Samsung Electronics မှ ၎င်း၏ နောက်ဆုံးပေါ် Galaxy A Series စမတ်ဖုန်းမော်ဒယ်များ ဖြစ်သည့် A51၊ A71၊ A01 တို့နှင့်အတူ အခြားသော စမတ်ဖုန်း အမျိုးအစား အသစ်တစ်ခု ဖြစ်သည့် Galaxy Note 10 Lite တို့အား ရန်ကုန်မြို့၊ Junction Square Outdoor Area ၌ ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် မိတ်ဆက်ခဲ့သည်။ ယခုအသစ်ထွက်ရှိလာသော Galaxy A Series စမတ်ဖုန်းများသည် အဆင့်မြင့် စမတ်ဖုန်း လုပ်ဆောင်ချက်များအား သင့်တင့်သော ဈေးနှုန်းဖြင့် ရယူအသုံးပြုလိုသည့် သုံးစွဲသူများအတွက် အသင့်တော်ဆုံး ရွေးချယ်မှုတစ်ခု ဖြစ်လာမည် ဖြစ်ပြီး သုံးစွဲသူများအတွက် အကောင်းဆုံးသော အတွေ့အကြုံများ ပေးအပ်နိုင်ရန် အရည်အသွေးမြင့် ကင်မရာလုပ်ဆောင်ချက်၊ အဆင့်မြင့် ဒီဇိုင်းနှင့် တာရှည်ခံ ဘက်ထရီတို့အား အဆိုပါ စမတ်ဖုန်းများတွင် ထည့်သွင်းပေးထားသည်။

လက်ရှိအချိန်တွင် လူတိုင်းသည် မိမိတို့၏ ကိုယ်ပိုင်ဘဝများအား အွန်လိုင်းပေါ်တွင် ပိုမို အချိန်ပေး မျှဝေလာကြပြီး live video များ၊ Selfie ရိုက်ကူးမှုများနှင့် ဂိမ်းကစားခြင်းများ ပိုမို ပြုလုပ်လာကြသည်နှင့်အမျှ မိုဘိုင်းဖုန်းများသည် လူနေထိုင်မှုစနစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့သည်။ ယခု Samsung Galaxy စမတ်ဖုန်း အသစ်များသည် အကောင်းမွန်ဆုံး မိုဘိုင်းဖုန်း အသုံးပြုမှု အတွေ့အကြုံများအား သင့်တော်သော နှုန်းထားနှင့် ပေးအပ်သွားမည် ဖြစ်ပြီး နေ့စဉ်တိုးတက်ပြောင်းလဲနေသော လူနေမှုစနစ်များအား ပိုမို ပြီးပြည့်စုံစေမည် ဖြစ်သည်။ ယခု စမတ်ဖုန်းများသည် မိမိတို့၏ လုပ်ဆောင်ချက်များအား ပိုမိုတိုးတက်လာစေမည် ဖြစ်ပြီး သုံးစွဲသူများ အနေနှင့် ပိုမိုကောင်းမွန်မြင့်မားသော စွမ်းဆောင်ရည်များအား ပြသသွားနိုင်မည် ဖြစ်သည်။ Samsung သည် ယခု မိတ်ဆက်လိုက်သော Samsung Galaxy စမတ်ဖုန်း တစ်မျိုးချင်းစီတွင် သုံးစွဲသူများ အတွက် အရေးအပါဆုံးဖြစ်သည့် အရည်အသွေး မြင့်မားသော ကင်မရာစွမ်းဆောင်ရည်၊ ပိုမိုကောင်းမွန်သော မျက်နှာပြင်အရည်အသွေးနှင့် သက်တမ်းကြာရှည်ခံသော ဘက်ထရီ စသည့် အဆင့်မြင့်မားသော တီထွင်ဖန်တီးမှု များအား ထည့်သွင်းပေးထားသည်။

