[Zawgyi]

Samsung ရဲ႕ ထုတ္လုပ္မႈေတြကေတာ့ ဟိုတစ္စဒီတစ္စ ေကာလာဟလေတြၾကားမွာ တျဖည္းျဖည္းနဲ႔ ႐ုပ္လုံးေပၚေနပါၿပီ။ ေကာလာဟလလို႔ဆိုရတာကလည္း Samsung ကေန တရားဝင္ မေၾကညာေသးလို႔သာ ေျပာရတာျဖစ္ပါတယ္။ အခ်ိဳ႕ေကာလာဟလေတြကေတာ့ တရားဝင္သတင္းေလာက္ကို ခိုင္မာမွန္ကန္မႈ ရွိေနတာပါ။

အခုလည္း Galaxy A နဲ႔ M series ေတြရဲ႕ သိုေလွာင္မႈပမာဏေတြ၊ အေရာင္အမ်ိဳးအစားေတြအေၾကာင္း အခ်က္အလက္ေတြက ထြက္ေပၚလာခဲ့ျပန္တာပဲ ျဖစ္ပါတယ္။ Samsung ဟာ အျဖဴေရာင္ ကိုယ္ထည္နဲ႔ ဖုန္းေတြကို သုံးစြဲသူေတြဆီ ပို႔ေဆာင္ေပးဖို႔ ျပန္ၿပီးအာ႐ုံစိုက္ေနတယ္လို႔ ယူဆရပါတယ္။

ထြက္ေပၚလာတဲ့ အခ်က္အလက္ေတြထဲမွာေတာ့ Samsung A Series ႏွစ္ခုမွာ အျဖဴေရာင္ကိုယ္ထည္ကို ေ႐ြးခ်ယ္ခြင့္ ရွိပါတယ္။ ဒါေပမယ့္ ပိုေဈးသက္သာတဲ့ M Series မွာေတာ့ အျဖဴေရာင္ပါဝင္တာကို မေတြ႕ရေသးပါဘူး။ အခ်က္အလက္ အျပည့္အစုံမရွိေသးတဲ့အတြက္လည္း ျဖစ္ႏိုင္ပါတယ္။ ေနာက္ထပ္ မရွင္းလင္းတဲ့ အခ်က္က အေရာင္ေတြဟာ သာမန္အတိုင္းလား ေရာင္ေျပးေတြလားဆိုတာပါပဲ။

ဒါ့အျပင္ အမည္ေတြကလည္း အေျပာင္းအလဲ ရွိႏိုင္ေသးတယ္လို႔ ဆိုပါတယ္။ ဥပမာအားျဖင့္ SM-M205F ဟာ Samsung Galaxy M2 မဟုတ္ဘဲ M20 ဆိုၿပီး နံပါတ္ ႏွစ္လုံးအျဖစ္ ေျပာင္းလဲသြားတာမ်ိဳး ျဖစ္ပါတယ္။ ေဖာ္ျပခ်က္မွာေတာ့ သိုေလွာင္မႈ ပမာဏေတြဟာ အနည္းဆုံးက 16GB ျဖစ္ၿပီး အမ်ားဆုံးက 128GB အထိ ေတြ႕ရွိရပါတယ္။

Samsung Galaxy M30 အေနနဲ႔ 64GB အေနနဲ႔လည္း ထြက္လာႏိုင္သလို ပိုမ်ားတဲ့ ပမာဏကို ေ႐ြးခ်ယ္မႈအျဖစ္ 128GB လည္း ထုတ္လုပ္လာႏိုင္တယ္လို႔ ယူဆရပါတယ္။ Galaxy A50 ကေတာ့ A Series ေတြထဲမွာ အဆင့္အျမင့္ဆုံးအျဖစ္ ထြက္လာဖြယ္ ရွိပါတယ္။ ထပ္ၿပီးၾကားသိရတာကေတာ့ Galaxy M Series ေတြဟာ အေရွ႕အလယ္ပိုင္း၊ အာဖရိကနဲ႔ အာရွ ေဈးကြက္အတြက္ ပစ္မွတ္ထား ထုတ္လုပ္တာလို႔ သိရပါတယ္။ Galaxy A Series ကေတာ့ ဥေရာပဈးကြက္အတြက္လို႔ သိရပါတယ္။ ဒါေပမယ့္ အခုထြက္ေပၚလာတဲ့ အခ်က္အလက္ေတြဟာ တရားဝင္မဟုတ္ေတာ့ အေျပာင္းအလဲေတြလည္း ျဖစ္လာႏိုင္ပါေသးတယ္။

