လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက သတင်းတွေပေါက်ကြားနေခဲ့တဲ့ Glaxy A03s ရဲ့ Support Page ကို Samsung ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ တင်လိုက်ပြီ ဖြစ်တဲ့အတွက် ကြေညာဖို့ တော်တော်နီးစပ်နေပါပြီ။

အဲဒီ Support Page မှာ Galaxy A03s ရဲ့ သတင်းအချက်အလက်တွေကို ဘာမှ မဖော်ပြထားသေးပါဘူး။ ဒါပေမယ့်  အရင်က ထွက်ခဲ့တဲ့ ပေါက်ကြားသတင်းတွေအရ အဲဒီ စမတ်ဖုန်းမှာ ၆.၅ လက်မ LCD မျက်နှာပြင် တပ်ဆင်ထားနိုင်ပါတယ်။ Notch မှာ 5MP ဆဲလ်ဖီး ကင်မရာ ၁ လုံးနဲ့ အနောက်ဘက်မှာ 13MP Main , 2MP ကင်မရာ ၂ လုံး စုစုပေါင်း ကင်မရာ ၃ လုံး ထည့်သွင်းထားနိုင်ပါတယ်။

Samsung Galaxy A03s launch imminent as support page goes live on official website

Galaxy A03s ရဲ့ ပေါက်ကြား ဓါတ်ပုံတွေအရ ဘေးဘက်လက်ဗွေရာ ကိရိယာ၊ နားကြပ်ပေါက်နဲ့ USB-C Port တွေ ပါလာနိုင်ပါတယ်။ ဒီလ အစောပိုင်းမှာ အဲဒီ စမတ်ဖုန်းကို Geekbench မှာ တွေ့ခဲ့ရပြီး MediaTek Helio G35 SoC မောင်းနှင်ထားပါတယ်။ 4GB RAM နဲ့ Android 11 ထည့်သွင်းထားတာတွေ့ရပြီး တခြား မန်မိုရီ Options တွေကိုလည်း ရောင်းချနိုင်ပါတယ်။ Geekbench မှာ အဲဒီ စမတ်ဖုန်းရဲ့ မော်ဒယ်နံပါတ်က SM-A037F ဖြစ်ပြီး Galaxy A03s ရဲ့ တခြား Specifications တွေကို မဖော်ပြထားသေးပါဘူး။ FCC က စာရင်းအရ အရွယ်ကြီး 5,000mAh ဘက်ထရီ ပါလာမှာ ဖြစ်ပြီး အားသွင်း အမြန်နှုန်းနဲ့ Internal Storage ကို မသိရသေးပါဘူး။

Samsung Galaxy A03s leaked render

Samsung Galaxy A03s ကို Bluetooth ဆက်သွယ်မှု မှတ်ပုံတင်ပြီးပြီ ဖြစ်ပြီး အခုတော့ Samsung ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ Support Page ကို လွှင့်တင်ထားပြီးပြီ ဖြစ်တဲ့အတွက် မကြာခင် ကြေညာတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena