Samsung Galaxy A13 5G သတင်းတွေထွက်နေတာ လအနည်းငယ်ရှိပြီ ဖြစ်ပြီး အခုတော့ Bluetooth မှတ်ပုံတင်လိုက်တဲ့အတွက် ကြေညာဖို့ နီးလာပါပြီ။

Bluetooth မှတ်ပုံတင်ထားတဲ့ Website မှာ မတူညီတဲ့ နိုင်ငံတွေနဲ့ Carrier တွေအတွက် မော်ဒယ်ကုဒ် ၄ ခုကို စာရင်းတင်ထားပြီး SM-A136U, SM-A136U1, SM-A136W နဲ့ SM-S136DL တို့ ဖြစ်ပါတယ်။ အရင်ပေါက်ကြားခဲ့တဲ့ သတင်းတွေအရ SM-A136B မော်ဒယ်လည်း ရှိပြီး 4G မော်ဒယ်က SM-A135F ဖြစ်ပါတယ်။

Samsung Galaxy A13 5G moves a step closer to launch as it gets Bluetooth  certified - GSMArena.com news

Bluetooth SIG မှာ Samsung Galaxy A13 5G ရဲ့ Specs တွေကို မဖော်ပြထားပေမယ့် SM-A135U ကို Geekbench မှာတွေ့ခဲ့ရပြီး Dimensity 700 SoC, 4GB RAM နဲ့ Android 11 ပါမယ်လို့ ဖော်ပြထားပါတယ်။

Samsung Galaxy A13 5G Picks Up Bluetooth SIG Certification, Launch Expected  Soon - NDTV - Zimbabwe Focus | ZimFocus News

ပေါက်ကြားနေတဲ့ သတင်းတွေအရ Samsung Galaxy A13 5G မှာ ၆.၄၈ လက်မ LCD, 5,000mAh ဘက်ထရီနဲ့ 25W Charging တွေ ပါလာနိုင်ပါတယ်။ 4GB/64GB နဲ့ 8GB/128GB Memory Configuration တွေ ထုတ်လုပ်ထားမှာ ဖြစ်ပြီး Black , White, Blue နဲ့ Red အရောင်တွေ ရွေးချယ်နိုင်မှာပါ။

ကင်မရာတွေအကြောင်းပြောရရင် 8MP ဆဲလ်ဖီး ကင်မရာ ၁ လုံးပါလာမှာ ဖြစ်ပြီး အနောက်ဘက်မှာ 50MP Main , 5MP Ultrawide နဲ့ 2MP Depth ကင်မရာ ၃ လုံး ထည့်သွင်းထားနိုင်ပါတယ်။

Galaxy A13 5G ကို အမေရိကန်မှာ ၂၉၀ ဒေါ်လာနဲ့ ရောင်းချနိုင်ပြီး မြန်မာငွေ ၅ သိန်း ၁ သောင်းလောက် ကျသင့်နိုင်ပါတယ်။ Samsung က Galaxy A13 5G ကြေညာမယ့် အချိန်ကို မပြောသေးပါဘူး။ ဒါပေမယ့် Galaxy A12 ကို အရင်နှစ် နိုဝင်ဘာလမှာ ချပြခဲ့တဲ့အတွက် Galaxy A13 4G နဲ့ 5G ကို မကြာခင် ကြေညာနိုင်ပါတယ်။

Ref : gsmarena