“သုံးစွဲသူတွေအတွက် အရည်အသွေးမြင့် စမတ်ဖုန်း အသုံးပြုမှု အတွေ့အကြုံတွေကို သင့်တင်မျှတတဲ့ နှုန်းထား တွေနဲ့ ပေးအပ်သွားနိုင်ဖို့ဆိုတာ Samsung ရဲ့ အဓိက ရည်သန်ချက် တစ်ခု ဖြစ်ပါတယ်။ တက္ကသိုလ်မှာ ပညာသင်ကြားနေသူ ဖြစ်ဖြစ်၊ ဘွဲ့ရပြီးသားသူပဲ ဖြစ်ဖြစ်၊ Tik Tok အသုံးပြုရတာ ကြိုက်နှစ်သက်သူပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် မိသားစုနဲ့ ဆက်သွယ်လိုတဲ့ အဘိုးအဘွားတွေပဲ ဖြစ်ဖြစ် လူတိုင်းရဲ့ နေ့စဉ်ဘဝတွေနဲ့ ကိုက်ညီမှု ရှိမယ့် စမတ်ဖုန်းတွေကို ဖန်တီးထုတ်လုပ်ဖို့ Samsung အနေနဲ့ အစဉ်တစိုက် ကြိုးပမ်းလုပ်ဆောင်နေပါတယ်။ ဒါကြောင့်မိုလို့ အခု မိတ်ဆက်လိုက်တဲ့ စမတ်ဖုန်း အမျိုးအစား အသစ်တွေမှာလည်း အံ့အားသင့်စရာကောင်းတဲ့ လုပ်ဆောင်ချက်တွေ ကို သင့်တင်မျှတတဲ့ နှုန်းထားနဲ့ ရယူပိုင်ဆိုင်နိုင်စေဖို့ လုပ်ဆောင်ထားပါတယ်” ဟု Samsung Myanmar ၏ Head of Business Group ဖြစ်သူ ကိုဇာနည်ဝင်းထက်မှ ပြောကြားခဲ့သည်။

Galaxy A51

Galaxy A51 စမတ်ဖုန်းတွင် အဆင့်မြင့် ၆.၅” SUPER AMOLED မျက်နှာပြင်နှင့် တြိဂံထောင့်ချိုးပုံစံ ကျောဖက် ဒီဇိုင်း ထည့်သွင်းပေးထားသည့်အတွက် သုံးစွဲသူများအနေနှင့် ၎င်းတို့၏ အကြိုက်နှစ်သက်ဆုံး တီဗီ အစီအစဉ်များအား ကြည့်ရှုရာတွင် ဖြစ်စေ၊ သူငယ်ချင်းများ၊ မိသားစုများနှင့် ဆက်သွယ်ပြောဆိုရာတွင် ဖြစ်စေ အဆင်ပြေလွယ်ကူမှု အပြည့်အဝ ရရှိစေမည် ဖြစ်သည်။ 32MP အရည်အသွေးရှိ ကင်မရာကိုလည်း Galaxy A51 စမတ်ဖုန်း၏ Infinity O မျက်နှာပြင်တွင် တပ်ဆင်ပေးထားသည့်အတွက် အရည်အသွေးမြင့် ပုံရိပ်များအား စိတ်တိုင်းကျ ရိုက်ကူးသွားနိုင်မည် ဖြစ်သည့်နည်းတူ ဗီဒီယိုများ ကြည့်ရှုရာတွင်နှင့် ဂိမ်းကစားရာတွင်လည်း အဆင်ပြေ လွယ်ကူမှု အပြည့်အဝ ရရှိစေမည် ဖြစ်သည်။ Samsung သည် Galaxy A Series စမတ်ဖုန်းများတွင် ပထမဆုံးအဖြစ် 5MP (Macro) + 5MP (Depth) + 48MP (Wide) + 12MP (Ultra-wide) ကင်မရာ ၄ လုံးကို တစ်ပြိုင်နက်တည်း တပ်ဆင်ပေးထားသည့် အတွက် ကြည်လင် ပြတ်သားသော ဗီဒီယိုများကို နေရာဒေသမရွေး၊ အချိန်မရွေး ရိုက်ကူးသွားနိုင်မည် ဖြစ်သည်။ Galaxy A 51 စမတ်ဖုန်းတွင် ပါဝင်သည့် macro ကင်မရာသည် အရာဝတ္တုများ၊ ပုံရိပ်များအား အသေးစိတ်ကျကျ ကြည်လင်ပြတ်သားစွာ ရိုက်ကူးနိုင်စေရန် ထောက်ပံ့ပေးနိုင်မည့်အပြင် Depth ကင်မရာသည်လည်း မိမိ အသားပေးရိုက်ကူးလိုသည့် ဝတ္တုများအား ပိုမို ကြည်လင်ထင်ရှားစွာ ရိုက်ကူးနိုင်စေရန် Live Focus နည်းပညာ အသုံးပြု၍ လုပ်ဆောင်ပေးနိုင်မည် ဖြစ်သည်။ ထို့အပြင် Galaxy A51 စမတ်ဖုန်းတွင် 4,000mAh ဘက်ထရီ တပ်ဆင်ပေးထားသည့်အတွက် အမှတ်တရ ဖြစ်ဖွယ် အခိုက်အတန့်များအား စိတ်တိုင်းကျ ရိုက်ကူးသွားနိုင်မည် ဖြစ်သည်။