Ref: GSMarena

 

[Unicode]

Samsung ရဲ့ ထုတ်လုပ်မှုတွေကတော့ ဟိုတစ်စဒီတစ်စ ကောလာဟလတွေကြားမှာ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်နေပါပြီ။ ကောလာဟလလို့ဆိုရတာကလည်း Samsung ကနေ တရားဝင် မကြေညာသေးလို့သာ ပြောရတာဖြစ်ပါတယ်။ အချို့ကောလာဟလတွေကတော့ တရားဝင်သတင်းလောက်ကို ခိုင်မာမှန်ကန်မှု ရှိနေတာပါ။

အခုလည်း Galaxy A နဲ့ M series တွေရဲ့ သိုလှောင်မှုပမာဏတွေ၊ အရောင်အမျိုးအစားတွေအကြောင်း အချက်အလက်တွေက ထွက်ပေါ်လာခဲ့ပြန်တာပဲ ဖြစ်ပါတယ်။ Samsung ဟာ အဖြူရောင် ကိုယ်ထည်နဲ့ ဖုန်းတွေကို သုံးစွဲသူတွေဆီ ပို့ဆောင်ပေးဖို့ ပြန်ပြီးအာရုံစိုက်နေတယ်လို့ ယူဆရပါတယ်။

ထွက်ပေါ်လာတဲ့ အချက်အလက်တွေထဲမှာတော့ Samsung A Series နှစ်ခုမှာ အဖြူရောင်ကိုယ်ထည်ကို ရွေးချယ်ခွင့် ရှိပါတယ်။ ဒါပေမယ့် ပိုဈေးသက်သာတဲ့ M Series မှာတော့ အဖြူရောင်ပါဝင်တာကို မတွေ့ရသေးပါဘူး။ အချက်အလက် အပြည့်အစုံမရှိသေးတဲ့အတွက်လည်း ဖြစ်နိုင်ပါတယ်။ နောက်ထပ် မရှင်းလင်းတဲ့ အချက်က အရောင်တွေဟာ သာမန်အတိုင်းလား ရောင်ပြေးတွေလားဆိုတာပါပဲ။

ဒါ့အပြင် အမည်တွေကလည်း အပြောင်းအလဲ ရှိနိုင်သေးတယ်လို့ ဆိုပါတယ်။ ဥပမာအားဖြင့် SM-M205F ဟာ Samsung Galaxy M2 မဟုတ်ဘဲ M20 ဆိုပြီး နံပါတ် နှစ်လုံးအဖြစ် ပြောင်းလဲသွားတာမျိုး ဖြစ်ပါတယ်။ ဖော်ပြချက်မှာတော့ သိုလှောင်မှု ပမာဏတွေဟာ အနည်းဆုံးက 16GB ဖြစ်ပြီး အများဆုံးက 128GB အထိ တွေ့ရှိရပါတယ်။

Samsung Galaxy M30 အနေနဲ့ 64GB အနေနဲ့လည်း ထွက်လာနိုင်သလို ပိုများတဲ့ ပမာဏကို ရွေးချယ်မှုအဖြစ် 128GB လည်း ထုတ်လုပ်လာနိုင်တယ်လို့ ယူဆရပါတယ်။ Galaxy A50 ကတော့ A Series တွေထဲမှာ အဆင့်အမြင့်ဆုံးအဖြစ် ထွက်လာဖွယ် ရှိပါတယ်။ ထပ်ပြီးကြားသိရတာကတော့ Galaxy M Series တွေဟာ အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ အာရှ ဈေးကွက်အတွက် ပစ်မှတ်ထား ထုတ်လုပ်တာလို့ သိရပါတယ်။ Galaxy A Series ကတော့ ဥရောပဈးကွက်အတွက်လို့ သိရပါတယ်။ ဒါပေမယ့် အခုထွက်ပေါ်လာတဲ့ အချက်အလက်တွေဟာ တရားဝင်မဟုတ်တော့ အပြောင်းအလဲတွေလည်း ဖြစ်လာနိုင်ပါသေးတယ်။

Ref: GSMarena