[Zawgyi]

Samsung Myanmar မွ ေဈးႏႈန္းခ်ိဳသာၿပီး စြမ္းေဆာင္ရည္ျမင့္ေသာ ဖုန္းမ်ားကို သုံးစြဲလိုသူမ်ားအတြက္ ေနာက္ဆုံးေပၚမ်ိဳးဆက္သစ္ Galaxy A Series စမတ္ဖုန္းသစ္မ်ား ျဖစ္ေသာ Galaxy A10 ႏွင့္ Galaxy A20 ကို မိတ္ဆက္လိုက္သည္။ Galaxy A10 ႏွင့္ Galaxy A20 တြင္ ၾကာရွည္ခံေသာ ဘက္ထရီ၊ စြမ္းေဆာင္ရည္ျမင့္ ကင္မရာႏွင့္ စြဲမက္နစ္ေျမာဖြယ္ရာ မ်က္ႏွာျပင္ အစရွိသည့္ ဖုန္းတစ္လုံးအတြက္ မရွိမျဖစ္လိုအပ္ေသာ နည္းပညာမ်ား ထည့္သြင္းေပးထားသည္။

“စမတ္ဖုန္းတီထြင္ဆန္းသစ္မႈေတြမွာ ဦးေဆာင္လ်က္ရွိတဲ့ Samsung အေနနဲ႔ လူတိုင္းအတြက္ အႏွစ္သာရျပည့္စုံတဲ့ တီထြင္ဆန္းသစ္မႈမ်ားကို ေပးစြမ္းသြားမယ္လို႔ ကတိျပဳခ်င္ပါတယ္။ သို႔ေသာ္လည္းပဲ လူတိုင္းမွာ မတူညီတဲ့ ႀကိဳက္ႏွစ္သက္မႈေတြ၊ လိုအပ္ခ်က္ေတြရွိတယ္ဆိုတာကိုလည္း ကြၽန္ေတာ္တို႔နားလည္ထားပါတယ္။ ဒီႏွစ္မွာေတာ့ ကြၽန္ေတာ္တို႔ဟာ Galaxy J Series မွ ေဈးႏႈန္းပိုခ်ိဳသာၿပီး ပိုေခတ္မီေသာ A Series ကို ေျပာင္းလဲထုတ္လုပ္ထားပါတယ္။ Samsung Galaxy A Series ဟာ မ်ိဳးဆက္သစ္လူငယ္ေတြအတြက္ တီထြင္ဆန္းသစ္ထားတဲ့ဖုန္းေတြကို အသင့္ေတာ္ဆုံးေဈးမ်ားနဲ႔ သုံးစြဲခြင့္ရရွိဖို႔အတြက္ ဖန္တီးထုတ္လုပ္ထားပါတယ္” ဟု Samsung Myanmar ၏ Head of IT and Mobile Group ကိုဇာနည္ဝင္းထက္မွ ေျပာၾကားသည္။

“အခုဆိုရင္ လူေတြဟာ သူတို႔အေတြ႕အႀကဳံေတြကို ဘယ္လို ဖန္တီးမွ်ေဝၾကမလဲဆိုတာကစၿပီး အခ်င္းခ်င္းဆက္သြယ္ေနၾကပုံေတြေျပာင္းလဲလာၾကတာကို ေတြ႕ရတယ္။ လူေတြဟာ အခုေနာက္ပိုင္းမွာဆို သူတို႔ရဲ႕ဘဝပုံစံေတြကို မွ်ေဝၾကတယ္။ ႐ိုက္ယူမွတ္တမ္းတင္ၾကတယ္။ အခ်င္းခ်င္းပိုဆက္သြယ္လာၾကတယ္။ တိုက္႐ိုက္ထုတ္လႊင့္မႈေတြ လုပ္လာၾကတယ္။ အခုလိုမ်ိဳး ေဈးႏႈန္းသင့္ေတာ္တဲ့ Galaxy A10 ႏွင့္ A20 စမတ္ဖုန္းမ်ားနဲ႔အတူ သုံးစြဲသူေတြဟာ story ေတြ မွ်ေဝလာႏိုင္မယ္။ မိသားစု၊ သူငယ္ခ်င္းေတြရဲ႕ တိုက္႐ိုက္ထုတ္လႊင့္မႈေတြမွာလဲ ပါဝင္ႏိုင္လာမယ္။ အဲ့လိုနည္းနဲ႔ သုံးစြဲသူေတြဟာ စစ္မွန္႐ိုးသားၿပီး ပိုမိုအဓိပၸါယ္ျပည့္စုံတဲ့ ခ်ိတ္ဆက္မႈေတြကို ဖန္တီးလာႏိုင္မွာျဖစ္ပါတယ္” ဟု ကိုဇာနည္ဝင္းထက္မွ ျဖည့္စြက္ေျပာၾကားသည္။

