[Zawgyi]

အခုဆိုရင္ Samsung က Galaxy S Series နဲ႔ Note Series ေတြကို ထုတ္လုပ္ေရာင္းခ်လာတာ ၁၀ႏွစ္တင္းတင္း ျပည့္ပါေတာ့မယ္။ ၁၀ႏွစ္ျပည့္ အထိမ္းအမွတ္ပြဲကိုေတာ့ ေဖေဖာ္ဝါရီလ ၂၀ရက္ေန႔မွာ Galaxy S10 Series မိတ္ဆက္ပြဲနဲ႔အတူ က်င္းပသြားမွာ ျဖစ္ၿပီး ေနာက္ဆုံးေပၚနည္းပညာ အသစ္အဆန္းေတြကို ျမင္ေတြ႕ခြင့္ရရွိမွာပါ။ ဒီေဆာင္းပါးေလးမွာေတာ့ Samsung က ၁၀စုႏွစ္တစ္ခုအတြင္းမွာ Galaxy စမတ္ဖုန္းေတြရဲ႕ Colors နဲ႔ Display အပိုင္းေတြကို ဆန္းသစ္တီထြင္မႈေတြနဲ႔အတူ ဆင့္ကဲ ဆင့္ကဲ တိုးတက္ေျပာင္းလာေအာင္ ဘယ္လိုမ်ိဴး လုပ္ေဆာင္ခဲ့တယ္ဆိုတာကို အဓိကထားၿပီး ေျပာျပေပးသြားမွာပါ။

Samsung က Super AMOLED Display ေတြကို လြန္ခဲ့တဲ့ ၂၀၁၀ခုႏွစ္တုန္းက စတင္မိတ္ဆက္ခဲ့တာပါ။ AMOLED Display ေတြက Colors နဲ႔ Contrast အပိုင္းေတြမွာ သာမန္ LCD Display ေတြထက္ ပိုေကာင္းသလို Pixel တစ္ခုခ်င္းစီကလည္း အဖြင့္၊ အပိတ္လုပ္လို႔ရတဲ့အတြက္ LCD Display ေတြနဲ႔ယွဥ္မယ္ဆိုရင္ ဘက္ထရီအားစား ပိုၿပီး သက္သာေစပါတယ္။ ဒါ့ေၾကာင့္ Samsung ရဲ႕ AMOLED Display ေတြကို လူႀကိဳက္မ်ားတာပါ။

၂၀၁၁ခုႏွစ္ေရာက္တဲ့အခါမွာေတာ့ Samsung က ၅.၃လက္မ မ်က္ႏွာျပင္အက်ယ္ရွိတဲ့ Galaxy Note စမတ္ဖုန္းႀကီးကို စတင္မိတ္ဆက္ခဲ့ပါတယ္။ အဲ့ဒီအခ်ိန္တုန္းက စမတ္ဖုန္းေတာ္ေတာ္မ်ားမ်ားရဲ႕ Display Size ေတြက ၄လက္မ ဝန္းက်င္သာရွိတဲ့အတြက္ ဒီေန႔ေခတ္ စမတ္ဖုန္းေတြနဲ႔ ယွဥ္မယ္ဆိုရင္ ေတာ္ေတာ္ေလး ေသးငယ္တယ္လို႔ ေျပာရမွာပါ။ ဒါေပမယ့္ Samsung ကေတာ့ ၂၀၁၁ခုႏွစ္ကတည္းက Display ႀကီးႀကီးပါတဲ့ ဖုန္းကို စြန္႔စြန္႔စားစားထုတ္လုပ္ခဲ့တာျဖစ္ၿပီး ေအာင္ျမင္မႈမ်ားစြာ သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။

Display Size ေတြႀကီးလာတာနဲ႔အမွ် စမတ္ဖုန္းကိုယ္ထည္ေတြက ပိုပိုၿပီးႀကီးလာသလို အေလးခ်ိန္ကလည္း ပိုမ်ားလာပါတယ္။ လူေတြက Display Size ႀကီးတဲ့ဖုန္းေတြကို လိုခ်င္ၾကေပမယ့္ စမတ္ဖုန္းကိုယ္ထည္ကပါ ပိုႀကီးလာတဲ့အတြက္ လက္ထဲမွာကိုင္ရတာ အဆင္မေျပျပန္ပါဘူး။ ဒါ့ေၾကာင့္ Samsung က အဲ့ဒီျပႆနာကို ေျဖရွင္းဖို႔အတြက္ Edge Display လို႔ေခၚတဲ့ Display အေကြးနည္းပညာကို တီထြင္ခဲ့ပါတယ္။

Samsung တီထြင္လိုက္တဲ့ Edge Display နည္းပညာက Display အတြက္ေနရာ ပိုရလာသလို စမတ္ဖုန္းကိုယ္ထည္ကိုလည္း ပိုႀကီးမသြားေစပါဘူး။ ေနာက္ၿပီးေတာ့ လက္ထဲမွာ ကိုင္တဲ့အခါက်ရင္လည္း က်စ္က်စ္လစ္လစ္နဲ႔ သက္ေသာင့္ သက္သာရွိေအာင္လုပ္ေပးထားတယ္လို႔ သိရပါတယ္။

