Unicode

အားလုံးက 5G စမတ်ဖုန်းတွေနဲ့ နောက်နှစ်အတွက် Flagship တွေကို အာရုံစိုက်နေကြချိန်မှာ Samsung ဟာ ဘတ်ဂျက်ဖုန်းလို့ ယူဆရတဲ့ Galaxy A01 ကို တိတ်တဆိတ်ထုတ်လာခဲ့ပါတယ်။ ဒီဖုန်းရဲ့ အချက်အလက်တစ်ချို့ကို မသိရသေးပေမယ့် တော်တော်လေး စိတ်ဝင်စားစရာကောင်းတဲ့ ဖုန်းလို့တော့ ဆိုနိုင်ပါတယ်။

Galaxy A01 မှာ 5.7” လက်မအရွယ် Infinity-V စတိုင်လ် LCD Display ပါဝင်ပြီး Notch ထဲမှာ 5MP Selfie ကင်မရာ တစ်လုံး ထည့်သွင်းထားတယ်။ နောက်ဘက်မှာတော့ 13MP ကင်မရာကို 2MP Depth Sensor နဲ့ ပေါင်းစပ်ထားပါတယ်။

Samsung Galaxy A01 မှာ Octa-core ပရိုဆက်ဆာတစ်ခု အသုံးပြုထားပေမယ့် ချစ်ပ်ဆက်ရဲ့ နာမည်ကိုတော့ ဖော်ပြမထားတာကြောင့် Entry-level လို့ယူဆရပါတယ်။ ဒီဖုန်းမှာ စိတ်ဝင်စားစရာအကောင်းဆုံးက မန်မိုရီပိုင်းဖြစ်ပြီး ရှေ့က Feature တွေအားလုံးက ဒီဖုန်းဟာ ဈေးချိုစမတ်ဖုန်းတစ်လုံးလို့ ဖော်ပြနေချိန်မှာ သူ့ရဲ့ RAM မန်မိုရီက အခြေခံမှာတောင် 6GB ရှိပြီး ဆန္ဒရှိရင် 8GB ဗားရှင်းကိုပါ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် Storage ပမာဏက 128GB တောင် ပါဝင်လာပြီး ဒါနဲ့တောင် မလုံလောက်သေးရင်တော့ MicroSD ကတ်နဲ့ နောက်ထပ် 512GB ထိ တိုးချဲ့နိုင်မှာပါ။ Dual-SIM အသုံးပြုနိုင်စွမ်းပါဝင်တဲ့အပြင် MicroSD အတွက် Slot ကိုပါ သီးသန့် ထည့်ပေးထားတာဖြစ်ပါတယ်။

ဒီဖုန်းမှာ 3.5mm Jack ပါဝင်ပြီး ဘက္ထရီကို 3,000 mAh လို့ဖော်ပြထားကာ အားသွင်းစနစ်ကိုတော့ မသိရသေးပါဘူး။ Galaxy A01 ကို ပျမ်းမျှခြုံကြည့်လိုက်ရင်တော့ ဒီဖုန်းဟာ Entry-level ဟန်းဆက်တစ်လုံးလို့ ဖော်ပြနေပါတယ်။ လောလောဆယ် ဘယ်ဈေးကွက်တွေကို ဝင်လာမယ်ဆိုတာ မကြေညာသေးသလို ဈေးနှုန်းအတိအကျကိုလည်း မသိရသေးပါဘူး။

Ref – GSM Arena

Zawgyi

အားလုံးက 5G စမတ္ဖုန္းေတြနဲ႔ ေနာက္္ႏွစ္အတြက္ Flagship ေတြကို အာရုံစုိက္ေနၾကခ်ိန္္မွာ Samsung ဟာ ဘတ္္ဂ်က္ဖုန္းလို႔ ယူဆရတဲ့ Galaxy A01 ကုိ တိတ္တဆိတ္ထုတ္လာခဲ့ပါတယ္။ ဒီဖုန္းရဲ႕ အခ်က္အလက္တစ္ခ်ဳိ႕ကို မသိရေသးေပမယ့္ ေတာ္ေတာ္ေလး စိတ္ဝင္စားစရာေကာင္းတဲ့ ဖုန္းလို႔ေတာ့ ဆုိႏုိင္ပါတယ္။

Galaxy A01 မွာ 5.7” လက္မအရြယ္ Infinity-V စတုိင္လ္ LCD Display ပါဝင္ၿပီး Notch ထဲမွာ 5MP Selfie ကင္မရာ တစ္လုံး ထည့္သြင္းထားတယ္။ ေနာက္ဘက္မွာေတာ့ 13MP ကင္မရာကို 2MP Depth Sensor နဲ႔ ေပါင္းစပ္ထားပါတယ္။

Samsung Galaxy A01 မွာ Octa-core ပရုိဆက္ဆာတစ္ခု အသုံးျပဳထားေပမယ့္ ခ်စ္ပ္ဆက္ရဲ႕ နာမည္ကိုေတာ့ ေဖာ္ျပမထားတာေၾကာင့္ Entry-level လို႔ယူဆရပါတယ္။ ဒီဖုန္းမွာ စိတ္ဝင္စားစရာအေကာင္းဆုံးက မန္မုိရီပိုင္းျဖစ္ၿပီး ေရွ႕က Feature ေတြအားလုံးက ဒီဖုန္းဟာ ေစ်းခ်ဳိစမတ္ဖုန္းတစ္လုံးလို႔ ေဖာ္ျပေနခ်ိန္မွာ သူ႕ရဲ႕ RAM မန္မုိရီက အေျခခံမွာေတာင္ 6GB ရွိၿပီး ဆႏၵရွိရင္ 8GB ဗားရွင္းကိုပါ ေရြးခ်ယ္ႏုိင္မွာျဖစ္ပါတယ္။

ဒါ့အျပင္ Storage ပမာဏက 128GB ေတာင္ ပါဝင္လာၿပီး ဒါနဲ႔ေတာင္ မလုံေလာက္ေသးရင္ေတာ့ MicroSD ကတ္နဲ႔ ေနာက္ထပ္ 512GB ထိ တုိးခ်ဲ႕ႏုိင္မွာပါ။ Dual-SIM အသုံးျပဳႏုိင္စြမ္းပါဝင္တဲ့အျပင္ MicroSD အတြက္ Slot ကုိပါ သီးသန္႔ ထည့္ေပးထားတာျဖစ္ပါတယ္။

ဒီဖုန္းမွာ 3.5mm Jack ပါဝင္ၿပီး ဘကၳရီကို 3,000 mAh လို႔ေဖာ္ျပထားကာ အားသြင္းစနစ္ကိုေတာ့ မသိရေသးပါဘူး။ Galaxy A01 ကုိ ပ်မ္းမွ်ျခဳံၾကည့္လုိက္ရင္ေတာ့ ဒီဖုန္းဟာ Entry-level ဟန္းဆက္တစ္လုံးလို႔ ေဖာ္ျပေနပါတယ္။ ေလာေလာဆယ္ ဘယ္ေစ်းကြက္ေတြကို ဝင္လာမယ္ဆုိတာ မေၾကညာေသးသလို ေစ်းႏႈန္းအတိအက်ကိုလည္း မသိရေသးပါဘူး။

Ref – GSM Arena