Galaxy J Series မွ Galaxy A Series သို႔ေျပာင္းလဲထုတ္လုပ္လိုက္ျခင္းျဖင့္ သုံးစြဲသူမ်ားအေနႏွင့္ တီထြင္ဆန္းသစ္ထားသည့္ မရွိမျဖစ္လုပ္ေဆာင္ခ်က္မ်ားကို အသုံးျပဳႏိုင္မွာျဖစ္ၿပီး သုံးစြဲသူမ်ား၏ လိုအပ္ခ်က္အေလ်ာက္သင့္ေတာ္သည့္ ဖုန္းအမ်ိဳးအစား အား ပိုမိုလြယ္ကူစြာေ႐ြးခ်ယ္ႏိုင္မည္ျဖစ္သည္။ Galaxy A Series သည္ အခ်ိန္မေ႐ြး ခ်ိတ္ဆက္ မွ်ေဝႏိုင္မည့္ လုပ္ေဆာင္ခ်က္မ်ားကို ထည့္သြင္းထားၿပီး လက္ေတြ႕ဘဝႏွင့္ထပ္တူက်စြာ ခ်ိတ္ဆက္မွ်ေဝႏိုင္ေစရန္ ဖန္တီးထားသည္။

Galaxy A10
· Galaxy A10 တြင္ ၆.၂ လက္မ HD+ မ်က္ႏွာျပင္ပါဝင္ၿပီး သုံးစြဲသူမ်ားအား အဆုံးအစမဲ့ V မ်က္ႏွာျပင္ အေတြ႕အႀကဳံကို ေပးစြမ္းႏိုင္မည္ျဖစ္သည္။ အဆုံးအစမဲ့မ်က္ႏွာျပင္ထည့္သြင္းေပးထားေသာေၾကာင့္ မ်က္ႏွာျပင္ အ႐ြယ္အစား ပိုမိုႀကီးမားလာၿပီး သုံးစြဲသူမ်ားအေနျဖင့္ စြဲမက္နစ္ေျမာဖြယ္ရာ ၾကည့္ရႈမႈအေတြ႕အႀကဳံကို ခံစားႏိုင္မည္ျဖစ္သည္။ အဆိုပါ ဖုန္းသည္ ဂိမ္းကစားျခင္း၊ ဗြီဒီယိုၾကည့္ျခင္းႏွင့္ တစ္ခ်ိန္တည္းတြင္ လုပ္ငန္းမ်ားစြာ လုပ္ေဆာင္ႏိုင္ျခင္းတို႔တြင္ စံထားရေလာက္ေသာ ဖုန္းတစ္လုံးျဖစ္သည္။

· ဓာတ္ပုံပုံ႐ိုက္ကူးရန္အတြက္လည္း 13MP ရွိေသာ အေနာက္ကင္မရာအား ထည့္သြင္းေပးထားၿပီး 5MP ရွိေသာ ေရွ႕ကင္မရာပါဝင္သည္။

· Galaxy A10 သည္ Octa-core Exynos 7884 Processor ပါဝင္သည့္အတြက္ တည္ၿငိမ္ေသာ စြမ္းေဆာင္ရည္ ႏွင့္ ေကာင္းမြန္ေသာတုံ႔ျပန္မႈတို႔ကို ေသခ်ာေစမည္ျဖစ္သည္။