Galaxy A71

သုံးစွဲသူများ စိတ်ကျေနပ်မှု အပြည့်အဝ ရရှိစေမည့် ကင်မရာ၊ ဗီဒီယိုနှင့် ဘက်ထရီ စွမ်းဆောင်ရည်များ ထည့်သွင်း ပေးထားသည့် Galaxy A71 စမတ်ဖုန်းသည် သာမန် mid-range ဖုန်းများထက် ပိုမိုကောင်းမွန်သော အရည်အသွေးကို ပေးစွမ်းနိုင်မည် ဖြစ်သည်။ ဤ Galaxy A71 စမတ်ဖုန်းတွင် အဆင့်မြင့် ကျောဖက် ကင်မရာ ၄ လုံး ပါဝင်ပြီး 5MP (Macro) + 5MP (Depth) + 64 MP + 12 MP (Ultra-wide) lens များလည်း တပ်ဆင်ပေး ထားသည့်အတွက် အမှတ်ရဖွယ် အခိုက်အတန့်များ အားလုံးကို မလွတ်တမ်း ကြည်လင်ပြတ်သားစွာ ရိုက်ကူးသိမ်းဆည်း ထားနိုင်မည် ဖြစ်သည်။ စမတ်ဖုန်းတွင် ပါရှိသည့် Ultra-wide ကင်မရာ လုပ်ဆောင်ချက်သည် ၁၂၃ ဒီဂရီ အထိ ကျယ်ပြန့်သော ပုံရိပ်များကို ရိုက်ကူးသွားနိုင်မည် ဖြစ်သည့်အပြင် 4,500mAh ဘက်ထရီနှင့် 25 W super-fast charging အားသွင်းစနစ်လည်း ပါရှိသည့်အတွက် ပုံရိပ်များအား အဆင်ပြေ လွယ်ကူစွာ စိတ်ကြိုက်ရိုက်ကူး သွားနိုင်မည် ဖြစ်သည်။ ထို့အပြင် ၆.၇” Super AMOLED Infinity O မျက်နှာပြင် တပ်ဆင်ပေးထားသည့်အတွက် သုံးစွဲသူများသည် Full HD+ အရည်အသွေးရှိ ဗီဒီယိုများ ရိုက်ကူးခြင်း၊ ကြည့်ရှုခြင်းနှင့် ဂိမ်းကစားခြင်းများအား အနှောင့်အယှက် ကင်းကင်းဖြင့် အဆင်ပြေလွယ်ကူစွာ လုပ်ဆောင်သွား နိုင်မည် ဖြစ်သည်။ လုံခြုံရေးစနစ် အနေနှင့်လည်း Galaxy A71 စမတ်ဖုန်းများတွင် on-screen fingerprint scanner (လက်ဗွေရာ လုံခြုံရေးစနစ်) နှင့် face recognition စနစ်များ တပ်ဆင်ပေးထားသည့်အတွက် သုံးစွဲသူများအတွက် ပိုမိုအဆင်ပြေလုံခြုံမှု ရရှိစေမည် ဖြစ်သည်။

