သတင်းများစွာ ပေါက်ကြားနေတဲ့ Samsung Galaxy A13 5G ကို အမေရိကန်မှာ ကြေညာလိုက်ပါတယ်။ Samsung ထုတ်လုပ်ထားသမျှထဲမှာ ဈေးအချိုဆုံး 5G ဖုန်း ဖြစ်ပြီး AT&T ကနေ ၂၅၀ ဒေါ်လာနဲ့ ဒီလ ၃ ရက်နေ့ ရောင်းချမှာ ဖြစ်ကာ မြန်မာငွေ ၄၄၅,၀၀၀ လောက် တန်ကြေးရှိပါတယ်။

Samsung Galaxy A03s

Samsung Galaxy A13 5G မှာ ၆.၅ လက်မ 90Hz (Adaptive Refresh Rate) 720×1600 LCD မျက်နှာပြင် တပ်ဆင်ထားပြီး V-shaped Notch ပါလာပါတယ်။ MediaTek Dimensity 700 Chipset မောင်းနှင်ထားပြီး 64GB Storage ၊ 15W Charging ထောက်ပံ့တဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။

အနောက်ဘက်မှာ 50MP ပင်မ၊ 2MP Macro နဲ့ 2MP Depth ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး Notch မှာ 5MP ကင်မရာ ၁ လုံး ပါလာပါတယ်။ Android 11 မောင်းနှင်ထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာကို ဘေးဘက်မှာ ထည့်သွင်းထားပါတယ်။

ဩဂုတ်လမှာ တခြားနိုင်ငံတွေမှာ ကြေညာခဲ့တဲ့ Galaxy A03s ကို Galaxy A13 5G နဲ့အတူ အမေရိကန်မှာ ရောင်းချမှာပါ။ ဇန်နဝါရီလအတွင်း ၁၅၉ ဒေါ်လာနဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပြီး မြန်မာငွေ ၂၈၀,၀၀၀ လောက် တန်ကြေးရှိမှာပါ။

နိုင်ငံတကာမှာ ရောင်းချထားတဲ့ Galaxy A03s မျက်နှာပြင်ဟာ A13 5G နဲ့ ဆင်တူပေမယ့် High Refresh Rate မပါပါဘူး။ MediaTek Helio P35 Chipset ၊ 3/4GB RAM ၊ 32/64GB Storage ၊ 13MP+2MP Macro+2MP Depth အနောက်ကင်မရာ ၃ လုံး၊ 5MP ဆဲလ်ဖီး ကင်မရာ ၁ လုံးနဲ့ 5,000mAh ဘက်ထရီတွေ ထည့်သွင်းထားပါတယ်။ 15W Charging နဲ့ Android 11 တွေ ထောက်ပံ့ထားပါတယ်။

အမေရိကန်မှာ ရောင်းချမယ့် A03s နဲ့ နိုင်ငံတကာ မော်ဒယ်ဟာ တူညီမလားဆိုတာ မသေချာသေးပါဘူး။

Ref : gsmarena