Display အေကြးလုပ္တဲ့ေနရာမွာ မွန္ကို ကြဲမသြားေစဘဲ ေပ်ာ့ေပ်ာ့ေပ်ာင္းေပ်ာင္းျဖစ္ေအာင္ လုပ္တဲ့အခါ AMOLED Display ရဲ႕ ေအာက္က အလႊာတစ္ခုကို Polyimide လို႔ေခၚတဲ့ Flexible Material နဲ႔အစားထိုးေပးရပါတယ္။ ေနာက္တစ္ဆင့္မွာ Samsung ရဲ႕ 3D Thermoforming နည္းပညာနဲ႔ Display အေကြး ပုံစံေလးရေအာင္ ပုံသြင္းလိုက္ပါတယ္။ ေနာက္ဆုံးအဆင့္မွာေတာ့ အဲ့ဒီ Display ကို မာေက်ာ ခိုင္ခံ့ၿပီး ပြန္းရာ၊ ျခစ္ရာေတြခံႏိုင္ေအာင္ အေပၚကေန ဖန္သားျပင္ အလႊာတစ္ခု ဖုံးအုပ္ေပးလိုက္ပါတယ္။ ဒီနည္းပညာေတြပါတဲ့ Display ကို Galaxy Note Edge မွာစတင္အသုံးျပဳခဲ့တာ ျဖစ္ၿပီးေတာ့ ၂၀၁၄ခုႏွစ္ စက္တင္ဘာလတုန္းက မိတ္ဆက္ခဲ့တာပါ။ ဒါေပမယ့္ Galaxy Note Edge မွာတုန္းက Display ကို တစ္ဖက္ပဲ ေကြးခဲ့တာေၾကာင့္ နည္းပညာနဲ႔ ဒီဇိုင္းပိုင္းလိုအပ္ခ်က္ေတြရွိခဲ့ၿပီး ထင္သေလာက္ ေအာင္ျမင္မႈ မရရွိခဲ့ပါဘူး။

အဲ့ဒီေနာက္ Edge Display နည္းပညာကို ထပ္မံ အဆင့္ျမႇင့္တင္ၿပီး Display ကို ဘယ္၊ ညာ ၂ဘက္စလုံးေကြးထားတဲ့ Galaxy S6 Edge ကို မိတ္ဆက္ခဲ့ပါတယ္။ Galaxy S6 Edge ဟာ Display နည္းပညာဆန္းသစ္မႈနဲ႔အတူ ဒီဇိုင္းပိုင္း ေသသပ္လွပမႈေတြေၾကာင့္ လူေတာ္ေတာ္မ်ားမ်ားရဲ႕ သေဘာက် ႏွစ္သက္မႈကို ခံခဲ့ရပါတယ္။ ၂၀၁၆ခုႏွစ္ ေဖေဖာ္ဝါရီလေရာက္တဲ့အခါမွာေတာ့ Galaxy S7 Edge ကို ထပ္မံမိတ္ဆက္ခဲ့ၿပီး Galaxy S6 Edge တုန္းကလိုမ်ိဴး ေအာင္ျမင္မႈေတြကို သိမ္းပိုက္ႏိုင္ခဲ့ျပန္ပါတယ္။

၂၀၁၇ခုႏွစ္မွာေတာ့ စမတ္ဖုန္းေလာကႀကီးရဲ႕ နည္းပညာၿပိဳင္ဆိုင္မႈေတြက ျပင္းထန္လာၿပီး Bezel-less စမတ္ဖုန္းေတြ ေရပန္းစားလာခဲ့ပါတယ္။ ဒါ့ေၾကာင့္ Samsung က Edge Display ထက္ ပိုၿပီးအဆင့္ျမင့္တဲ့ Infinity Display နည္းပညာကို ႀကိဳတင္တီထြင္ခဲ့ပါတယ္။ Infinity Display နည္းပညာမွာေတာ့ Display ေနရာ ပိုရလာေအာင္ လုပ္ဖို႔အတြက္ စမတ္ဖုန္းရဲ႕ ေရွ႕မ်က္ႏွာျပင္မွာရွိတဲ့ Physical Home Key, Back Key နဲ႔ Recent Key ေတြကို ျဖဳတ္ခ်လိုက္ၿပီး Software Button အျဖစ္ စတင္ေျပာင္းလဲခဲ့ပါတယ္။ ဒီနည္းပညာကိုေတာ့ Samsung Galaxy S8 နဲ႔ S8+ စမတ္ဖုန္းေတြမွာ စတင္အသုံးျပဳခဲ့ၿပီး ၂၀၁၇ခုႏွစ္ ဧၿပီလထဲမွာ မိတ္ဆက္ခဲ့ပါတယ္။

