Zawgyi

Samsung Galaxy Fold ဟာ ေတာင္ကိုရီးယားအေျခစိုက္ကုမၸဏီရဲ႕ ပထမဆုံး Foldable ဟန္းဆက္ပါ။ မၾကာေသးခင္က က်င္းပခဲ့တဲ့ Samsung Developer Conference (SDC) 2019 ပြဲမွာေတာ့ ကုမၸဏီဟာ Clamshell စတုိင္လ္ ကိုယ္ထည္နဲ႔ထုတ္လုပ္လာမယ့္ ဒုတိယေျမာက္ Foldable စမတ္ဖုန္းကို စတင္ေဖာ္ျပလာခဲ့ပါတယ္။ ယေန႔မွာ China Mobile မွ အဆုိပါ Galaxy W20 Foldable Flip ဖုန္းအား တရုတ္ေစ်းကြက္သုိ႔ ႏုိဝင္ဘာလအတြင္း ယူေဆာင္လာမွာျဖစ္ေၾကာင္း အတည္ျပဳလုိက္ပါတယ္။

W20 5G လုိ႔ အမည္ေပးထားတဲ့အတြက္ ဒီဖုန္းဟာ 5G နက္ဝပ္ခ်ိတ္ဆက္ႏုိင္စြမ္းပါဝင္လာမယ္လို႔ ယူဆရပါတယ္။ ၿပိဳင္ဘက္ Motorola ရဲ႕ RAZR Foldable စမတ္ဖုန္းဟာလည္း Clamshell ဒီဇုိင္းကုိပဲ အေျခခံထားတာျဖစ္ၿပီး ႏုိဝင္ဘာ ၁၃ ရက္ေန႔မွာ မိတ္ဆက္လာေတာ့မွာပါ။ သူ႕မွာ Mid-range အဆင့္ Specs ေတြ ပါဝင္မယ္လို႔ သတင္းထြက္ထားပါတယ္။

ဒီဇုိင္းလည္းဆင္တူေနမယ့္အျပင္ Foldable ဟန္းဆက္ျဖစ္တာခ်င္းပါ တူေနတဲ့ W20 စမတ္ဖုန္းဟာ RAZR ဟန္းဆက္နဲ႔ တုိက္ရုိက္ယွဥ္ၿပိဳင္ရႏုိင္ပါတယ္။ ေလာေလာဆယ္မွာေတာ့ ဖုန္းရဲ႕ Concept ဒီဇုိင္းအျပင္ ဘာအခ်က္အလက္မွ မသိရေသးပါဘူး။ သူ႕ရဲ႕ေရွ႕က မ်ဳိးဆက္ေဟာင္းျဖစ္တဲ့ Samsung W2019 ဖုန္းကို မႏွစ္က ႏုိဝင္ဘာလမွာပဲ မိတ္ဆက္ခဲ့တာျဖစ္တဲ့အတြက္ W20 ကိုလည္း ႏုိဝင္ဘာထဲမွာပဲ မိတ္ဆက္လာမယ္ဆုိတာေတာ့ ေသခ်ာပါတယ္။

အထက္မွာေဖာ္ျပထားတဲ့ Foldable ဖုန္းဒီဇုိင္းထဲမွာ ရွည္ေမ်ာေမ်ာ Foldable Display ကို ဘယ္လို ေခါက္ခ်ဳိးရမလဲ ဆုိတာ ျမင္ေတြ႕ရမွာပါ။ Display ရဲ႕အေပၚျခမ္းမွာ Selfie အတြက္ Punch-hole အေပါက္တစ္ခုလည္း ထည့္လာဦးမယ္လုိ႔ ဆုိပါတယ္။ မႏွစ္က W2019 ဖုန္းကို ယြမ္ေငြ ၈၉၉၉ (ျမန္မာေငြ ၁၉ သိန္းခြဲခန္႔) နဲ႔ေရာင္းခ်ခဲ့တာျဖစ္တဲ့အတြက္ 5G ပါ ရလာမယ့္ W20 ဖုန္းဟာ Clamshell ေရွး႐ိုးဒီဇိုင္းႀကိဳက္သူေတြအတြက္ ေဈးေတာ့ ခ်ိဳသာမွာ မဟုတ္ပါဘူး။

