Samsung က Galaxy A03 Core အမည်ရ တန်ဖိုးနည်း စွမ်းရည်နိမ့် စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။

Samsung Galaxy A03 Core debuts with Unisoc chipset, big battery - GSMArena.com news

Samsung Galaxy A03 Core မှာ ၆.၅ လက်မ LCD မျက်နှာပြင် တပ်ဆင်ထားပြီး HD+ Resolution ရှိပါတယ်။ 5MP ဆဲလ်ဖီး ကင်မရာ ၁ လုံးကို အရွယ်သေး Notch မှာ ထည့်သွင်းထားပါတယ်။

Samsung Galaxy A03 Core debuts with Unisoc chipset, big battery - GSMArena.com news

Samsung Galaxy A03 Core မှာ Octa-core Processor မောင်းနှင်ထားပြီး 1.6GHz Core ၄ လုံးနဲ့ 1.2GHz Core ၄ လုံး ပါလာပါတယ်။ အဲဒီ Clock Speed တွေဟာ Unisoc SC9863A Chipset နဲ့ တူညီနေပြီး Chipset ကို 2GB RAM ၊ 32GB Storage နဲ့ ပူးတွဲထားပါတယ်။

Samsung Galaxy A03 Core ရဲ့ အနောက်ဘက်မှာ 8MP ကင်မရာ ၁ လုံးပဲ တပ်ဆင်ထားတာက ဒီခေတ်ထဲမှာ တော်တော် ရှားပါးပါတယ်။ အရွယ်ကြီး 5,000mAh ဘက်ထရီက ဖုန်းရဲ့ အကောင်းဆုံး အစိတ်အပိုင်းဖြစ်ပြီး ဘက်ထရီ သက်တမ်း တော်တော်ကောင်းမှာပါ။ Fast Charging ပါလားဆိုတာ မသိရသေးပေမယ့် 10W လောက်ပဲ ပါလာနိုင်ပါတယ်။

Samsung Galaxy A03 Core မှာ  Nano-SIM Card ၂ ခုနဲ့ microSD Card ၁ ခု ထည့်သွင်းနိုင်ပြီး အပြာနဲ့ အနက်ရောင်တွေ ထုတ်လုပ်ထားပါတယ်။ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်တွေကို Samsung က မကြေညာသေးပါဘူး။

Ref : gsmarena