Samsung ကနေ လာမယ့် ၂၀၂၁ ခုနှစ်အတွက် Galaxy A Series အသစ်တွေကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Galaxy A Series အသစ်တွေဟာ ယခုထက် ပိုပြီး 5G Network ကို ထောက်ပံ့လာမှာဖြစ်သလို အခုလည်း Budget 5G စမတ်ဖုန်းတစ်လုံးဖြစ်လာနိုင်တဲ့ Galaxy A12 5G ရဲ့ Design တွေ ပေါက်ကြားလာခဲ့ပြန်ပါပြီ။

အခုသတင်းကတော့ Galaxy A12 5G ရဲ့  3D Case Render ဓါတ်ပုံတွေနဲ့အတူ ပေါက်ကြားခဲ့တာဖြစ်ပါတယ်။ နောက်ကျောဘက် Design အရတော့ Galaxy A12 5G စမတ်ဖုန်းဟာ Galaxy M12 သို့မဟုတ် Galaxy A42 5G ဖုန်းတွေနဲ့ ဆင်တူတာကိုတွေ့ရပါတယ်။

အရှေ့ဘက်မှာတော့ Galaxy A12 5G စမတ်ဖုန်းဟာ Waterdrop Notch ကိုပဲ အသုံးပြုထားမှာဖြစ်ပြီး Punch-hole Selfie Camera ကိုတော့ အသုံးပြုလာဦးမှာမဟုတ်ပါဘူး။ နောက်ကျောဘက်မှာတော့ Square Camera Layout ကိုမှ Triple Camera Setup ထည့်သွင်းထားတာကို တွေ့ရပါတယ်။

Fingerprint Sensor ကိုတော့ ဘေးဘက် Power Button မှာပဲ ထည့်သွင်းထားပြီး USB-C အပြင် 3.5mm Headphone Jack လည်း ပါဝင်မှာဖြစ်ပါတယ်။ ဖြစ်နိုင်ခြေများနေတာကတော့ 4G Version Galaxy A12 ဟာလည်း တူညီတဲ့ Design ကိုပဲ အသုံးပြုလာနိုင်ပါတယ်။

Samsung Galaxy A12 စမတ်ဖုန်းဟာ MediaTek Helio P35 Chipset ၊ RAM 3GB ကိုမှ 32GB သို့မဟုတ် 64GB Storage ပါဝင်တယ်လို့ သတင်းထွက်ထားတဲ့အတွက် 5G Version မှာ ဘာ Chipset အသုံးပြုလာမလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – Gizmo China