Samsung ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက Galaxy A14 5G ကို တရားဝင်မိတ်ဆက်ခဲ့ပြီး အဆိုပါဖုန်းဟာ စျေးကွက်အခြေအနေပေါ်မူတည်ပြီး Exynos 1330 သို့မဟုတ် MediaTek Dimensity 700 Chipset ကို အသုံးပြုထားမှာဖြစ်ပါတယ်။

အခုလည်း Samsung Galaxy A14 ဖုန်းကို 5G Version အပြင် နောက်ထပ် Galaxy A14 4G ဗားရှင်းဖုန်းအဖြစ်ပါ တရားဝင်မိတ်ဆက်လိုက်ပါပြီ။ အဆိုပါ Galaxy A14 4G ဖုန်းဟာ ဒီဇိုင်းပိုင်းမှာ Galaxy A14 5G ဖုန်းနဲ့ဆင်တူပေမယ့် Chipset ပိုင်းမှာ MediaTek Helio G80 Chipset ကိုပဲ အသုံးပြုထားမှာဖြစ်ပြီး Screen Refresh Rate ကိုလည်း 90Hz အစား 60Hz Refresh Rate ကိုပဲ ထောက်ပံ့ပေးမှာဖြစ်ပါတယ်။

Camera ပိုင်းမှာလည်း 50MP Main Camera + 5MP Ultrawide + 2MP Depth Camera တွေပါဝင်တဲ့ Triple Camera Setup ကို အသုံးပြုထားမှာဖြစ်ပါတယ်။ Selfie Camera ပိုင်းမှာ 13MP Sensor ကိုထည့်သွင်းပေးထားပါတယ်။

Display ပိုင်းမှာ 6.6″ Full HD+ LCD DIsplay ကိုအသုံးပြုထားပြီး RAM 6GB + 128GB Storage ပါဝင်မှာဖြစ်ပါတယ်။ Storage ထပ်မံတိုးချဲ့ဖို့အတွက်လည်း MicroSD Card Slot ကနေ 1TB အထိ ထပ်မံတိုးချဲ့နိုင်မယ်လို့ သိရပါတယ်။ ကျန်တဲ့ USB-C ၊ NFC ၊ 3.5mm Headphone Jack ၊ 15W Charging ပါဝင်တဲ့ 5000mAh Battery ပါဝင်မှာဖြစ်ပါတယ်။ ဘေးဘက်မှာလည်း Power Button မှာ Side-mounted Fingerprint Sensor ကိုတပ်ဆင်ပေးထားပါတယ်။

Galaxy A14 4G ဖုန်းဟာ အရောင်အနေနဲ့ ၄ မျိုး မိတ်ဆက်ထားပြီး စျေးနှုန်းအသေးစိတ်ကိုတော့ ဖော်ပြထားခြင်းမရှိသေးပါဘူး။

Ref – GSM Arena