ဒီဇင်ဘာလအစောပိုင်းတုန်းက Samsung ဟာ Galaxy A13 5G ကို တရားဝင်ကြေညာခဲ့ပါတယ်။ 5G ဗားရှင်းဟာ 5,000mAh ဘက်ထရီနဲ့ 50MP ကင်မရာတို့ကို ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ Galaxy A13 4G ဗားရှင်းကိုတော့ လာမဲ့နှစ်ဦးပိုင်းမှ ကြေညာဖွယ်ရှိပါတယ်။

Galaxy A13 4G ကို မကြေညာသေးပေမဲ့ အလုံးအရင်းလိုက်ထုတ်လုပ်မှုကို အိန္ဒိယမှာစတင်နေပြီလို့ သတင်းထွက်နေတာပါ။ Galaxy A13 4G ဗားရှင်းဟာ အိန္ဒိယဈေးကွက်မှာပဲ အဓိကထားပြီးရောင်းချမယ်လို့ ယူဆရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် A13 4G ကို Geekbench မှာ တွေ့မြင်လာရပြီ ဖြစ်ပါတယ်။

Geekbench မှာတွေ့ရသလောက်တော့ Galaxy A13 4G ဟာ သာမန်ထက်မပိုတဲ့ ဟန်းဆက်တစ်ခုပါပဲ။ SoC ဟာ Exynos 850 ပါ။ ဒါဟာ Samsung ရဲ့ အသက်သာဆုံးနဲ့ စွမ်းရည်မြင့် Chipset တစ်ခုပါ။ ဒါပေမဲ့ Underpowered ထဲမှာပဲ ရှိနေတာပါ။ ရမှတ်တွေကလည်း ရင်ခုန်စရာမရှိပါဘူး။ နောက်တစ်ချက်က 3GB of RAM နဲ့ တွဲဖက်မောင်းနှင်ထားကြောင်း Geekbench မှာ မြင်တွေ့ရတာပါပဲ။ အခြားရွေးချယ်စရာ Memory တွေလည်း ရှိဦးမယ်လို့တော့ မျှော်လင့်ရပါတယ်။

Galaxy A13 4G ကို Android 12 မောင်းနှင်ထားတာကြောင့် အနည်းဆုံးတော့ Android 14 update အထိ မျှော်လင့်လို့ရပါတယ်။ Processor ကြောင့် ဂိမ်းအတော်များများကို စိတ်တိုင်းကျကစားလို့ရမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အခြားအချက်အလက်တွေအပြင် ဈေးနှုန်းကိုဘယ်လိုသတ်မှတ်မလဲဆိုတာလည်း စောင့်ကြည့်ရဦးမှာပါ။ တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးအနေနဲ့ Galaxy A13 4G အပါအဝင် နောက်ထုတ်မဲ့ စမတ်ဖုန်းတွေမှာလည်း Underpowered chip တွေကို ဆက်သုံးနေဦးမယ်လို့ ယုံကြည်ရပါတယ်။

Ref: GSM Arena