· RAM 2GB ႏွင့္ Internal Storage 32GB ပါဝင္ၿပီး 512GB အထိ ပါဝင္ေသာ micro SD card ကိုပါ တိုးခ်ဲ႕အသုံးျပဳႏိုင္မည္ျဖစ္ကာ ဘက္ထရီ 3,400 mAh ပါဝင္ၿပီး Face Unlock ကိုအသုံးျပဳထားသည္။

· Galaxy A10 ကို ေခ်ာမြတ္ေတာက္ေျပာင္ၿပီး လက္အတြင္းၿမဲၿမံစြာ ကိုင္ေဆာင္ထားႏိုင္သည့္ ကိုယ္ထည္ျဖင့္ ဖန္တီးထားသည္။

 

Galaxy A20
· Galaxy A20 သည္ A10 ထက္ အ႐ြယ္အစားအနည္းငယ္ႀကီးမားၿပီး အဆုံးအစမဲ့ V မ်က္ႏွာျပင္ေၾကာင့္ ပိုမိုက်ယ္ျပန႔္စြာ ၾကည့္ရႈႏိုင္မည္ျဖစ္သည္။ ဖုန္း၏ အစြန္းႏွစ္ဖက္အျပည့္ ၆.၄ လက္မ HD+ Super AMOLED မ်က္ႏွာျပင္သည္ သုံးစြဲသူမ်ားကို ပိုမိုနစ္ေျမာဖြယ္ရာ ျမင္ကြင္းအေတြ႕အႀကဳံကို ေပးစြမ္းမည္ျဖစ္သည္။

· A20 ၏ ႀကီးမားေသာမ်က္ႏွာျပင္သည္ ဂိမ္းကစားျခင္း၊ ဗြီဒီယိုၾကည့္ျခင္းႏွင့္ တစ္ခ်ိန္တည္းတြင္ လုပ္ငန္းမ်ားစြာ လုပ္ေဆာင္ႏိုင္ျခင္းတို႔တြင္ စံခ်ိန္မီေအာင္ ဖန္တီးျပဳလုပ္ထားသည္။

· Galaxy A20 တြင္ 13MP ႏွင့္ 5MP ရွိၿပီး လူသားတစ္ဦး၏ မ်က္လုံးႏွင့္ အမွန္တကယ္ျမင္ေတြ႕ရသည့္အတိုင္း ႐ိုက္ကူးႏိုင္ေသာ back ကင္မရာႏွစ္လုံးပါဝင္ပါသည္။ (include front camera 8MP) ထို႔အျပင္ wide camera ႏွင့္ အသစ္ထပ္မံထည့္သြင္းထားေသာ လုပ္ေဆာင္ခ်က္မ်ားပါဝင္သည့္အတြက္ ေပ်ာ္႐ႊင္စရာ အေတြ႕အႀကဳံမ်ားကို ရရွိေစမည္ျဖစ္သည္။ Galaxy A20 ၏ Ultra-wide angle camera က သင္၏ကမာၻကို ျမင္ေတြ႕ရသည့္အတိုင္း အကန႔္အသတ္မရွိ ႐ိုက္ကူးေစႏိုင္မည္ျဖစ္သည္။ ထို႔အျပင္ “Intelligent Switch” လုပ္ေဆာင္ခ်က္ႏွင့္အတူ သင္၏ ကင္မရာမွ Wide Shot Mode အသုံးျပဳႏိုင္မည့္ အခ်ိန္ကို ခြဲျခားအႀကံျပဳေပးမည္ျဖစ္သည္။ ယင္းဖုန္းတြင္ 3GB RAM ႏွင့္ Internal Storage 32GB ပါဝင္သည့္အျပင္ 512GB အထိ ပါဝင္ေသာ micro SD card ကိုပါ တိုးခ်ဲ႕အသုံးျပဳႏိုင္မည္ျဖစ္ပါသည္။ ဘက္ထရီအားျဖင့္ 4,000 mAh ထည့္သြင္းထားသည္။ (15W Adaptive Fast Charging) (Fingerprint & Face Recognition)

