Samsung ဟာ AMD နဲ့ပူးပေါင်းပြီးတော့ Radeon GPU ပါဝင်တဲ့ Exynos Chipset အသစ်ကို မိတ်ဆက်တော့မှာဖြစ်ပါတယ်။ လက်ရှိသိထားတဲ့သတင်းတွေအရဆိုရင် ဇူလိုင်လအတွင်းမှာ တရားဝင်မိတ်ဆက်လာဖွယ်ရှိနေပါတယ်။

အခုဆိုရင် အဆိုပါ AMD GPU ပါဝင်တဲ့ Exynos Chipset အသစ်ရဲ့ Benchmark တွေက ပေါက်ကြားလာခဲ့ပါပြီ။ ဒီ Benchmark ကတော့ Graphic ပိုင်းအတွက် အဓိကတိုင်းတာတဲ့ 3D Mark ပဲဖြစ်ပြီး ရမှတ်အနေနဲ့ 8,134 Point အထိ ရရှိခဲ့တာဖြစ်ပါတယ်။

ဒီရမှတ်ဟာ လက်ရှိထွက်ရှိထားတဲ့ Samsung Galaxy S21 စမတ်ဖုန်းထက်တောင် စွမ်းဆောင်ရည် ၅၀ ရာခိုင်နှုန်းပိုမိုနေတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Apple A14 Bionic Chip ကိုအသုံးပြုထားတဲ့ iPhone 12 တွေထက်လည်း စွမ်းဆောင်ရည်ပိုကောင်းနေတာကိုတွေ့ရပါတယ်။ အဲ့ဒါကြောင့် Samsung ရဲ့ ဒီ AMD နဲ့ပူးပေါင်းထားတဲ့ Chipset အသစ်ဟာ လက်ရှိမှာအကောင်းဆုံးလို့တောင် ပြောနိုင်မှာပါ။

အဆိုပါ Exynos Chipset အသစ်ဟာ ယခု Benchmark အရ Cortex A-77 ကိုပဲ အသုံးပြုထားတာဖြစ်တဲ့အတွက် Prototype Version ဖြစ်နိုင်ပြီး တကယ်မိတ်ဆက်တဲ့အချိန်မှာတော့ ပြောင်းလဲနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် လက်ရှိ Exynos 2100 Chipset ဟာ CPU ပိုင်းမှာ စွမ်းဆောင်ရည်ပိုကောင်းတဲ့ Cortex X1 Prime Core ပါပါဝင်တာကြောင့်ဖြစ်ပါတယ်။

Samsung ရဲ့ ယခု AMD GPU ပါဝင်တဲ့ Chipset အသစ်ဟာ ယခုနှစ်မှာမိတ်ဆက်လာမယ့် Galaxy Note 21 Series မှာတော့ ပါဝင်ဦးမှာမဟုတ်သေးဘဲ လာမယ့်နှစ်မှာမိတ်ဆက်မယ့် Galaxy S22 Series မှာပဲ အသုံးပြုလာမှာဖြစ်ပါတယ်။

Ref – GSM Arena