Galaxy A01

မျက်နှာပြင် အကျယ် ၅.၇ လက်မ ရှိပြီး စတိုင်ကျကျဒီဇိုင်း HD+ Infinity V display ဖြင့် ထွက်ရှိလာသော Galaxy A01 သည် အရည်အသွေးမြင့် လုပ်ဆောင်ချက်များအား အသင့်တော်ဆုံး နှုန်းထားဖြင့် ရယူအသုံးပြုလိုသူများ အတွက် အသင့်တော်ဆုံး စမတ်ဖုန်းတစ်လုံးပင် ဖြစ်သည်။ ဤ Galaxy A01 စမတ်ဖုန်းတွင် 3,000mAh ဘက်ထရီ၊ 2GB RAM နှင့် 16GB internal storage ထည့်သွင်းထားသည့် အပြင် အရည်အသွေးမြင့် ကင်မရာ စွမ်းဆောင်ချက်များနှင့် နောက်ဆုံးပေါ် gesture functions (လက်ဟန်အမူအရာ လုပ်ဆောင်ချက်များ) လည်း ပါဝင်သောကြောင့် သုံးစွဲသူများအတွက် အကောင်းမွန်ဆုံးသော အတွေ့အကြုံများအား ပေးစွမ်းသွားနိုင်မည် ဖြစ်သည်။

Galaxy Note 10 Lite

Galaxy Note Series များအနက် နောက်ဆုံးပေါ် မော်ဒယ်တစ်ခု ဖြစ်သည့် Galaxy Note 10 Lite စမတ်ဖုန်း အသစ်တွင် အဆင့်မြင့် လုပ်ဆောင်ချက်များ ဖြစ်သည့် နောက်ဆုံးပေါ် ကင်မရာနည်းပညာ၊ Note Series ၏ အမှတ် S-pen၊ လှပကျော့ရှင်းသော မျက်နှာပြင်ပုံစံ နှင့် တာရှည်ခံ ဘက်ထရီများ ထည့်သွင်းထားပြီး သင့်တင့်သော ဈေးနှုန်းဖြင့် ရောင်းချပေးသွားမည် ဖြစ်သည်။ ဤစမတ်ဖုန်းတွင် အဆင်မြင့် နောက်ဆုံးပေါ် ကင်မရာ လုပ်ဆောင်ချက်များ အပြင် ကြည်လင်ပြတ်သားသော ပုံရိပ်များကို ပိုမိုလွယ်ကူစွာ ရိုက်ကူးစေနိုင်မည့် Air Command လုပ်ဆောင်ချက်ကိုလည်း S-pen တွင် ထည့်သွင်းပေးထားသည်။ Galaxy Note 10 Lite စမတ်ဖုန်းတွင် မျက်နှာပြင်အကျယ် ၆.၇ လက်မ ရှိသည့် super AMOLED edge-to-edge infinity-O display ပါရှိသည့်အတွက် သုံးစွဲသူများ အနေနှင့် ၎င်းတို့ နှစ်သက်ရာ ရုပ်ရှင်များအား ကြည့်ရှုရာတွင် ဖြစ်စေ၊ ဂိမ်းကစားရာတွင် ဖြစ်စေ အကောင်းမွန်ဆုံးသော အတွေ့အကြုံများအား ရရှိနိုင်စေမည် ဖြစ်သည်။ အလားတူပင် Galaxy Note 10 Lite စမတ်ဖုန်းတွင် 4,500mAh ဘက်ထရီ ထည့်သွင်းပေးထားပြီး Super-fast charging နည်းပညာဖြင့် ပံ့ပိုးပေးထားသည့် အတွက် သုံးစွဲသူများ အနေနှင့် ကြိုက်နှစ်သက်ရာ လုပ်ဆောင်ချက်များအား စိတ်ကြိုက်လုပ်ဆောင်သွားနိုင်မည် ဖြစ်သည်။ ထို့အပြင် ဤစမတ်ဖုန်းတွင် နိုင်ငံတကာအဆင့်မီ အလွန်မြင့်မားသော လုံခြုံရေးစနစ် Samsung Knox ကိုလည်း ထည့်သွင်းပေးထားသည်။

