွာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အဆိုပါ နည္းပညာဟာ Exynos ပရိုဆက္ဆာ အသုံးျပဳထားတဲ့ ဖုန္းေတြအတြက္ပဲလား၊ Snapdragon ပရိုဆက္ဆာ အသုံးျပဳထားတဲ့ ဖုန္းေတြ အတြက္ပဲလား ဆိုတာေတာ့ ေသခ်ာ မသိရေသးပါဘူး။ ပရိုဆက္ဆာ ႏွစ္မ်ိဳးလုံး အတြက္ရမယ္ဆိုရင္ေတာ့ အေကာင္းဆုံးပါပဲ။

တစ္ကယ္လို႔သာ Snapdragon ပရိုဆက္ဆာ အသုံးျပဳ Samsung ဖုန္းေတြမွာပဲ အသုံးျပဳလို႔ရမယ္ဆိုရင္ေတာ့ ျပည္တြင္းက Samsung Flagship ဖုန္းေတြဟာ Exynos ပရိုဆက္ဆာ သုံးထားတာေၾကာင့္ အဆိုပါ နည္းပညာ ရရွိနိုင္မွာ မဟုတ္ပါဘူး။ Samsung ကေန အဆိုပါ Neuro Game Booster အေၾကာင္း ေသခ်ာ သတင္းထုတ္ျပန္ျခင္း မရွိေသးတာေၾကာင့္ ဘယ္အခ်ိန္ မိတ္ဆက္မယ္နဲ႕ ဘယ္ဖုန္းေတြ အတြက္ ရရွိမယ္ဆိုတာ သိရျခင္းမရွိေသးပါဘူး။ ဒါေပမယ့္ ေဖေဖၚဝါရီလ မွာ က်င္းပမယ့္ Galaxy S10 မိတ္ဆက္ပြဲမွာေတာ့ အဆိုပါ နည္းပညာကို မိတ္ဆက္သြားနိုင္ပါတယ္။

Ref: Gizmo China

Unicode

GPU Turbo လို Gaming Software တစ်မျိုးကို မူပိုင်ခွင့်ယူလိုက်တဲ့ Samsung

အရင်နှစ်တုန်းက Honor ကနေပြီး Graphic လုပ်ဆောင်ချက်တွေကို မြှင့်တင်ပေးတဲ့ နည်းပညာတစ်ခုဖြစ်တဲ့ GPU Turbo ကို မိတ်ဆက်ပေးခဲ့ပါတယ်။ အဆိုပါနည်းပညာက GPU ရဲ့ လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးပြီး ပါဝါသုံးစွဲနှုန်းကိုလည်း လျှော့ချပေးပါတယ်။ အခုဆိုရင်တော့ Samsung ကနေ GPU Turbo လို နည်းပညာတစ်ခုကို မူပိုင်ခွင့်ရယူလိုက်ပါတယ်။

“Neuro Game Booster” လို့နာမည်ပေးထားတဲ့ ဂရပ်ဖစ် နည်းပညာတစ်ခုကို လွန်ခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့ တုန်းက European Union Intellectual Property Office မှာ မူပိုင်ခွင့်ရယူဖို့ လျှောက်ထားခဲ့တာဖြစ်ပါတယ်။ အသေးစိတ် အချက်အလက်မှာတော့ အဆိုပါ နည်းပညာဟာ စမတ်ဖုန်းတွေအတွက် Gaming Software တစ်မျိုးဖြစ်ပြီး AI Software အမျိုးအစားဖြစ်ပါတယ်။

Samsung ရဲ့ Neuro Game Booster ဟာ GPU Turbo လိုပဲ ဂရပ်ဖစ် အမြင့်ဂိမ်းတွေ ကစားတဲ့ နေရာမှာ စွမ်းဆောင်ရည်မြင့်မားစေမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ နည်းပညာဟာ Exynos ပရိုဆက်ဆာ အသုံးပြုထားတဲ့ ဖုန်းတွေအတွက်ပဲလား၊ Snapdragon ပရိုဆက်ဆာ အသုံးပြုထားတဲ့ ဖုန်းတွေ အတွက်ပဲလား ဆိုတာတော့ သေချာ မသိရသေးပါဘူး။ ပရိုဆက်ဆာ နှစ်မျိုးလုံး အတွက်ရမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။

တစ်ကယ်လို့သာ Snapdragon ပရိုဆက်ဆာ အသုံးပြု Samsung ဖုန်းတွေမှာပဲ အသုံးပြုလို့ရမယ်ဆိုရင်တော့ ပြည်တွင်းက Samsung Flagship ဖုန်းတွေဟာ Exynos ပရိုဆက်ဆာ သုံးထားတာကြောင့် အဆိုပါ နည်းပညာ ရရှိနိုင်မှာ မဟုတ်ပါဘူး။ Samsung ကနေ အဆိုပါ Neuro Game Booster အကြောင်း သေချာ သတင်းထုတ်ပြန်ခြင်း မရှိသေးတာကြောင့် ဘယ်အချိန် မိတ်ဆက်မယ်နဲ့ ဘယ်ဖုန်းတွေ အတွက် ရရှိမယ်ဆိုတာ သိရခြင်းမရှိသေးပါဘူး။ ဒါပေမယ့် ဖေဖေါ်ဝါရီလ မှာ ကျင်းပမယ့် Galaxy S10 မိတ်ဆက်ပွဲမှာတော့ အဆိုပါ နည်းပညာကို မိတ်ဆက်သွားနိုင်ပါတယ်။

Ref: Gizmo China