၂၀၁၈ခုႏွစ္မွာေတာ့ Samsung က သူတို႔ရဲ႕ Developer Conference မွာ Infinity-U, Infinity-V, Infinity-O နဲ႔ New Infinity ဆိုၿပီး Display နည္းပညာ ၄မ်ိဴးကို မိတ္ဆက္ခဲ့ပါတယ္။ Infinity-V Display ေတြကို မၾကာေသးခင္က အိႏၵိယႏိုင္ငံမွာ မိတ္ဆက္သြားတဲ့ Galaxy M စီးရီးေတြမွာ ျမင္ေတြ႕ႏိုင္ၿပီး Infinity-O Display ကိုေတာ့ Galaxy A8s မွာ ျမင္ေတြ႕ႏိုင္ပါတယ္။ အသစ္ထြက္ရွိလာမယ့္ Samsung Galaxy S10 စီးရီးမွာလည္း Infinity-O Display ေတြကိုပဲ အသုံးျပဳထားတယ္လို႔ သိရပါတယ္။

လက္ရွိ စမတ္ဖုန္းေတြရဲ႕ အ႐ြယ္အစားေတြဟာ လက္ထဲမွာ ကိုင္တြယ္အသုံးျပဳဖို႔အတြက္ အသင့္ေတာ္ဆုံးနဲ႔ အႀကီးဆုံး အေနအထားကို ေရာက္ရွိေနပါၿပီ။ ဒါေပမယ့္ လူေတာ္ေတာ္မ်ားမ်ားကေတာ့ Display Size ပိုႀကီးၿပီး လက္ထဲမွာ အခ်ိန္ျပည့္ ကိုင္တြယ္အသုံးျပဳႏိုင္မယ့္ စမတ္ဖုန္းေတြကို ေမွ်ာ္လင့္ေတာင့္တေနတုန္းပါပဲ။ Display Size ႀကီးႀကီးပါတဲ့ Tablet ေတြ အမ်ားအျပားရွိေပမယ့္ သြားေလရာတိုင္း သယ္ေဆာင္ၿပီး လက္ထဲမွာ ကိုင္တြယ္အသုံးျပဳဖို႔ အဆင္မေျပပါဘူး။ ဒါ့ေၾကာင့္ Display ေတြကို Tablet လိုေရာ၊ စမတ္ဖုန္းလိုပါ ေကြးေခါက္အသုံးျပဳႏိုင္မယ့္ Foldable စမတ္ဖုန္းေတြ ေပၚေပါက္လာရျခင္း ျဖစ္ပါတယ္။

Samsung အေနနဲ႔ Foldable စမတ္ဖုန္းေတြမွာ တပ္ဆင္အသုံးျပဳမယ့္ Infinity Flex Display နည္းပညာကို လြန္ခဲ့တဲ့ ႏွစ္ေတြကတည္းက ေလ့လာစမ္းသပ္ေနခဲ့တာျဖစ္ၿပီး နည္းပညာနဲ႔ ဒီဇိုင္းပိုင္းလိုအပ္ခ်က္ေတြ ရွိခဲ့တာေၾကာင့္ လူအမ်ားရဲ႕ ေရွ႕ေမွာက္ကို ဒီေန႔အခ်ိန္ထိ ခ်ျပႏိုင္ျခင္း မရွိေသးပါဘူး။ ဒါေပမယ့္ Samsung Developer Conference မွာ Foldable ဖုန္းကို အရိပ္အႁမြက္အေနနဲ႔ ျပသခဲ့ဖူးပါတယ္။ ေနာက္ၿပီး CES 2019 မွာလည္း သက္ဆိုင္ရာ လူတခ်ိဴ႕ကို အကန္႔အသတ္နဲ႔ ထုတ္ျပခဲ့ၿပီးျဖစ္တာေၾကာင့္ နည္းပညာ အသစ္အဆန္းေတြ ပါမယ့္ Samsung ရဲ႕ Foldable ဖုန္းကို မ်က္ဝါးထင္ထင္ ျမင္ေတြ႕ရဖို႔က က်ေနာ္တို႔ရဲ႕ လက္တကမ္းအလိုမွာပဲ ရွိပါေတာ့တယ္။

Samsung ရဲ႕ Foldable ဖုန္းက 7.3 inches Infinity Flex Display ကို အသုံးျပဳထားမွာျဖစ္ၿပီး ေကြးေခါက္လိုက္မယ္ဆိုရင္ေတာ့ အိတ္ကပ္ထဲမွာ ထည့္လို႔ရတဲ့ ဖုန္းတစ္လုံးရဲ႕ အ႐ြယ္အစားေလာက္ပဲ ရွိေတာ့မွာပါ။ အဲ့ဒီလိုမ်ိဴး ေကြးေခါက္ႏိုင္ဖို႔အတြက္ Glass အစား ေပ်ာ့ေပ်ာင္းၿပီး ေရရွည္အသုံးခံႏိုင္မယ့္ Material တစ္ခုကို အစားထိုး အသုံးျပဳထားပါတယ္။ ေနာက္ၿပီးေတာ့ Display ကို ေကြးလိုက္၊ ေခါက္လိုက္ အႀကိမ္ေပါင္းမ်ားစြာ ျပဳလုပ္တဲ့အခါမွာလည္း ခံႏိုင္ရည္ရွိေအာင္ ျပဳလုပ္ေပးထားတယ္လို႔ သိရပါတယ္။

အေရာင္က Consumers ေတြရဲ႕ အာ႐ုံကို ဆြဲေဆာင္ႏိုင္တဲ့ ပထမဦးဆုံးေသာ အရာတစ္ခုျဖစ္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ လူတစ္ေယာက္ရဲ႕ စိတ္ခံစားမႈနဲ႔ဆိုင္တဲ့ တုန္႔ျပန္မႈေတြကို အေရာင္ေတြက ဖန္တီးေပးႏိုင္လို႔ပါ။ ဒါ့ေၾကာင့္ Samsung မွာရွိတဲ့ Developers အဖြဲ႕နဲ႔ Designers အဖြဲ႕ေတြက ဒီဇိုင္းလွလွေလးနဲ႔ အေရာင္ဆန္းဆန္း ထုတ္ကုန္ေတြရဖို႔အတြက္ အတူတူ အလုပ္လုပ္ၾကတယ္လို႔ သိရပါတယ္။

ဥပမာအေနနဲ႔ ေျပာရမယ္ဆိုရင္ Samsung က Galaxy S6 နဲ႔ Galaxy S6 Edge မွာကတည္းက Black Sapphire, Gold Platinum, White Pearl, Blue Topaz နဲ႔ Green Emerald တို႔လိုမ်ိဴး ခပ္ဆန္းဆန္းအေရာင္ေတြကို အသုံးျပဳခဲ့တာပါ။

ေသသပ္လွပတဲ့ ထုတ္ကုန္ဒီဇိုင္းကို ရဖို႔အတြက္ CMF လို႔ေခၚတဲ့ Color , Material နဲ႔ Finishing အပိုင္း ၃ပိုင္းမွာ ၿပီးျပည့္စုံဖို႔ လိုပါတယ္။ က်ေနာ္တို႔လို Consumer ေတြက ထုတ္ကုန္တစ္ခုကို ဝယ္ေတာ့မယ္ဆိုရင္ ပထမဦးဆုံး သတိထားမိတာက အေရာင္ျဖစ္ပါတယ္။ ေနာက္ၿပီးေတာ့ အဲ့ဒီထုတ္ကုန္ကို ဝယ္ယူဖို႔ဆုံးျဖတ္ခ်က္ခ်တဲ့ အခါမွာလည္း အေရာင္က တိုက္႐ိုက္အက်ိဴးသက္ေရာက္မႈ ရွိေစပါတယ္။ ေနာက္တစ္ခ်က္က Material ပါ။ ထုတ္ကုန္မွာ အသုံးျပဳထားတဲ့ ပစၥည္းေတြကလည္း အေရးႀကီးတဲ့ ေသာ့ခ်က္ျဖစ္ၿပီးေတာ့ သူရဲ႕ Quality ကိုေပၚလြင္ေစပါတယ္။ ေနာက္ၿပီး ထုတ္ကုန္ရဲ႕ ပုံရိပ္ကိုလည္း ၾသဇာလႊမ္းမိုးမႈရွိေစပါတယ္။

ေနာက္ဆုံးအခ်က္ကေတာ့ Finishing အေခ်ာသတ္ျခင္း ျဖစ္ပါတယ္။ လွပဆန္းသစ္တဲ့ အေရာင္နဲ႔ အေကာင္းစား ပစၥည္းေတြကို အသုံးျပဳထားတယ္ဆိုရင္ေတာင္မွ အေခ်ာသတ္မေကာင္းရင္ ေသသပ္လွပတဲ့ ထုတ္ကုန္ဒီဇိုင္းကို မရရွိႏိုင္ပါဘူး။ ဒါ့ေၾကာင့္ အေခ်ာသတ္ေကာင္းဖို႔ကလည္း ထုတ္ကုန္ရဲ႕ ဒီဇိုင္းလွပဖို႔အတြက္ အေရးႀကီးတဲ့ အခ်က္တစ္ခ်က္ပါပဲ။

