[Zawgyi]

ကမာၻ႔ စမတ္ဖုန္းအမွတ္တံဆိပ္ႀကီးေတြဟာ သူတို႔ရဲ႕ ဟန္းဆက္ေတြဆီ Android 10 ကို အျမန္ဆုံး၊ အေစာဆုံး ပို႔ေဆာင္ႏိုင္ဖို႔ အၿပိဳင္အဆိုင္ ႀကိဳးပမ္းေနၾကပါတယ္။ စက္တင္ဘာလကတည္းက ထြက္ေနခဲ့တဲ့ Android 10 Update ဟာ Google Pixel, OnePlus နဲ႔ Nokia ဟန္းဆက္အခ်ိဳ႕မွာပဲ သုံးႏိုင္ခဲ့ေသးတာ ျဖစ္ပါတယ္။

အခုေတာ့ ကမာၻ႔ နံပါတ္တစ္ စမတ္ဖုန္းအမွတ္တံဆိပ္ျဖစ္တဲ့ Samsung ကလည္း သူ႔ရဲ႕ဟန္းဆက္ေတြဆီ Android 10 Update ကို အျမန္ဆုံး ပို႔ေဆာင္ႏိုင္ဖို႔ ႀကိဳးပမ္းေနတာကို ေတြ႕ရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ လာမယ့္ေအာက္တိုဘာလအတြင္း Android 10 အေျခခံထားတဲ့ Beta Update ကို ထုတ္ေပးမယ္လို႔ သတင္းထြက္ထားတာေၾကာင့္ ျဖစ္ပါတယ္။

ဒီရက္ထဲမွာေတာ့ မ်ားလွစြာတဲ့ Samsung ရဲ႕ ေမာ္ဒယ္စုံ ဟန္းဆက္ေတြၾကားထဲမွာ Android 10 Update ရႏိုင္မယ့္ ဟန္းဆက္ေမာ္ဒယ္အခ်ိဳ႕ရဲ႕ စာရင္းတစ္ခု ေပါက္ၾကား ထြက္ေပၚလာခဲ့ပါတယ္။ စာရင္းအရ စုစုေပါင္း ၅၅ မ်ိဳးေသာ Samsung ဟန္းဆက္ေတြဟာ Android 10 Update ကို ရရွိၾကမွာ ျဖစ္ပါတယ္။ စာဖတ္သူရဲ႕ ဟန္းဆက္က ဒီစာရင္းထဲမွာမပါရင္ေတာ့ Security Update ေတြပဲ ဆက္ၿပီးရေတာ့မယ္လို႔ ဆိုရမွာပါ။

ဒီတစ္ေခါက္ Google ရဲ႕ Update ဟာ ပိုၿပီးလြယ္ကူေအာင္လုပ္ခဲ့တယ္လို႔ သိရတာေၾကာင့္ Samsung အေနနဲ႔လည္း Stable Version ကို ၿပီးခဲ့တဲ့ ႏွစ္ကထက္ ပိုၿပီးေတာ့ ျမန္ျမန္ဆန္ဆန္ ထုတ္ေပးလာႏိုင္ဖြယ္ ရွိေနပါတယ္။ အထူးသျဖင့္ Galaxy S10 ဒါမွမဟုတ္ Note 10 ေတြအတြက္ ပိုၿပီးေတာ့ ျမန္ျမန္ဆန္ဆန္ရႏိုင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref: Phone Arena

[Unicode]

Samsung ရဲ့ Android 10 Update ရမယ့် စာရင်း ပေါက်ကြားလာ

ကမ္ဘာ့ စမတ်ဖုန်းအမှတ်တံဆိပ်ကြီးတွေဟာ သူတို့ရဲ့ ဟန်းဆက်တွေဆီ Android 10 ကို အမြန်ဆုံး၊ အစောဆုံး ပို့ဆောင်နိုင်ဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြပါတယ်။ စက်တင်ဘာလကတည်းက ထွက်နေခဲ့တဲ့ Android 10 Update ဟာ Google Pixel, OnePlus နဲ့ Nokia ဟန်းဆက်အချို့မှာပဲ သုံးနိုင်ခဲ့သေးတာ ဖြစ်ပါတယ်။

အခုတော့ ကမ္ဘာ့ နံပါတ်တစ် စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်တဲ့ Samsung ကလည်း သူ့ရဲ့ဟန်းဆက်တွေဆီ Android 10 Update ကို အမြန်ဆုံး ပို့ဆောင်နိုင်ဖို့ ကြိုးပမ်းနေတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ လာမယ့်အောက်တိုဘာလအတွင်း Android 10 အခြေခံထားတဲ့ Beta Update ကို ထုတ်ပေးမယ်လို့ သတင်းထွက်ထားတာကြောင့် ဖြစ်ပါတယ်။

ဒီရက်ထဲမှာတော့ များလှစွာတဲ့ Samsung ရဲ့ မော်ဒယ်စုံ ဟန်းဆက်တွေကြားထဲမှာ Android 10 Update ရနိုင်မယ့် ဟန်းဆက်မော်ဒယ်အချို့ရဲ့ စာရင်းတစ်ခု ပေါက်ကြား ထွက်ပေါ်လာခဲ့ပါတယ်။ စာရင်းအရ စုစုပေါင်း ၅၅ မျိုးသော Samsung ဟန်းဆက်တွေဟာ Android 10 Update ကို ရရှိကြမှာ ဖြစ်ပါတယ်။ စာဖတ်သူရဲ့ ဟန်းဆက်က ဒီစာရင်းထဲမှာမပါရင်တော့ Security Update တွေပဲ ဆက်ပြီးရတော့မယ်လို့ ဆိုရမှာပါ။

ဒီတစ်ခေါက် Google ရဲ့ Update ဟာ ပိုပြီးလွယ်ကူအောင်လုပ်ခဲ့တယ်လို့ သိရတာကြောင့် Samsung အနေနဲ့လည်း Stable Version ကို ပြီးခဲ့တဲ့ နှစ်ကထက် ပိုပြီးတော့ မြန်မြန်ဆန်ဆန် ထုတ်ပေးလာနိုင်ဖွယ် ရှိနေပါတယ်။ အထူးသဖြင့် Galaxy S10 ဒါမှမဟုတ် Note 10 တွေအတွက် ပိုပြီးတော့ မြန်မြန်ဆန်ဆန်ရနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

Ref: Phone Arena