Samsung သည္ Galaxy A Series တစ္ခုလုံးအား သုံးစြဲသူမ်ားအေနျဖင့္ အဆင့္ျမင့္ေသာ စမတ္ဖုန္း လုပ္ေဆာင္ခ်က္မ်ားကို ပိုမိုခ်ိဳသာေသာေဈးႏႈန္းမ်ားျဖင့္ ရရွိေစႏိုင္ရန္ ရည္႐ြယ္ၿပီးထုတ္လုပ္ထား႐ုံသာမက Galaxy A10/A20 ဝယ္ယူသူမ်ားအေနျဖင့္ Premium Care ဝန္ေဆာင္မႈျဖစ္သည့္ no worry crack ( ဝယ္ယူၿပီးခ်ိန္မွ ၃လအတြင္း အေရွ႕မွန္ကြဲလွ်င္ မွန္ျပန္လဲခ်ိန္တြင္ ၄၀ ရာခိုင္ႏႈန္း အထိ သက္သာခြင့္ရရွိမည္ျဖစ္သည္) အစီအစဥ္ကို ခံစားခြင့္ရရွိမည္ျဖစ္သည္။

Galaxy A10/A20 စမတ္ဖုန္းသစ္မိတ္ဆက္မႈႏွင့္အတူ Samsung Myanmar သည္ Mytel ႏွင့္ပူးေပါင္းထားေသာေၾကာင့္ Galaxy A10 ႏွင့္ A20 ဝယ္ယူသူမ်ားအေနျဖင့္ အထူးလက္ေဆာင္အျဖစ္ လစဥ္ ေဒတာအသုံးျပဳမႈ 2GB ႏွင့္ Mytel ဖုန္းအခ်င္းခ်င္းေခၚဆိုမႈ မိနစ္ေပါင္း ၂၀၀ အား ၆လ ဆက္တိုက္ ရရွိႏိုင္မည္ျဖစ္သည္။

Galaxy A10 ႏွင့္ A20 စမတ္ဖုန္းမ်ားအား ျမန္မာႏိုင္ငံတစ္ဝန္းတြင္ ဧၿပီလ ၁၀ ရက္၊ ၂၀၁၉ မွစတင္၍ ဝယ္ယူရရွိႏိုင္မည္ျဖစ္သည္။ Galaxy A10 ႏွင့္ A20 တို႔အား အမည္းေရာင္၊ နက္ျပာေရာင္ ႏွင့္ အနီေရာင္တို႔ျဖင့္ ေ႐ြးခ်ယ္ဝယ္ယူႏိုင္မည္ျဖစ္သည္။

ေဈးႏႈန္းအေနျဖင့္ Galaxy A10 အား ၁၈၉,၀၀၀ က်ပ္ျဖင့္လည္းေကာင္း၊ Galaxy A20 အား ၂၅၀,၀၀၀ က်ပ္ျဖင့္လည္းေကာင္း အသီးသီးဝယ္ယူရရွိႏိုင္မည္ ျဖစ္သည္။

[Unicode]

Samsung Myanmar မှ ဆန်းသစ်ထားသည့် နည်းပညာများပါဝင်ပြီး ဈေးနှုန်းချိုသာသော Galaxy A Series စမတ်ဖုန်းသစ်များအား မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

Samsung Myanmar မှ ဈေးနှုန်းချိုသာပြီး စွမ်းဆောင်ရည်မြင့်သော ဖုန်းများကို သုံးစွဲလိုသူများအတွက် နောက်ဆုံးပေါ်မျိုးဆက်သစ် Galaxy A Series စမတ်ဖုန်းသစ်များ ဖြစ်သော Galaxy A10 နှင့် Galaxy A20 ကို မိတ်ဆက်လိုက်သည်။ Galaxy A10 နှင့် Galaxy A20 တွင် ကြာရှည်ခံသော ဘက်ထရီ၊ စွမ်းဆောင်ရည်မြင့် ကင်မရာနှင့် စွဲမက်နစ်မြောဖွယ်ရာ မျက်နှာပြင် အစရှိသည့် ဖုန်းတစ်လုံးအတွက် မရှိမဖြစ်လိုအပ်သော နည်းပညာများ ထည့်သွင်းပေးထားသည်။

