Samsung ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းတုန်းက Budget Galaxy A Series ဖုန်းဖြစ်တဲ့ Galaxy A02s စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Galaxy A02s စမတ်ဖုန်းဟာ ၂၀၂၁ ခုနှစ်အတွင်းမှာ မိတ်ဆက်ခဲ့တာဖြစ်ပေမယ့် မိတ်ဆက်တဲ့အချိန်တုန်းက Android 10 ကို အခြေခံထားတဲ့ OneUI 2.0 ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။ ဒါကြောင့် တခြားသော စမတ်ဖုန်းတွေနဲ့ ယှဥ်ရင် Android Version ပိုင်းမှာ တစ်ဆင့်နိမ့်နေခဲ့ပါတယ်။

အခုအချိန်မှာတော့ Samsung ကနေ Galaxy A02s စမတ်ဖုန်းအတွက် Android 11 Update ကို စတင်ထုတ်ပေးနေပြီလို့ သိရပါတယ်။ အဆိုပါ Android 11 Update နဲ့အတူ OneUI Version ကိုလည်း 3.x အထိ မြှင့်တင်ပေးထားတာဖြစ်ပါတယ်။

လောလောဆယ်မှာတော့ Android 11 Update ဟာ Russia Region အတွက် အစောဆုံးထုတ်ပေးထားတာဖြစ်ပြီး Firmware Version A022GDXU2BUI3 ဖြစ်တယ်လို့ သိရပါတယ်။ Android 11 ရဲ့ Feature တွေအစုံအလင် အသုံးပြုနိုင်မယ့်အပြင် OneUI 3.0 ရဲ့ Feature အသစ်တွေလည်း တခြားသော Samsung ရဲ့ Budget ဖုန်းအသစ်တွေအတိုင်း ပါဝင်လာမှာဖြစ်ပါတယ်။

အခုလိုမျိုး Russia Region အတွက် စတင်ထုတ်ပေးနေပြီဖြစ်တာကြောင့် မကြာခင်မှာ တခြားသော Region တွေအတွက်လည်း Update ရရှိလာတော့မှာဖြစ်ပါတယ်။ Samsung ဟာ Galaxy A02s အတွက် နောက်ထပ် Major Android Update ကို ထုတ်ပေးဦးမှာဖြစ်တာကြောင့် Android 12 ကို အခြေခံထားတဲ့ OneUI 4.x ကိုလည်း Update ရရှိနိုင်ဦးမှာပါ။

ဘာပဲဖြစ်ဖြစ် Samsung Galaxy A02s အသုံးပြုနေတဲ့သူတွေအနေနဲ့ မကြာခင်မှာ Android 11 ကို အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။

Ref – Gizmo China