Samsung ဟာ ဒီနှစ်အစောပိုင်းမှာ Punch-hole display နဲ့ ဘတ်ဂျက်အမျိုးအစားဖြစ်တဲ့ Galaxy A11 ကို ပွဲထုတ်ခဲ့ပါတယ်။ လပေါင်းအတန်ကြာပြီးတဲ့နောက်မှာတော့ သူ့ရဲ့ဆက်ခံသူလို့ယူဆရတဲ့ Galaxy A12 ကို Geekbench listing မှာ တွေ့မြင်ခဲ့ကြရပါတော့တယ်။

အခုတော့ Geekbench မှာမြင်တွေ့ခဲ့ရတာနဲ့ တူညီတဲ့ Device ကို Samsung Russia ရဲ့ Support page မှာလည်း မြင်တွေ့ရပြီ ဖြစ်ပါတယ်။ 91Mobiles ရဲ့ဖော်ပြချက်အရ Samsung Russia တရားဝင် Support page မှာ မော်ဒယ်နံပါတ် SM-A125F/DSN အဖြစ်နဲ့တွေ့မြင်ရတာလို့ သိရပါတယ်။ ကနဦးသတင်းတွေအရလည်း ဒီမော်ဒယ်နံပါတ်ဟာ Galaxy A12 ကိုပဲ ညွှန်ပြနေပါတယ်။

ဝမ်းနည်းစရာကောင်းတာက Support page မှာ မော်ဒယ်နံပါတ်ကလွဲရင် ကျန်တဲ့အချက်အလက်တွေကို ဘာတစ်ခုမှ မြင်တွေ့ရခြင်းမရှိသေးတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ထွက်ရှိပြီးသားသတင်းတွေအရဆိုရင်တော့ Galaxy A12 ဟာ MediaTek Helio P35 SoC နဲ့ဖြစ်ကြောင်း သိရှိပြီးဖြစ်ပါလိမ့်မယ်။ Geekbench အရ 3GB of RAM ကိုထောက်ပံ့ပေးထားပြီး သိုလှောင်မှုပမာဏတွေက 32GB နဲ့ 64GB ဆိုပြီး ရွေးချယ်စရာ ရှိမယ်လို့ သိရပါတယ်။

Galaxy A12 ဟာ သူ့အရင်ထွက်ခဲ့တဲ့ A11 နဲ့ အတော်လေးကို တူညီတယ်လို့ ဆိုရမှာပါ။ ဒါကြောင့် မျက်နှာပြင်ထက်မှာ Punch-hole ရှိနေဖို့မျှော်လင့်နိုင်ပြီး၊ ကျောဘက်မှာလည်း အနည်းဆုံး ကင်မရာသုံးလုံးရှိနေဖို့ကို မျှော်လင့်နိုင်ပါတယ်။ ဘက်ထရီပိုင်းမှာလည်း 4,000mAh နဲ့အထက်၊ 15W အမြန်အားသွင်းစနစ်၊ စတာတွေကိုလည်း မျှော်လင့်နိုင်ပါတယ်။ အရောင်အနေနဲ့ Black, White, Red နဲ့ Blue မယ်လို့ ဆိုပါတယ်။

Ref: Gizmochina