ပြီးခဲ့တဲ့ တစ်ပတ်က Samsung Galaxy A03s ကို Bluetooth ဆက်သွယ်မှု မှတ်ပုံတင်ခဲ့ပြီး အခုတော့ Geekbench မှာ တွေ့လာရပြီ ဖြစ်ပါတယ်။ Geekbench မှာ အဲဒီ စမတ်ဖုန်းရဲ့ အဓိက Specifications တွေကို ဖော်ပြထားပါတယ်။

Samsung Galaxy A03s passes through Geekbench

Geekbench က ဒေတာဘေ့စ်အရ Galaxy A03s (SM-A037F) မှာ Android 11 Operating System မောင်းနှင်ထားပြီး MediaTek Helio G35 SoC မောင်းနှင်ထားပါတယ်။ အဲဒီ စမတ်ဖုန်းမှာ 4GB RAM ထည့်သွင်းထားတယ်လို့ Geekbench မှာ ဖော်ပြထားပေမယ့် တခြား Memory Options တွေလည်း ထုတ်လုပ်ရောင်းချနိုင်ပါတယ်။

Samsung Galaxy A02s 32GB – Telephoniq

Geekbench မှာ Galaxy A03s ရဲ့ တခြား Specifications တွေကို မဖော်ပြထားသေးပါဘူး။ ဒါပေမယ့် အရင်က ထွက်ခဲ့တဲ့ ပေါက်ကြားသတင်းတွေအရ အဲဒီ စမတ်ဖုန်းမှာ ၆.၅ လက်မ LCD မျက်နှာပြင် တပ်ဆင်ထားနိုင်ပါတယ်။ Notch မှာ 5MP ဆဲလ်ဖီး ကင်မရာ ၁ လုံးနဲ့ အနောက်ဘက်မှာ 13MP Main , 2MP ကင်မရာ ၂ လုံး စုစုပေါင်း ကင်မရာ ၃ လုံး ထည့်သွင်းထားနိုင်ပါတယ်။

Galaxy A03s မှာ ဘေးဘက်လက်ဗွေရာ ကိရိယာ၊ နားကြပ်ပေါက်နဲ့ USB-C Port တွေ ပါလာနိုင်ပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ Storage Capacity ၊ ဘက်ထရီ အရွယ်အစားနဲ့ အားသွင်း အမြန်နှုန်းတွေကို မသိရသေးပေမယ့် မကြာခင် သိလာရနိုင်ပါတယ်။

Ref : gsmarena