Samsung အေနနဲ႔ Keypad မိုလ္ဘိုင္းဖုန္းေခတ္ကတည္းက သူတို႔ရဲ႕ ဖုန္းေတြမွာ Yellow, Gold, Orange, Green, Blue စတဲ့ အေရာင္မ်ိဴးမ်ိဴးကို အသုံးျပဳခဲ့တာျဖစ္ၿပီး ဒီဇိုင္းပိုင္းကိုလည္း လွပဆန္းသစ္ေအာင္ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ ဒီအခ်က္ေတြကို ၾကည့္ခ်င္းအားျဖင့္ Samsung ဟာ လြန္ခဲ့တဲ့ ၁၀စုႏွစ္ကတည္းက Display, Color နဲ႔ ဒီဇိုင္းအပိုင္းေတြမွာ အမ်ိဴးမ်ိဴးေသာ တီထြင္ဆန္းသစ္မႈေတြကို ဆင့္ကဲ ဆင့္ကဲ့ တိုးတက္ေျပာင္းလဲလာေအာင္ ႀကိဳးစားအားထုတ္ခဲ့တယ္ဆိုတာ ေပၚလြင္ေစပါတယ္။ ဒါ့ေၾကာင့္ ေဖေဖာ္ဝါရီလ ၂၀ရက္ေန႔ (ဒီေန႔) မွာ က်င္းပသြားမယ့္ Galaxy S10 စီးရီးမိတ္ဆက္ပြဲမွာလည္း နည္းပညာ အသစ္အဆန္းေတြကို သယ္ေဆာင္လာေလ့ရွိတဲ့ Samsung ရဲ႕ တီထြင္ဆန္းသစ္မႈေတြကို ထမ္မံ ျမင္ေတြ႕ရလိမ့္မယ္ ေမွ်ာ္လင့္မိပါတယ္။

[Unicode]

၁၀စုနှစ်တစ်ခုအတွင်း အဆင့်ဆင့် တိုးတက်ပြောင်းလဲလာတဲ့ Samsung Galaxy စမတ်ဖုန်းတွေရဲ့ သမိုင်းကြောင်း

အခုဆိုရင် Samsung က Galaxy S Series နဲ့ Note Series တွေကို ထုတ်လုပ်ရောင်းချလာတာ ၁၀နှစ်တင်းတင်း ပြည့်ပါတော့မယ်။ ၁၀နှစ်ပြည့် အထိမ်းအမှတ်ပွဲကိုတော့ ဖေဖော်ဝါရီလ ၂၀ရက်နေ့မှာ Galaxy S10 Series မိတ်ဆက်ပွဲနဲ့အတူ ကျင်းပသွားမှာ ဖြစ်ပြီး နောက်ဆုံးပေါ်နည်းပညာ အသစ်အဆန်းတွေကို မြင်တွေ့ခွင့်ရရှိမှာပါ။ ဒီဆောင်းပါးလေးမှာတော့ Samsung က ၁၀စုနှစ်တစ်ခုအတွင်းမှာ Galaxy စမတ်ဖုန်းတွေရဲ့ Colors နဲ့ Display အပိုင်းတွေကို ဆန်းသစ်တီထွင်မှုတွေနဲ့အတူ ဆင့်ကဲ ဆင့်ကဲ တိုးတက်ပြောင်းလာအောင် ဘယ်လိုမျိူး လုပ်ဆောင်ခဲ့တယ်ဆိုတာကို အဓိကထားပြီး ပြောပြပေးသွားမှာပါ။

Samsung က Super AMOLED Display တွေကို လွန်ခဲ့တဲ့ ၂၀၁၀ခုနှစ်တုန်းက စတင်မိတ်ဆက်ခဲ့တာပါ။ AMOLED Display တွေက Colors နဲ့ Contrast အပိုင်းတွေမှာ သာမန် LCD Display တွေထက် ပိုကောင်းသလို Pixel တစ်ခုချင်းစီကလည်း အဖွင့်၊ အပိတ်လုပ်လို့ရတဲ့အတွက် LCD Display တွေနဲ့ယှဥ်မယ်ဆိုရင် ဘက်ထရီအားစား ပိုပြီး သက်သာစေပါတယ်။ ဒါ့ကြောင့် Samsung ရဲ့ AMOLED Display တွေကို လူကြိုက်များတာပါ။

၂၀၁၁ခုနှစ်ရောက်တဲ့အခါမှာတော့ Samsung က ၅.၃လက်မ မျက်နှာပြင်အကျယ်ရှိတဲ့ Galaxy Note စမတ်ဖုန်းကြီးကို စတင်မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက စမတ်ဖုန်းတော်တော်များများရဲ့ Display Size တွေက ၄လက်မ ဝန်းကျင်သာရှိတဲ့အတွက် ဒီနေ့ခေတ် စမတ်ဖုန်းတွေနဲ့ ယှဥ်မယ်ဆိုရင် တော်တော်လေး သေးငယ်တယ်လို့ ပြောရမှာပါ။ ဒါပေမယ့် Samsung ကတော့ ၂၀၁၁ခုနှစ်ကတည်းက Display ကြီးကြီးပါတဲ့ ဖုန်းကို စွန့်စွန့်စားစားထုတ်လုပ်ခဲ့တာဖြစ်ပြီး အောင်မြင်မှုများစွာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Display Size တွေကြီးလာတာနဲ့အမျှ စမတ်ဖုန်းကိုယ်ထည်တွေက ပိုပိုပြီးကြီးလာသလို အလေးချိန်ကလည်း ပိုများလာပါတယ်။ လူတွေက Display Size ကြီးတဲ့ဖုန်းတွေကို လိုချင်ကြပေမယ့် စမတ်ဖုန်းကိုယ်ထည်ကပါ ပိုကြီးလာတဲ့အတွက် လက်ထဲမှာကိုင်ရတာ အဆင်မပြေပြန်ပါဘူး။ ဒါ့ကြောင့် Samsung က အဲ့ဒီပြဿနာကို ဖြေရှင်းဖို့အတွက် Edge Display လို့ခေါ်တဲ့ Display အကွေးနည်းပညာကို တီထွင်ခဲ့ပါတယ်။

Samsung တီထွင်လိုက်တဲ့ Edge Display နည်းပညာက Display အတွက်နေရာ ပိုရလာသလို စမတ်ဖုန်းကိုယ်ထည်ကိုလည်း ပိုကြီးမသွားစေပါဘူး။ နောက်ပြီးတော့ လက်ထဲမှာ ကိုင်တဲ့အခါကျရင်လည်း ကျစ်ကျစ်လစ်လစ်နဲ့ သက်သောင့် သက်သာရှိအောင်လုပ်ပေးထားတယ်လို့ သိရပါတယ်။

Display အကွေးလုပ်တဲ့နေရာမှာ မှန်ကို ကွဲမသွားစေဘဲ ပျော့ပျော့ပျောင်းပျောင်းဖြစ်အောင် လုပ်တဲ့အခါ AMOLED Display ရဲ့ အောက်က အလွှာတစ်ခုကို Polyimide လို့ခေါ်တဲ့ Flexible Material နဲ့အစားထိုးပေးရပါတယ်။ နောက်တစ်ဆင့်မှာ Samsung ရဲ့ 3D Thermoforming နည်းပညာနဲ့ Display အကွေး ပုံစံလေးရအောင် ပုံသွင်းလိုက်ပါတယ်။ နောက်ဆုံးအဆင့်မှာတော့ အဲ့ဒီ Display ကို မာကျော ခိုင်ခံ့ပြီး ပွန်းရာ၊ ခြစ်ရာတွေခံနိုင်အောင် အပေါ်ကနေ ဖန်သားပြင် အလွှာတစ်ခု ဖုံးအုပ်ပေးလိုက်ပါတယ်။ ဒီနည်းပညာတွေပါတဲ့ Display ကို Galaxy Note Edge မှာစတင်အသုံးပြုခဲ့တာ ဖြစ်ပြီးတော့ ၂၀၁၄ခုနှစ် စက်တင်ဘာလတုန်းက မိတ်ဆက်ခဲ့တာပါ။ ဒါပေမယ့် Galaxy Note Edge မှာတုန်းက Display ကို တစ်ဖက်ပဲ ကွေးခဲ့တာကြောင့် နည်းပညာနဲ့ ဒီဇိုင်းပိုင်းလိုအပ်ချက်တွေရှိခဲ့ပြီး ထင်သလောက် အောင်မြင်မှု မရရှိခဲ့ပါဘူး။

အဲ့ဒီနောက် Edge Display နည်းပညာကို ထပ်မံ အဆင့်မြှင့်တင်ပြီး Display ကို ဘယ်၊ ညာ ၂ဘက်စလုံးကွေးထားတဲ့ Galaxy S6 Edge ကို မိတ်ဆက်ခဲ့ပါတယ်။ Galaxy S6 Edge ဟာ Display နည်းပညာဆန်းသစ်မှုနဲ့အတူ ဒီဇိုင်းပိုင်း သေသပ်လှပမှုတွေကြောင့် လူတော်တော်များများရဲ့ သဘောကျ နှစ်သက်မှုကို ခံခဲ့ရပါတယ်။ ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလရောက်တဲ့အခါမှာတော့ Galaxy S7 Edge ကို ထပ်မံမိတ်ဆက်ခဲ့ပြီး Galaxy S6 Edge တုန်းကလိုမျိူး အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်ခဲ့ပြန်ပါတယ်။

၂၀၁၇ခုနှစ်မှာတော့ စမတ်ဖုန်းလောကကြီးရဲ့ နည်းပညာပြိုင်ဆိုင်မှုတွေက ပြင်းထန်လာပြီး Bezel-less စမတ်ဖုန်းတွေ ရေပန်းစားလာခဲ့ပါတယ်။ ဒါ့ကြောင့် Samsung က Edge Display ထက် ပိုပြီးအဆင့်မြင့်တဲ့ Infinity Display နည်းပညာကို ကြိုတင်တီထွင်ခဲ့ပါတယ်။ Infinity Display နည်းပညာမှာတော့ Display နေရာ ပိုရလာအောင် လုပ်ဖို့အတွက် စမတ်ဖုန်းရဲ့ ရှေ့မျက်နှာပြင်မှာရှိတဲ့ Physical Home Key, Back Key နဲ့ Recent Key တွေကို ဖြုတ်ချလိုက်ပြီး Software Button အဖြစ် စတင်ပြောင်းလဲခဲ့ပါတယ်။ ဒီနည်းပညာကိုတော့ Samsung Galaxy S8 နဲ့ S8+ စမတ်ဖုန်းတွေမှာ စတင်အသုံးပြုခဲ့ပြီး ၂၀၁၇ခုနှစ် ဧပြီလထဲမှာ မိတ်ဆက်ခဲ့ပါတယ်။

