Samsung ဟာ အရင်နှစ် နိုဝင်ဘာလမှာ ဈေးချိုတဲ့ Galaxy A12 ကို ကြေညာခဲ့ပြီး အခုတော့ မျိုးဆက်သစ် အလှည့် ရောက်လာပါပြီ။ အဲဒီ စမတ်ဖုန်းက Galaxy A13 ဖြစ်ပြီး တောင်ကိုရီးယားက ထွက်လာတဲ့သတင်းတွေအရ ပင်မ ကင်မရာဟာ 50MP ဖြစ်မယ်လို့ သိရပါတယ်။ ကျန်တဲ့ ကင်မရာ အားလုံးက Galaxy A12 နဲ့ တူညီမှာ ဖြစ်ပါတယ်။

Samsung Galaxy A12 - ElectroMall

Galaxy A12 နဲ့ Galaxy A12s မှာ 48MP ပင်မ ကင်မရာနဲ့အတူ 5MP Ultra-wide နဲ့ 2MP Auxiliary ကင်မရာ ၂ လုံးနဲ့အားဖြည့်ပေးထားပါတယ်။ အခုထွက်လာတဲ့သတင်းအရ Galaxy A13 ရဲ့ 50MP ပင်မ ကင်မရာကလွဲပြီး ကျန်တဲ့ ကင်မရာ ၂ လုံးက တူညီမှာ ဖြစ်ပါတယ်။ အရှေ့ဘက်က 8MP ကင်မရာကလည်း တူညီမှာပါ။

Galaxy A1x Series စမတ်ဖုန်းတွေဟာ ဈေးချိုပြီး နိုင်ငံတော်တော်များများမှာ ရောင်းချပေးတဲ့အတွက် ဈေးကွက်ထဲမှာ ရောင်းအားအကောင်းဆုံး စမတ်ဖုန်းတွေ ဖြစ်ပါတယ်။ ရောင်းအား ကောင်းတဲ့အတွက် စမတ်ဖုန်း အစိတ်အပိုင်း ထုတ်လုပ်သူတွေဆီက လိုအပ်ချက်တွေ များပြားမှာ ဖြစ်ပါတယ်။ Galaxy A13 ကင်မရာအတွက် တောင်ကိုရီးယား ကုမ္ပဏီ ၃ ခုက အစိတ်အပိုင်းများစွာ ထောက်ပံ့ပေးမယ်လို့ သိရပါတယ်။

Galaxy A13 ဟာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်း ဖြစ်ပြီး 50MP ပင်မ ကင်မရာ ပါလာမယ်ဆိုတာ စက်တင်ဘာလကတည်းက သတင်းထွက်လာခဲ့တာပါ။ အခုတော့ တောင်ကိုရီးယား မီဒီယာ The Elec က ဒီသတင်းကို ထပ်မံ အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။ ၂၄၉ ဒေါ်လာလောက်နဲ့ ရောင်းချပေးနိုင်ပြီး လက်ရှိပေါက်ဈေးအရ မြန်မာငွေ ၄ သိန်းခွဲလောက်ကျသင့်နိုင်ပါတယ်။

Ref : gsmarena