[Zawgyi]

Samsung ဟာ Galaxy A2 Core ကို တရားဝင္ ထုတ္ျပန္ေၾကညာလိုက္ၿပီ ျဖစ္ပါတယ္။ ျဖန႔္ခ်ိမႈကေတာ့ ဘာမွခမ္းခမ္းနားနား မလုပ္ဘဲ တရားဝင္ Page မွာေတာင္ တင္ထားတာကို မေတြ႕ရေသးပါဘူး။ အေၾကာင္းကေတာ့ Galaxy A2 Core ဟာ ေဈးႏႈန္းအားျဖင့္လည္း နည္းပါးတဲ့ စမတ္ဖုန္းတစ္လုံး ျဖစ္တာေၾကာင့္ပါ။

Samsung Galaaxy A2 Core ဟာ Android 9 Pie Go edition ဖုန္းတစ္လုံးျဖစ္ပါတယ္။ Exynos 7870 chipset (8x Cortex-A53 cores, Mali-T830 MP1, 14nm) ကို အသုံးျပဳထားတာလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ အသုံးျပဳထားတဲ့ မန္မိုရီက 1GB of RAM သာ ျဖစ္ၿပီး သိုေလွာင္မႈပမာဏကလည္း 16GB သာ ျဖစ္ပါတယ္။ MicroSD နဲ႔ 256GB အထိ တိုးခ်ဲ႕ႏိုင္ပါေသးတယ္။

မ်က္ႏွာျပင္ကေတာ့ 5-inch LCD မ်က္ႏွာျပင္ျဖစ္ပါတယ္။ ဒီေန႔ေခတ္စမတ္ဖုန္းတစ္လုံးအတြက္ဆိုရင္ေတာ့ အလြန္ေသးငယ္တယ္လို႔ ဆိုရမွာပါ။ 540 x 960fps resolution ျဖစ္တဲ့အတြက္ သိပ္အမ်ားႀကီးေတာ့ ေမွ်ာ္လင့္ထားလို႔ ရမွာ မဟုတ္ပါဘူး။ ေက်ာဘက္မွာ 5MP ကင္မရာ တစ္လုံး တပ္ဆင္ေပးထားသလို အေရွ႕ဘက္မွာလည္း 5MP Selfie ကင္မရာ တစ္လုံး တပ္ဆင္ေပးထားပါတယ္။

Samsung Galaxy A2 Core မွာ Notch ေတြ Punch-hole ေတြ မပါဝင္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ စမတ္ဖုန္း ေခတ္ဦးကအတိုင္း ႀကီးမားတဲ့ Bezel ေတြနဲ႔မို႔လို႔ပါပဲ။ 3.5mm headphone jack လည္းပါဝင္သလို FM radio receiver လည္း ပါဝင္ပါတယ္။ ဘက္ထရီကေတာ့ 2,600mAh ပမာဏပဲ ျဖစ္ပါတယ္။ ေဈးႏႈန္းက INR 5,300 ($76) ျဖစ္တဲ့အတြက္ ျမန္မာေငြနဲ႔ဆိုရင္ ၁ သိန္း ၁ ေသာင္းခြဲ ဝန္းက်င္ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

တစ်သိန်းတစ်သောင်းခွဲဝန်းကျင်တန် Galaxy A2 Core စမတ်ဖုန်းကို ကြေညာလိုက်တဲ့ Samsung

Samsung ဟာ Galaxy A2 Core ကို တရားဝင် ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ဖြန့်ချိမှုကတော့ ဘာမှခမ်းခမ်းနားနား မလုပ်ဘဲ တရားဝင် Page မှာတောင် တင်ထားတာကို မတွေ့ရသေးပါဘူး။ အကြောင်းကတော့ Galaxy A2 Core ဟာ ဈေးနှုန်းအားဖြင့်လည်း နည်းပါးတဲ့ စမတ်ဖုန်းတစ်လုံး ဖြစ်တာကြောင့်ပါ။

Samsung Galaaxy A2 Core ဟာ Android 9 Pie Go edition ဖုန်းတစ်လုံးဖြစ်ပါတယ်။ Exynos 7870 chipset (8x Cortex-A53 cores, Mali-T830 MP1, 14nm) ကို အသုံးပြုထားတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အသုံးပြုထားတဲ့ မန်မိုရီက 1GB of RAM သာ ဖြစ်ပြီး သိုလှောင်မှုပမာဏကလည်း 16GB သာ ဖြစ်ပါတယ်။ MicroSD နဲ့ 256GB အထိ တိုးချဲ့နိုင်ပါသေးတယ်။

မျက်နှာပြင်ကတော့ 5-inch LCD မျက်နှာပြင်ဖြစ်ပါတယ်။ ဒီနေ့ခေတ်စမတ်ဖုန်းတစ်လုံးအတွက်ဆိုရင်တော့ အလွန်သေးငယ်တယ်လို့ ဆိုရမှာပါ။ 540 x 960fps resolution ဖြစ်တဲ့အတွက် သိပ်အများကြီးတော့ မျှော်လင့်ထားလို့ ရမှာ မဟုတ်ပါဘူး။ ကျောဘက်မှာ 5MP ကင်မရာ တစ်လုံး တပ်ဆင်ပေးထားသလို အရှေ့ဘက်မှာလည်း 5MP Selfie ကင်မရာ တစ်လုံး တပ်ဆင်ပေးထားပါတယ်။

Samsung Galaxy A2 Core မှာ Notch တွေ Punch-hole တွေ မပါဝင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ စမတ်ဖုန်း ခေတ်ဦးကအတိုင်း ကြီးမားတဲ့ Bezel တွေနဲ့မို့လို့ပါပဲ။ 3.5mm headphone jack လည်းပါဝင်သလို FM radio receiver လည်း ပါဝင်ပါတယ်။ ဘက်ထရီကတော့ 2,600mAh ပမာဏပဲ ဖြစ်ပါတယ်။ ဈေးနှုန်းက INR 5,300 ($76) ဖြစ်တဲ့အတွက် မြန်မာငွေနဲ့ဆိုရင် ၁ သိန်း ၁ သောင်းခွဲ ဝန်းကျင် ဖြစ်ပါတယ်။

Ref: GSMArena