၂၀၁၈ခုနှစ်မှာတော့ Samsung က သူတို့ရဲ့ Developer Conference မှာ Infinity-U, Infinity-V, Infinity-O နဲ့ New Infinity ဆိုပြီး Display နည်းပညာ ၄မျိူးကို မိတ်ဆက်ခဲ့ပါတယ်။ Infinity-V Display တွေကို မကြာသေးခင်က အိန္ဒိယနိုင်ငံမှာ မိတ်ဆက်သွားတဲ့ Galaxy M စီးရီးတွေမှာ မြင်တွေ့နိုင်ပြီး Infinity-O Display ကိုတော့ Galaxy A8s မှာ မြင်တွေ့နိုင်ပါတယ်။ အသစ်ထွက်ရှိလာမယ့် Samsung Galaxy S10 စီးရီးမှာလည်း Infinity-O Display တွေကိုပဲ အသုံးပြုထားတယ်လို့ သိရပါတယ်။

လက်ရှိ စမတ်ဖုန်းတွေရဲ့ အရွယ်အစားတွေဟာ လက်ထဲမှာ ကိုင်တွယ်အသုံးပြုဖို့အတွက် အသင့်တော်ဆုံးနဲ့ အကြီးဆုံး အနေအထားကို ရောက်ရှိနေပါပြီ။ ဒါပေမယ့် လူတော်တော်များများကတော့ Display Size ပိုကြီးပြီး လက်ထဲမှာ အချိန်ပြည့် ကိုင်တွယ်အသုံးပြုနိုင်မယ့် စမတ်ဖုန်းတွေကို မျှော်လင့်တောင့်တနေတုန်းပါပဲ။ Display Size ကြီးကြီးပါတဲ့ Tablet တွေ အများအပြားရှိပေမယ့် သွားလေရာတိုင်း သယ်ဆောင်ပြီး လက်ထဲမှာ ကိုင်တွယ်အသုံးပြုဖို့ အဆင်မပြေပါဘူး။ ဒါ့ကြောင့် Display တွေကို Tablet လိုရော၊ စမတ်ဖုန်းလိုပါ ကွေးခေါက်အသုံးပြုနိုင်မယ့် Foldable စမတ်ဖုန်းတွေ ပေါ်ပေါက်လာရခြင်း ဖြစ်ပါတယ်။

Samsung အနေနဲ့ Foldable စမတ်ဖုန်းတွေမှာ တပ်ဆင်အသုံးပြုမယ့် Infinity Flex Display နည်းပညာကို လွန်ခဲ့တဲ့ နှစ်တွေကတည်းက လေ့လာစမ်းသပ်နေခဲ့တာဖြစ်ပြီး နည်းပညာနဲ့ ဒီဇိုင်းပိုင်းလိုအပ်ချက်တွေ ရှိခဲ့တာကြောင့် လူအများရဲ့ ရှေ့မှောက်ကို ဒီနေ့အချိန်ထိ ချပြနိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမယ့် Samsung Developer Conference မှာ Foldable ဖုန်းကို အရိပ်အမြွက်အနေနဲ့ ပြသခဲ့ဖူးပါတယ်။ နောက်ပြီး CES 2019 မှာလည်း သက်ဆိုင်ရာ လူတချိူ့ကို အကန့်အသတ်နဲ့ ထုတ်ပြခဲ့ပြီးဖြစ်တာကြောင့် နည်းပညာ အသစ်အဆန်းတွေ ပါမယ့် Samsung ရဲ့ Foldable ဖုန်းကို မျက်ဝါးထင်ထင် မြင်တွေ့ရဖို့က ကျနော်တို့ရဲ့ လက်တကမ်းအလိုမှာပဲ ရှိပါတော့တယ်။

Samsung ရဲ့ Foldable ဖုန်းက 7.3 inches Infinity Flex Display ကို အသုံးပြုထားမှာဖြစ်ပြီး ကွေးခေါက်လိုက်မယ်ဆိုရင်တော့ အိတ်ကပ်ထဲမှာ ထည့်လို့ရတဲ့ ဖုန်းတစ်လုံးရဲ့ အရွယ်အစားလောက်ပဲ ရှိတော့မှာပါ။ အဲ့ဒီလိုမျိူး ကွေးခေါက်နိုင်ဖို့အတွက် Glass အစား ပျော့ပျောင်းပြီး ရေရှည်အသုံးခံနိုင်မယ့် Material တစ်ခုကို အစားထိုး အသုံးပြုထားပါတယ်။ နောက်ပြီးတော့ Display ကို ကွေးလိုက်၊ ခေါက်လိုက် အကြိမ်ပေါင်းများစွာ ပြုလုပ်တဲ့အခါမှာလည်း ခံနိုင်ရည်ရှိအောင် ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။

