[Zawgyi]

ၿပီးခဲ့တဲ့ ရက္ေတြကပဲ Samsung ဟာ Galaxy A30 နဲ႔ A50 ေတြအေၾကာင္းကို ထုတ္ေဖာ္သြားခဲ့ပါၿပီ။ ဒါေပမယ့္ Galaxy A10 အေၾကာင္းကိုေတာ့ MWC မွာ ေျပာဆိုျခင္း မရွိခဲ့ပါဘူး။ Galaxy A10 ဟာ အခုအခ်ိန္ထိ ကုမၸဏီရဲ႕ သတင္းမထုတ္ျပန္ေသးတဲ့ စမတ္ဖုန္းတစ္လုံးအျဖစ္ ရွိေနဆဲပါပဲ။

ဒါေပမယ့္လည္း Galaxy A10 ရဲ႕ Renders အခ်ိဳ႕ ထြက္ေပၚလာတဲ့အတြက္ မ်က္ႏွာျပင္ပုံစံနဲ႔ ေက်ာဘက္ ကင္မရာ အပါအဝင္ ဒီဖုန္းအေၾကာင္းကို အနည္းငယ္ သိရွိခြင့္ ရၾကၿပီ ျဖစ္ပါတယ္။ ထြက္ေပၚလာတဲ့ Renders ေတြဟာ ဖုန္းကာဗာေတြနဲ႔ တြဲလ်က္သားျဖစ္တာကိုလည္း ေတြ႕ျမင္ရပါတယ္။

႐ုပ္ပုံေတြအရဆိုရင္ေတာ့ Galaxy A10 ဟာ ေက်ာဘက္မွာ ကင္မရာ တစ္လုံးတည္း တပ္ဆင္ထားတာကို ေတြ႕ရပါတယ္။ အေရွ႕ဘက္ မ်က္ႏွာျပင္မွာေတာ့ Waterdrop Notch နဲ႔အတူ Selfie ကင္မရာ တစ္လုံးကိုလည္း တပ္ဆင္ေပးထားပါတယ္။ Notch ေပၚမွာလည္း Earpiece Speaker ပုံစံကို ေတြ႕ျမင္ရပါတယ္။

ေက်ာဘက္မွာေတာ့ Fingerprint အတြက္ ေနရာကို မေတြ႕ရပါဘူး။ ဒါေပမယ့္ ဖုန္းရဲ႕ ေအာက္ေျခ ဘယ္ဘက္ေထာင့္မွာ Loudspeaker ေပါက္လို႔ဆိုရမယ့္ ေလးေထာင့္ကြက္တစ္ခုေတြ႕ရပါတယ္။ ဒါေၾကာင့္ Fingerprint အေၾကာင္းနဲ႔ အျခားအစိတ္အပိုင္းေတြအေၾကာင္းကို ဆက္လက္ ေစာင့္ၾကည့္ရဦးမွာပါ။

ထြက္ခဲ့ၿပီးတဲ့ ေကာလာဟလေတြကို ျပန္ၾကည့္မယ္ဆိုရင္ေတာ့ Samsung Galaxy A10 ဟာ Exynos 7884B SoC နဲ႔ျဖစ္ၿပီး အနည္းဆုံး RAM 3GB နဲ႔ 32GB Storage ပါဝင္လိမ့္မယ္လို႔ သိရပါတယ္။ မ်က္ႏွာျပင္ကေတာ့ 6.2-inch ျဖစ္ၿပီး HD+ ျဖစ္မယ္လို႔လည္း ဆိုထားတာပါ။ ဘက္ထရီကေတာ့ 4,000mAh ျဖစ္ဖြယ္ ရွိပါတယ္။

Ref: GSMArena

[Unicode]

Samsung Galaxy A10 ရဲ့ Renders ထွက်ပေါ်လာ

ပြီးခဲ့တဲ့ ရက်တွေကပဲ Samsung ဟာ Galaxy A30 နဲ့ A50 တွေအကြောင်းကို ထုတ်ဖော်သွားခဲ့ပါပြီ။ ဒါပေမယ့် Galaxy A10 အကြောင်းကိုတော့ MWC မှာ ပြောဆိုခြင်း မရှိခဲ့ပါဘူး။ Galaxy A10 ဟာ အခုအချိန်ထိ ကုမ္ပဏီရဲ့ သတင်းမထုတ်ပြန်သေးတဲ့ စမတ်ဖုန်းတစ်လုံးအဖြစ် ရှိနေဆဲပါပဲ။

ဒါပေမယ့်လည်း Galaxy A10 ရဲ့ Renders အချို့ ထွက်ပေါ်လာတဲ့အတွက် မျက်နှာပြင်ပုံစံနဲ့ ကျောဘက် ကင်မရာ အပါအဝင် ဒီဖုန်းအကြောင်းကို အနည်းငယ် သိရှိခွင့် ရကြပြီ ဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ Renders တွေဟာ ဖုန်းကာဗာတွေနဲ့ တွဲလျက်သားဖြစ်တာကိုလည်း တွေ့မြင်ရပါတယ်။

ရုပ်ပုံတွေအရဆိုရင်တော့ Galaxy A10 ဟာ ကျောဘက်မှာ ကင်မရာ တစ်လုံးတည်း တပ်ဆင်ထားတာကို တွေ့ရပါတယ်။ အရှေ့ဘက် မျက်နှာပြင်မှာတော့ Waterdrop Notch နဲ့အတူ Selfie ကင်မရာ တစ်လုံးကိုလည်း တပ်ဆင်ပေးထားပါတယ်။ Notch ပေါ်မှာလည်း Earpiece S peaker ပုံစံကို တွေ့မြင်ရပါတယ်။

ကျောဘက်မှာတော့ Fingerprint အတွက် နေရာကို မတွေ့ရပါဘူး။ ဒါပေမယ့် ဖုန်းရဲ့ အောက်ခြေ ဘယ်ဘက်ထောင့်မှာ Loudspeaker ပေါက်လို့ဆိုရမယ့် လေးထောင့်ကွက်တစ်ခုတွေ့ရပါတယ်။ ဒါကြောင့် Fingerprint အကြောင်းနဲ့ အခြားအစိတ်အပိုင်းတွေအကြောင်းကို ဆက်လက် စောင့်ကြည့်ရဦးမှာပါ။

ထွက်ခဲ့ပြီးတဲ့ ကောလာဟလတွေကို ပြန်ကြည့်မယ်ဆိုရင်တော့ Samsung Galaxy A10 ဟာ Exynos 7884B SoC နဲ့ဖြစ်ပြီး အနည်းဆုံး RAM 3GB နဲ့ 32GB Storage ပါဝင်လိမ့်မယ်လို့ သိရပါတယ်။ မျက်နှာပြင်ကတော့ 6.2-inch ဖြစ်ပြီး HD+ ဖြစ်မယ်လို့လည်း ဆိုထားတာပါ။ ဘက်ထရီကတော့ 4,000mAh ဖြစ်ဖွယ် ရှိပါတယ်။

Ref: GSMArena