Samsung ကုမ္ပဏီဟာ ဖွံ့ဖြိုးဆဲဈေးကွက်တွေအတွက် ရည်ရွယ်တဲ့ စူပါဘတ်ဂျက်ဖုန်းတစ်လုံးကို မိတ်ဆက်လာမှာ ဖြစ်ပြီး Galaxy A01 Core လို့အမည်ပေးထားပါတယ်။ ဒီဖုန်းဟာ ယနေ့မှာ Bluetooth SIG နဲ့ Google Play Console ပလက်ဖောင်းတွေပေါ်မှာ အတည်ပြုချက်ရယူလာခဲ့ပြီး အဓိက Specs တွေနဲ့ ဓါတ်ပုံတစ်ခုတို့ကို ဖော်ပြလာခဲ့ပါတယ်။

Galaxy A01 Core ဖုန်းဟာ 720p Display နဲ့ 1GB RAM တို့ဖြင့်သာ ပွဲထွက်လာပြီး MediaTek MT6739WW ချစ်ပ်ဆက်ကို အသုံးပြုထားပါတယ်။ ဒီချစ်ပ်ဆက်ကို Nokia 1 Plus မှာမြင်ခဲ့ဖူးပြီး Cortex-A53 Core လေးခုနဲ့ 1.5GHz ရှိပါတယ်။ ဒီဖုန်းမှာ နောက်ဆုံးပေါ် Android 10 OS နဲ့ပဲ အသုံးပြုရမှာဖြစ်ပေမယ့် ရိုးရိုးလား GO ဗားရှင်းလား ဆိုတာတော့ မသိရသေးပါဘူး။

A01 Core ဟန်းဆက်ရဲ့ ပုံစံက Entry-level စတိုင်ပဲဖြစ်ပြီး အပေါ်နဲ့အောက်မှာ ပုံမှန်နီးပါး Bezel တွေကို တွေ့ရပါတယ်။ ဒါပေမယ့် အောက်ဘက် Bezel တွေက Button ထည့်ရလောက်အောင်တော့ မထူပါဘူး။ Screen က ရှည်မျောမျောဖြစ်ပြီး ညာဘက်မှာ ပါဝါနဲ့ အသံတိုးချဲ့ခလုတ်တွေကို တွေ့ရမှာပါ။

ဒီဖုန်းကို Wi-Fi Alliance ပေါ်မှာတော့ SM-A013F နဲ့ SM-A013F_DS ဆိုတဲ့ အမည်နှစ်မျိုးနဲ့တွေ့ရကာ နောက်တစ်ခုက Dual_SIM ဗားရှင်းလို့ ထင်ရပါတယ်။ ဒါ့ကြောင့် ဈေးနှုန်းကို အသားပေးလာမှာဖြစ်ပြီး မတူညီတဲ့ ဈေးကွက်တွေကို ဝင်ရောက်လာမှာ အသေအချာပါပဲ။

Ref – GSMArena