အရောင်က Consumers တွေရဲ့ အာရုံကို ဆွဲဆောင်နိုင်တဲ့ ပထမဦးဆုံးသော အရာတစ်ခုဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်ရဲ့ စိတ်ခံစားမှုနဲ့ဆိုင်တဲ့ တုန့်ပြန်မှုတွေကို အရောင်တွေက ဖန်တီးပေးနိုင်လို့ပါ။ ဒါ့ကြောင့် Samsung မှာရှိတဲ့ Developers အဖွဲ့နဲ့ Designers အဖွဲ့တွေက ဒီဇိုင်းလှလှလေးနဲ့ အရောင်ဆန်းဆန်း ထုတ်ကုန်တွေရဖို့အတွက် အတူတူ အလုပ်လုပ်ကြတယ်လို့ သိရပါတယ်။

ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် Samsung က Galaxy S6 နဲ့ Galaxy S6 Edge မှာကတည်းက Black Sapphire, Gold Platinum, White Pearl, Blue Topaz နဲ့ Green Emerald တို့လိုမျိူး ခပ်ဆန်းဆန်းအရောင်တွေကို အသုံးပြုခဲ့တာပါ။

သေသပ်လှပတဲ့ ထုတ်ကုန်ဒီဇိုင်းကို ရဖို့အတွက် CMF လို့ခေါ်တဲ့ Color , Material နဲ့ Finishing အပိုင်း ၃ပိုင်းမှာ ပြီးပြည့်စုံဖို့ လိုပါတယ်။ ကျနော်တို့လို Consumer တွေက ထုတ်ကုန်တစ်ခုကို ဝယ်တော့မယ်ဆိုရင် ပထမဦးဆုံး သတိထားမိတာက အရောင်ဖြစ်ပါတယ်။ နောက်ပြီးတော့ အဲ့ဒီထုတ်ကုန်ကို ဝယ်ယူဖို့ဆုံးဖြတ်ချက်ချတဲ့ အခါမှာလည်း အရောင်က တိုက်ရိုက်အကျိူးသက်ရောက်မှု ရှိစေပါတယ်။ နောက်တစ်ချက်က Material ပါ။ ထုတ်ကုန်မှာ အသုံးပြုထားတဲ့ ပစ္စည်းတွေကလည်း အရေးကြီးတဲ့ သော့ချက်ဖြစ်ပြီးတော့ သူရဲ့ Quality ကိုပေါ်လွင်စေပါတယ်။ နောက်ပြီး ထုတ်ကုန်ရဲ့ ပုံရိပ်ကိုလည်း သြဇာလွှမ်းမိုးမှုရှိစေပါတယ်။

နောက်ဆုံးအချက်ကတော့ Finishing အချောသတ်ခြင်း ဖြစ်ပါတယ်။ လှပဆန်းသစ်တဲ့ အရောင်နဲ့ အကောင်းစား ပစ္စည်းတွေကို အသုံးပြုထားတယ်ဆိုရင်တောင်မှ အချောသတ်မကောင်းရင် သေသပ်လှပတဲ့ ထုတ်ကုန်ဒီဇိုင်းကို မရရှိနိုင်ပါဘူး။ ဒါ့ကြောင့် အချောသတ်ကောင်းဖို့ကလည်း ထုတ်ကုန်ရဲ့ ဒီဇိုင်းလှပဖို့အတွက် အရေးကြီးတဲ့ အချက်တစ်ချက်ပါပဲ။

Samsung အနေနဲ့ Keypad မိုလ်ဘိုင်းဖုန်းခေတ်ကတည်းက သူတို့ရဲ့ ဖုန်းတွေမှာ Yellow, Gold, Orange, Green, Blue စတဲ့ အရောင်မျိူးမျိူးကို အသုံးပြုခဲ့တာဖြစ်ပြီး ဒီဇိုင်းပိုင်းကိုလည်း လှပဆန်းသစ်အောင် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအချက်တွေကို ကြည့်ချင်းအားဖြင့် Samsung ဟာ လွန်ခဲ့တဲ့ ၁၀စုနှစ်ကတည်းက Display, Color နဲ့ ဒီဇိုင်းအပိုင်းတွေမှာ အမျိူးမျိူးသော တီထွင်ဆန်းသစ်မှုတွေကို ဆင့်ကဲ ဆင့်ကဲ့ တိုးတက်ပြောင်းလဲလာအောင် ကြိုးစားအားထုတ်ခဲ့တယ်ဆိုတာ ပေါ်လွင်စေပါတယ်။ ဒါ့ကြောင့် ဖေဖော်ဝါရီလ ၂၀ရက်နေ့ (ဒီနေ့) မှာ ကျင်းပသွားမယ့် Galaxy S10 စီးရီးမိတ်ဆက်ပွဲမှာလည်း နည်းပညာ အသစ်အဆန်းတွေကို သယ်ဆောင်လာလေ့ရှိတဲ့ Samsung ရဲ့ တီထွင်ဆန်းသစ်မှုတွေကို ထမ်မံ မြင်တွေ့ရလိမ့်မယ် မျှော်လင့်မိပါတယ်။