Samsung ဟာ Galaxy A13 5G အမည်ရ စမတ်ဖုန်း အသစ် ၁ လုံးကို ဖန်တီးနေပြီး ကုမ္ပဏီရဲ့ ဈေးအချိုဆုံး 5G စမတ်ဖုန်း ဖြစ်လာနိုင်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အဲဒီ စမတ်ဖုန်းကို ဖန်တီးနေတဲ့ အကြောင်း သက်သေအထောက်အထားတွေထွက်ပေါ်လာပြီး လုပ်ဆောင်ချက် တချို့ကိုလည်း သိခဲ့ရပါတယ်။ အခုတော့ Geekbench မှာ အဲဒီ စမတ်ဖုန်းကို တွေ့လာရပြီ ဖြစ်ပြီး ပါလာမယ့် Chipset အကြောင်းကို သိလာရပါပြီ။

Samsung Galaxy A13 5G ကို Geekbench မှာ SM-A136U မော်ဒယ်နံပါတ် အဖြစ် မှတ်ပုံတင်ထားပြီး MediaTek Dimensity 700 SoC မောင်းနှင်ထားပါတယ်။ 4GB RAM ထည့်သွင်းထားပြီး ဒီထက်များတဲ့ RAM ပမာဏကိုလည်း ထုတ်လုပ်ရောင်းချနိုင်ပါတယ်။ Android 11 ပါလာမယ်လို့ Geekbench မှာ ဖော်ပြထားပါတယ်။

Samsung Galaxy A33 in works, early 2022 launch expected - Gizmochina

အရင်သတင်းတွေအရ Galaxy A13 5G မှာ 50MP Main ကင်မရာ ပါလာမှာ ဖြစ်ပြီး အဲဒါဟာ Redmi 10 မှာ ထည့်ထားတဲ့ 50 Samsung ISOCELL JN1 Sensor ဖြစ်နိုင်ပါတယ်။ အရွယ်ကြီး 5,000mAh ဘက်ထရီ ထည့်သွင်းထားမှာ ဖြစ်ပြီး Samsung ရဲ့ တန်ဖိုးနည်း စမတ်ဖုန်းတွေမှာ ထည့်သွင်းပေးလေ့ရှိတဲ့ 15W Charging ပါလာနိုင်ပါတယ်။

Samsung ဟာ Galaxy A13 5G ကို ၂၀၂၁ ခုနှစ် မကုန်ခင် ကြေညာနိုင်ပြီး ၂၀၂၂ ခုနှစ်အစောပိုင်းမှာ ကမ္ဘာအဝန်း ကျယ်ကျယ်ပြန့်ပြန့် ရောင်းချနိုင်ပါတယ်။

Ref : gizmochina