Ref – Playful Droid

Unicode

Samsung Galaxy Fold ဟာ တောင်ကိုရီးယားအခြေစိုက်ကုမ္ပဏီရဲ့ ပထမဆုံး Foldable ဟန်းဆက်ပါ။ မကြာသေးခင်က ကျင်းပခဲ့တဲ့ Samsung Developer Conference (SDC) 2019 ပွဲမှာတော့ ကုမ္ပဏီဟာ Clamshell စတိုင်လ် ကိုယ်ထည်နဲ့ထုတ်လုပ်လာမယ့် ဒုတိယမြောက် Foldable စမတ်ဖုန်းကို စတင်ဖော်ပြလာခဲ့ပါတယ်။ ယနေ့မှာ China Mobile မှ အဆိုပါ Galaxy W20 Foldable Flip ဖုန်းအား တရုတ်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ယူဆောင်လာမှာဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။

W20 5G လို့ အမည်ပေးထားတဲ့အတွက် ဒီဖုန်းဟာ 5G နက်ဝပ်ချိတ်ဆက်နိုင်စွမ်းပါဝင်လာမယ်လို့ ယူဆရပါတယ်။ ပြိုင်ဘက် Motorola ရဲ့ RAZR Foldable စမတ်ဖုန်းဟာလည်း Clamshell ဒီဇိုင်းကိုပဲ အခြေခံထားတာဖြစ်ပြီး နိုဝင်ဘာ ၁၃ ရက်နေ့မှာ မိတ်ဆက်လာတော့မှာပါ။ သူ့မှာ Mid-range အဆင့် Specs တွေ ပါဝင်မယ်လို့ သတင်းထွက်ထားပါတယ်။

ဒီဇိုင်းလည်းဆင်တူနေမယ့်အပြင် Foldable ဟန်းဆက်ဖြစ်တာချင်းပါ တူနေတဲ့ W20 စမတ်ဖုန်းဟာ RAZR ဟန်းဆက်နဲ့ တိုက်ရိုက်ယှဉ်ပြိုင်ရနိုင်ပါတယ်။ လောလောဆယ်မှာတော့ ဖုန်းရဲ့ Concept ဒီဇိုင်းအပြင် ဘာအချက်အလက်မှ မသိရသေးပါဘူး။ သူ့ရဲ့ရှေ့က မျိုးဆက်ဟောင်းဖြစ်တဲ့ Samsung W2019 ဖုန်းကို မနှစ်က နိုဝင်ဘာလမှာပဲ မိတ်ဆက်ခဲ့တာဖြစ်တဲ့အတွက် W20 ကိုလည်း နိုဝင်ဘာထဲမှာပဲ မိတ်ဆက်လာမယ်ဆိုတာတော့ သေချာပါတယ်။

အထက်မှာဖော်ပြထားတဲ့ Foldable ဖုန်းဒီဇိုင်းထဲမှာ ရှည်မျောမျော Foldable Display ကို ဘယ်လို ခေါက်ချိုးရမလဲ ဆိုတာ မြင်တွေ့ရမှာပါ။ Display ရဲ့အပေါ်ခြမ်းမှာ Selfie အတွက် Punch-hole အပေါက်တစ်ခုလည်း ထည့်လာဦးမယ်လို့ ဆိုပါတယ်။ မနှစ်က W2019 ဖုန်းကို ယွမ်ငွေ ၈၉၉၉ (မြန်မာငွေ ၁၉ သိန်းခွဲခန့်) နဲ့ရောင်းချခဲ့တာဖြစ်တဲ့အတွက် 5G ပါ ရလာမယ့် W20 ဖုန်းဟာ Clamshell ရှေးရိုးဒီဇိုင်းကြိုက်သူတွေအတွက် ဈေးတော့ ချိုသာမှာ မဟုတ်ပါဘူး။

Ref – Playful Droid