Samsung သည် ဈေးနှုန်းချိုသာပြီး အဆင်မြင့် လုပ်ဆောင်ချက်များ ထည့်သွင်းပေးထားသည့် ဖုန်းများအား သုံးစွဲသူများထံ ပေးအပ်သွားနိုင်ရန် ဟူသည့် ရည်ရွယ်ချက်နှင့်အညီ ယခုဤ Samsung Galaxy A51၊ A71၊ A01 နှင့် Note10 Lite စမတ်ဖုန်းများအား စတင် မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။ ဝယ်ယူအားပေးသူများသည် အထူးခံစားခွင့် အနေနှင့် No Worry Crack Program အား ဝယ်ယူသည့်နေ့မှ ၃ လအတွင်း ရယူသွားနိုင်မည် ဖြစ်သည်။ အဆိုပါ ဝန်ဆောင်မှုအရ သုံးစွဲသူများ အနေနှင့် ၎င်းတို့၏ ဖုန်းအရှေ့မျက်နှာပြင် ကွဲအက်သွားပါက ၄၀% လျော့ဈေး ဖြင့် တစ်ကြိမ် ပြင်ဆင်နိုင်မည့် အခွင့်အရေးအား ရရှိသွားနိုင်မည် ဖြစ်သည်။

Galaxy A51 စမတ်ဖုန်းအသစ်အား မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက် မှ စတင်၍ အနက်ရောင်၊ အဖြူရောင်နှင့် အပြာရောင် အရောင် ၃ ရောင်ဖြင့် ရောင်းချပေးသွားမည် ဖြစ်သည်။ နှုန်းထားအနေနှင့် မြန်မာငွေကျပ် ၅၀၉,၀၀၀ ကျပ်မှ စတင်ကာ ရောင်းချပေးသွားမည် ဖြစ်သည့်အပြင် ဦးဆုံးဝယ်ယူသူများ အနေနှင့် Galaxy Fit e လက်ပတ်နာရီများအား ပစ္စည်းလက်ကျန် ရှိသည်အထိ မေတ္တာလက်ဆောင် အဖြစ် ထပ်မံရရှိပိုင်ဆိုင် သွားမည် ဖြစ်သည်။

ထို့အပြင် Galaxy A71, Galaxy A01 နှင့် Galaxy Note 10 Lite စမတ်ဖုန်းများကိုလည်း မြန်မာနိုင်ငံတစ်ဝန်းတွင် ဖေဖော်ဝါရီ ၁၄ ရက်မှစတင်၍ ရောင်းချပေးသွားမည် ဖြစ်သည်။ အထူးအစီအစဉ်တစ်ရပ် အနေနှင့် Galaxy A71 နှင့် Galaxy Note 10 Lite စမတ်ဖုန်းများအား ဦးဆုံးဝယ်ယူသူများ အနေနှင့် Galaxy Fit e လက်ပတ်နာရီနှင့် 10,000mAh Power Bank၊ Galaxy A 01 စမတ်ဖုန်းအား ဝယ်ယူသူများ အနေနှင့် Earphone များအား ပစ္စည်းလက်ကျန် ရှိသည်အထိ မေတ္တာလက်ဆောင် ရရှိသွားမည် ဖြစ်သည်။ Galaxy A71 စမတ်ဖုန်းအား မြန်မာငွေကျပ် ၆၆၉,၀၀၀ ကျပ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ပြီး အရောင်အားဖြင့် အနက်ရောင်၊ ငွေရောင်၊ အပြာ‌ရောင်တို့ဖြင့် ရရှိနိုင်မည် ဖြစ်သည်။ အလားတူပင် Galaxy A01 စမတ်ဖုန်းကိုလည်း အပြာရောင်၊ အနက်ရောင်၊ အနီရောင်တို့ဖြင့် ရရှိနိုင်မည် ဖြစ်ပြီး ဈေးနှုန်းအားဖြင့် မြန်မာငွေကျပ် ၁၇၉,၀၀၀ ကျပ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်သည်။

8GB RAM၊ 128GB internal storage နှင့် 64-bit Octa-core processor တို့အပါအဝင် သုံးစွဲသူများ နှစ်သက်သဘောကျ စေမည့် အဆင့်မြင့် လုပ်ဆောင်ချက်များစွာအား ထည့်သွင်းပေးထားသည့် Galaxy Note 10 Lite စမတ်ဖုန်းများအား Aura Glow၊ Aura Black နှင့် Aura Red ဟူ၍ အရောင်သုံးမျိုးဖြင့် ဝယ်ယူရရှိနိုင်မည် ဖြစ်ပြီး မြန်မာငွေကျပ် ၈၅၉,၀၀၀ ကျပ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်သည်။