“စမတ်ဖုန်းတီထွင်ဆန်းသစ်မှုတွေမှာ ဦးဆောင်လျက်ရှိတဲ့ Samsung အနေနဲ့ လူတိုင်းအတွက် အနှစ်သာရပြည့်စုံတဲ့ တီထွင်ဆန်းသစ်မှုများကို ပေးစွမ်းသွားမယ်လို့ ကတိပြုချင်ပါတယ်။ သို့သော်လည်းပဲ လူတိုင်းမှာ မတူညီတဲ့ ကြိုက်နှစ်သက်မှုတွေ၊ လိုအပ်ချက်တွေရှိတယ်ဆိုတာကိုလည်း ကျွန်တော်တို့နားလည်ထားပါတယ်။ ဒီနှစ်မှာတော့ ကျွန်တော်တို့ဟာ Galaxy J Series မှ ဈေးနှုန်းပိုချိုသာပြီး ပိုခေတ်မီသော A Series ကို ပြောင်းလဲထုတ်လုပ်ထားပါတယ်။ Samsung Galaxy A Series ဟာ မျိုးဆက်သစ်လူငယ်တွေအတွက် တီထွင်ဆန်းသစ်ထားတဲ့ဖုန်းတွေကို အသင့်တော်ဆုံးဈေးများနဲ့ သုံးစွဲခွင့်ရရှိဖို့အတွက် ဖန်တီးထုတ်လုပ်ထားပါတယ်” ဟု Samsung Myanmar ၏ Head of IT and Mobile Group ကိုဇာနည်ဝင်းထက်မှ ပြောကြားသည်။

“အခုဆိုရင် လူတွေဟာ သူတို့အတွေ့အကြုံတွေကို ဘယ်လို ဖန်တီးမျှဝေကြမလဲဆိုတာကစပြီး အချင်းချင်းဆက်သွယ်နေကြပုံတွေပြောင်းလဲလာကြတာကို တွေ့ရတယ်။ လူတွေဟာ အခုနောက်ပိုင်းမှာဆို သူတို့ရဲ့ဘဝပုံစံတွေကို မျှဝေကြတယ်။ ရိုက်ယူမှတ်တမ်းတင်ကြတယ်။ အချင်းချင်းပိုဆက်သွယ်လာကြတယ်။ တိုက်ရိုက်ထုတ်လွှင့်မှုတွေ လုပ်လာကြတယ်။ အခုလိုမျိုး ဈေးနှုန်းသင့်တော်တဲ့ Galaxy A10 နှင့် A20 စမတ်ဖုန်းများနဲ့အတူ သုံးစွဲသူတွေဟာ story တွေ မျှဝေလာနိုင်မယ်။ မိသားစု၊ သူငယ်ချင်းတွေရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေမှာလဲ ပါဝင်နိုင်လာမယ်။ အဲ့လိုနည်းနဲ့ သုံးစွဲသူတွေဟာ စစ်မှန်ရိုးသားပြီး ပိုမိုအဓိပ္ပါယ်ပြည့်စုံတဲ့ ချိတ်ဆက်မှုတွေကို ဖန်တီးလာနိုင်မှာဖြစ်ပါတယ်” ဟု ကိုဇာနည်ဝင်းထက်မှ ဖြည့်စွက်ပြောကြားသည်။

Galaxy J Series မှ Galaxy A Series သို့ပြောင်းလဲထုတ်လုပ်လိုက်ခြင်းဖြင့် သုံးစွဲသူများအနေနှင့် တီထွင်ဆန်းသစ်ထားသည့် မရှိမဖြစ်လုပ်ဆောင်ချက်များကို အသုံးပြုနိုင်မှာဖြစ်ပြီး သုံးစွဲသူများ၏ လိုအပ်ချက်အလျောက်သင့်တော်သည့် ဖုန်းအမျိုးအစား အား ပိုမိုလွယ်ကူစွာရွေးချယ်နိုင်မည်ဖြစ်သည်။ Galaxy A Series သည် အချိန်မရွေး ချိတ်ဆက် မျှဝေနိုင်မည့် လုပ်ဆောင်ချက်များကို ထည့်သွင်းထားပြီး လက်တွေ့ဘဝနှင့်ထပ်တူကျစွာ ချိတ်ဆက်မျှဝေနိုင်စေရန် ဖန်တီးထားသည်။

