[Zawgyi]

Samsung ဟာ MWC 2019 မွာ Galaxy A30 နဲ႔ Galaxy A50 ေတြကို ေၾကညာခဲ့ပါတယ္။ တကယ့္ကို အခ်ိန္ေကာင္း ျဖစ္ပါတယ္။ အဲဒီတုန္းက Galaxy A10 ကို ထည့္သြင္းမေၾကညာခဲ့ဘဲ ခ်န္လွပ္ထားခဲ့ပါတယ္။ ဒါေၾကာင့္ A10 နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြဟာ ေကာလာဟလေတြကတစ္ဆင့္သာ သိခဲ့ရပါတယ္။

ေဖေဖာ္ဝါရီရဲ႕ ေနာက္ဆုံးရက္မွာေတာ့ Samsung ဟာ သူတို႔ရဲ႕ ေဈးႏႈန္းခ်ိဳသာအမ်ိဳးအစားျဖစ္တဲ့ Galaxy A10 အေၾကာင္းကို တရားဝင္ ထုတ္ေဖာ္ေၾကညာလိုက္ၿပီ ျဖစ္ပါတယ္။ Galaxy A Series ေတြထဲမွာ အငယ္ဆုံးလို႔ ဆိုရမယ့္ A10 ဟာ Exynos 7884 Chipset သုံးထားၿပီး မန္မိုရီ 2GB RAM ျဖစ္သလို ေက်ာဘက္မွာလည္း ကင္မရာ တစ္လုံးသာ တပ္ဆင္ေပးထားတာ ျဖစ္ပါတယ္။

Galaxy A10 ဟာ Infinity-V Notch နဲ႔ျဖစ္ၿပီး 6.2-inch HD+ မ်က္ႏွာျပင္နဲ႔ ျဖစ္ပါတယ္။ Chipset ကေတာ့ အထက္မွာ ေရးသားေဖာ္ျပခဲ့တဲ့အတိုင္း Exynos 7884 ျဖစ္ပါတယ္။ Samsung ဟာ Exynos 7884 သိပ္မ်ားမ်ားစားစား အသုံးျပဳေလ့မရွိဘဲ Galaxy J3 V မွာေတာ့ သုံးခဲ့တာကို ေတြ႕ရပါတယ္။

ေဈးႏႈန္းခ်ိဳသာမယ့္ စမတ္ဖုန္းျဖစ္တဲ့အေလ်ာက္ Samsung ဟာ 2GB RAM ကို 32GB Storage နဲ႔ တြဲဖက္ေပးထားတာကိုလည္း ေတြ႕ရပါတယ္။ ဒါေပမယ့္ MicroSD နဲ႔အတူ သိုေလွာင္မႈကို တိုးျမႇင့္ႏိုင္တယ္လို႔ သိရပါတယ္။ ေက်ာဘက္က အဓိကကင္မရာဟာ 13MP f/1.9 ျဖစ္ၿပီး Selfie ကင္မရာကေတာ့ 5MP ျဖစ္ပါတယ္။

Samsung Galaxy A10 အတြက္ ဘက္ထရီပမာဏကေတာ့ သိပ္မ်ားမ်ားစားစား မေထာက္ပံ့ေပးထားပါဘူး။ 3,400mAh သာျဖစ္ပါတယ္။ ဒီဖုန္းဟာ Android Pie, One UI နဲ႔ပဲ ထြက္ေပၚလာဖြယ္ ရွိပါတယ္။ အေရာင္အေနနဲ႔ အျပာ၊ အနက္၊ ဒါမွမဟုတ္ အနီေရာင္ ေတြရရွိမယ္လို႔ သိရပါတယ္။ ေဈးကြက္ထဲကို မတ္လလယ္ေလာက္မွာ ေရာက္ရွိမယ္လို႔ သိရေပမယ့္ ေဈးႏႈန္းကိုေတာ့ ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္း မရွိတာကို ေတြ႕ရပါတယ္။

Ref: GSMArena

[Unicode]

Samsung Galaxy A10 ကို တရားဝင် ကြေညာပြီ

Samsung ဟာ MWC 2019 မှာ Galaxy A30 နဲ့ Galaxy A50 တွေကို ကြေညာခဲ့ပါတယ်။ တကယ့်ကို အချိန်ကောင်း ဖြစ်ပါတယ်။ အဲဒီတုန်းက Galaxy A10 ကို ထည့်သွင်းမကြေညာခဲ့ဘဲ ချန်လှပ်ထားခဲ့ပါတယ်။ ဒါကြောင့် A10 နဲ့ ပတ်သက်တဲ့ အချက်အလက်တွေဟာ ကောလာဟလတွေကတစ်ဆင့်သာ သိခဲ့ရပါတယ်။

ဖေဖော်ဝါရီရဲ့ နောက်ဆုံးရက်မှာတော့ Samsung ဟာ သူတို့ရဲ့ ဈေးနှုန်းချိုသာအမျိုးအစားဖြစ်တဲ့ Galaxy A10 အကြောင်းကို တရားဝင် ထုတ်ဖော်ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ Galaxy A Series တွေထဲမှာ အငယ်ဆုံးလို့ ဆိုရမယ့် A10 ဟာ Exynos 7884 chipset သုံးထားပြီး မန်မိုရီ 2GB RAM ဖြစ်သလို ကျောဘက်မှာလည်း ကင်မရာ တစ်လုံးသာ တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။

Galaxy A10 ဟာ Infinity-V notch နဲ့ဖြစ်ပြီး 6.2-inch HD+ မျက်နှာပြင်နဲ့ ဖြစ်ပါတယ်။ Chipset ကတော့ အထက်မှာ ရေးသားဖော်ပြခဲ့တဲ့အတိုင်း Exynos 7884 ဖြစ်ပါတယ်။ Samsung ဟာ Exynos 7884 သိပ်များများစားစား အသုံးပြုလေ့မရှိဘဲ Galaxy J3 V မှာတော့ သုံးခဲ့တာကို တွေ့ရပါတယ်။

ဈေးနှုန်းချိုသာမယ့် စမတ်ဖုန်းဖြစ်တဲ့အလျောက် Samsung ဟာ 2GB RAM ကို 32GB Storage နဲ့ တွဲဖက်ပေးထားတာကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့် MicroSD နဲ့အတူ သိုလှောင်မှုကို တိုးမြှင့်နိုင်တယ်လို့ သိရပါတယ်။ ကျောဘက်က အဓိကကင်မရာဟာ 13MP f/1.9 ဖြစ်ပြီး Selfie ကင်မရာကတော့ 5MP ဖြစ်ပါတယ်။

Samsung Galaxy A10 အတွက် ဘက်ထရီပမာဏကတော့ သိပ်များများစားစား မထောက်ပံ့ပေးထားပါဘူး။ 3,400mAh သာဖြစ်ပါတယ်။ ဒီဖုန်းဟာ Android Pie, One UI နဲ့ပဲ ထွက်ပေါ်လာဖွယ် ရှိပါတယ်။ အရောင်အနေနဲ့ အပြာ၊ အနက်၊ ဒါမှမဟုတ် အနီရောင် တွေရရှိမယ်လို့ သိရပါတယ်။ ဈေးကွက်ထဲကို မတ်လလယ်လောက်မှာ ရောက်ရှိမယ်လို့ သိရပေမယ့် ဈေးနှုန်းကိုတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိတာကို တွေ့ရပါတယ်။

Ref:GSMArena