Galaxy A10
· Galaxy A10 တွင် ၆.၂ လက်မ HD+ မျက်နှာပြင်ပါဝင်ပြီး သုံးစွဲသူများအား အဆုံးအစမဲ့ V မျက်နှာပြင် အတွေ့အကြုံကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ အဆုံးအစမဲ့မျက်နှာပြင်ထည့်သွင်းပေးထားသောကြောင့် မျက်နှာပြင် အရွယ်အစား ပိုမိုကြီးမားလာပြီး သုံးစွဲသူများအနေဖြင့် စွဲမက်နစ်မြောဖွယ်ရာ ကြည့်ရှုမှုအတွေ့အကြုံကို ခံစားနိုင်မည်ဖြစ်သည်။ အဆိုပါ ဖုန်းသည် ဂိမ်းကစားခြင်း၊ ဗွီဒီယိုကြည့်ခြင်းနှင့် တစ်ချိန်တည်းတွင် လုပ်ငန်းများစွာ လုပ်ဆောင်နိုင်ခြင်းတို့တွင် စံထားရလောက်သော ဖုန်းတစ်လုံးဖြစ်သည်။

· ဓာတ်ပုံပုံရိုက်ကူးရန်အတွက်လည်း 13MP ရှိသော အနောက်ကင်မရာအား ထည့်သွင်းပေးထားပြီး 5MP ရှိသော ရှေ့ကင်မရာပါဝင်သည်။

· Galaxy A10 သည် Octa-core Exynos 7884 Processor ပါဝင်သည့်အတွက် တည်ငြိမ်သော စွမ်းဆောင်ရည် နှင့် ကောင်းမွန်သောတုံ့ပြန်မှုတို့ကို သေချာစေမည်ဖြစ်သည်။

· RAM 2GB နှင့် Internal Storage 32GB ပါဝင်ပြီး 512GB အထိ ပါဝင်သော micro SD card ကိုပါ တိုးချဲ့အသုံးပြုနိုင်မည်ဖြစ်ကာ ဘက်ထရီ 3,400 mAh ပါဝင်ပြီး Face Unlock ကိုအသုံးပြုထားသည်။

· Galaxy A10 ကို ချောမွတ်တောက်ပြောင်ပြီး လက်အတွင်းမြဲမြံစွာ ကိုင်ဆောင်ထားနိုင်သည့် ကိုယ်ထည်ဖြင့် ဖန်တီးထားသည်။

 

 

Galaxy A20
· Galaxy A20 သည် A10 ထက် အရွယ်အစားအနည်းငယ်ကြီးမားပြီး အဆုံးအစမဲ့ V မျက်နှာပြင်ကြောင့် ပိုမိုကျယ်ပြန့်စွာ ကြည့်ရှုနိုင်မည်ဖြစ်သည်။ ဖုန်း၏ အစွန်းနှစ်ဖက်အပြည့် ၆.၄ လက်မ HD+ Super AMOLED မျက်နှာပြင်သည် သုံးစွဲသူများကို ပိုမိုနစ်မြောဖွယ်ရာ မြင်ကွင်းအတွေ့အကြုံကို ပေးစွမ်းမည်ဖြစ်သည်။

· A20 ၏ ကြီးမားသောမျက်နှာပြင်သည် ဂိမ်းကစားခြင်း၊ ဗွီဒီယိုကြည့်ခြင်းနှင့် တစ်ချိန်တည်းတွင် လုပ်ငန်းများစွာ လုပ်ဆောင်နိုင်ခြင်းတို့တွင် စံချိန်မီအောင် ဖန်တီးပြုလုပ်ထားသည်။

· Galaxy A20 တွင် 13MP နှင့် 5MP ရှိပြီး လူသားတစ်ဦး၏ မျက်လုံးနှင့် အမှန်တကယ်မြင်တွေ့ရသည့်အတိုင်း ရိုက်ကူးနိုင်သော back ကင်မရာနှစ်လုံးပါဝင်ပါသည်။ (include front camera 8MP) ထို့အပြင် wide camera နှင့် အသစ်ထပ်မံထည့်သွင်းထားသော လုပ်ဆောင်ချက်များပါဝင်သည့်အတွက် ပျော်ရွှင်စရာ အတွေ့အကြုံများကို ရရှိစေမည်ဖြစ်သည်။ Galaxy A20 ၏ Ultra-wide angle camera က သင်၏ကမ္ဘာကို မြင်တွေ့ရသည့်အတိုင်း အကန့်အသတ်မရှိ ရိုက်ကူးစေနိုင်မည်ဖြစ်သည်။ ထို့အပြင် “Intelligent Switch” လုပ်ဆောင်ချက်နှင့်အတူ သင်၏ ကင်မရာမှ Wide Shot Mode အသုံးပြုနိုင်မည့် အချိန်ကို ခွဲခြားအကြံပြုပေးမည်ဖြစ်သည်။ ယင်းဖုန်းတွင် 3GB RAM နှင့် Internal Storage 32GB ပါဝင်သည့်အပြင် 512GB အထိ ပါဝင်သော micro SD card ကိုပါ တိုးချဲ့အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ဘက်ထရီအားဖြင့် 4,000 mAh ထည့်သွင်းထားသည်။ (15W Adaptive Fast Charging) (Fingerprint & Face Recognition)

Samsung သည် Galaxy A Series တစ်ခုလုံးအား သုံးစွဲသူများအနေဖြင့် အဆင့်မြင့်သော စမတ်ဖုန်း လုပ်ဆောင်ချက်များကို ပိုမိုချိုသာသောဈေးနှုန်းများဖြင့် ရရှိစေနိုင်ရန် ရည်ရွယ်ပြီးထုတ်လုပ်ထားရုံသာမက Galaxy A10/A20 ဝယ်ယူသူများအနေဖြင့် Premium Care ဝန်ဆောင်မှုဖြစ်သည့် no worry crack ( ဝယ်ယူပြီးချိန်မှ ၃လအတွင်း အရှေ့မှန်ကွဲလျှင် မှန်ပြန်လဲချိန်တွင် ၄၀ ရာခိုင်နှုန်း အထိ သက်သာခွင့်ရရှိမည်ဖြစ်သည်) အစီအစဉ်ကို ခံစားခွင့်ရရှိမည်ဖြစ်သည်။

Galaxy A10/A20 စမတ်ဖုန်းသစ်မိတ်ဆက်မှုနှင့်အတူ Samsung Myanmar သည် Mytel နှင့်ပူးပေါင်းထားသောကြောင့် Galaxy A10 နှင့် A20 ဝယ်ယူသူများအနေဖြင့် အထူးလက်ဆောင်အဖြစ် လစဉ် ဒေတာအသုံးပြုမှု 2GB နှင့် Mytel ဖုန်းအချင်းချင်းခေါ်ဆိုမှု မိနစ်ပေါင်း ၂၀၀ အား ၆လ ဆက်တိုက် ရရှိနိုင်မည်ဖြစ်သည်။

Galaxy A10 နှင့် A20 စမတ်ဖုန်းများအား မြန်မာနိုင်ငံတစ်ဝန်းတွင် ဧပြီလ ၁၀ ရက်၊ ၂၀၁၉ မှစတင်၍ ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ Galaxy A10 နှင့် A20 တို့အား အမည်းရောင်၊ နက်ပြာရောင် နှင့် အနီရောင်တို့ဖြင့် ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

ဈေးနှုန်းအနေဖြင့် Galaxy A10 အား ၁၈၉,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ Galaxy A20 အား ၂၅၀,၀၀၀ ကျပ်ဖြင့်လည်းကောင်း အသီးသီးဝယ်ယူရရှိနိုင်မည် ဖြစ်သည်။