[Zawgyi]

Samsung Galaxy A20s ကို အိႏၵိယမွာ ေရာင္းေပးလိုက္ၿပီ ျဖစ္ပါတယ္။ အဲဒီ စမတ္ဖုန္းကို ၿပီးခဲ့တဲ့ လကမွ ပူပူေႏြးေႏြး မိတ္ဆက္ထားတာ ျဖစ္ပါတယ္။ 3/32GB ကို ရူပီး ၁၁,၉၉၉ နဲ႔ 4/64GB ကို ရူပီး ၁၃,၉၉၉ သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၂၅၀,၀၀၀ နဲ႔ ၃၀၀,၀၀၀ ေလာက္ရွိပါတယ္။ ကုမၸဏီရဲ႕ တရား၀င္ ၀က္ဘ္ဆိုက္ နဲ႔ ဘင္ဂါလာရူးမွ Samsung Opera House တို႔ကေန ၀ယ္ယူႏုိင္ၿပီ ျဖစ္ပါတယ္။ ဒါ့အျပင္ အိႏၵိယႏိုင္ငံအ၀န္းမွ နာမည္ေက်ာ္ အြန္လိုင္းစတိုးနဲ႔ ေျမျပင္ စတိုးေတြကေနလည္း ေရာင္းခ်ေပးေနပါတယ္။

Galaxy A20s ရဲ႕ Specs ေတြကို ျပန္လည္ ေဖာ္ျပလိုက္ပါတယ္။ Galaxy A20s မွာ ၆.၅ လက္မ HD+ Infinity-V Display ထည့္သြင္းထားပါတယ္။ အနက္၊ အျပာ၊ အစိမ္းနဲ႔ အနီေရာင္ေတြ ေရြးခ်ယ္ႏုိင္ပါတယ္။  Android 9 Pie အေျချပဳ One UI ပါပါတယ္။ 1.8GHz Octa-core Snapdragon 450 SoC ေမာင္းနွင္ထားပါတယ္။ 512GB အထိ ၀င္ဆန္႔တဲ့ microSD Card စိုက္ႏုိင္ပါတယ္။ အေနာက္ဘက္မွာ 13MP Main , 8MP Ultra-wide-angle နဲ႔ 5MP Depth Camera ေတြ ထည့္ထားပါတယ္။ အေရွ႕ဘက္မွာ 8MP Camera ပါၿပီး အလန္းစား Bokeh Effect ေတြ ဖန္တီးေပးႏုိင္တဲ့ Live Focus လုပ္ေဆာင္ခ်က္ ပါပါတယ္။

Samsung Galaxy A20s ရဲ႕ အေနာက္ဘက္မွာ လက္ေဗြရာ အာရံုခံ ကိရိယာ ထည့္သြင္းထားပါတယ္။ Face Unlock နဲ႔ ဆက္သြယ္မႈ အပိုင္းမွာ 4G LTE, Bluetooth 4.2, Wi-Fi 802.11 b/g/n, Wi-Fi Direct, GPS, Glonass, Beidou နဲ႔ Galileo ေတြ ပါပါတယ္။ 15W Fast Charging ပါတဲ့ 4,000mAh Battery ထည့္သြင္းထားပါတယ္။ အရြယ္အစား အျပည့္အစံုမွာ 163.3 x 77.5 x 8.0mm ျဖစ္ၿပီး အေလးခ်ိန္မွာ ၁၈၃ ဂရမ္ ျဖစ္ပါတယ္။

Ref : gsmarena

[Unicode]

Samsung Galaxy A20s ကို အိန္ဒိယမှာ ရောင်းပေးလိုက်ပြီ

Samsung Galaxy A20s ကို အိန္ဒိယမှာ ရောင်းပေးလိုက်ပြီ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းကို ပြီးခဲ့တဲ့ လကမှ ပူပူနွေးနွေး မိတ်ဆက်ထားတာ ဖြစ်ပါတယ်။ 3/32GB ကို ရူပီး ၁၁,၉၉၉ နဲ့ 4/64GB ကို ရူပီး ၁၃,၉၉၉ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၂၅၀,၀၀၀ နဲ့ ၃၀၀,၀၀၀ လောက်ရှိပါတယ်။ ကုမ္ပဏီရဲ့ တရားဝင် ဝက်ဘ်ဆိုက် နဲ့ ဘင်ဂါလာရူးမှ Samsung Opera House တို့ကနေ ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံအဝန်းမှ နာမည်ကျော် အွန်လိုင်းစတိုးနဲ့ မြေပြင် စတိုးတွေကနေလည်း ရောင်းချပေးနေပါတယ်။

Galaxy A20s ရဲ့ Specs တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ Galaxy A20s မှာ ၆.၅ လက်မ HD+ Infinity-V Display ထည့်သွင်းထားပါတယ်။ အနက်၊ အပြာ၊ အစိမ်းနဲ့ အနီရောင်တွေ ရွေးချယ်နိုင်ပါတယ်။ Android 9 Pie အခြေပြု One UI ပါပါတယ်။ 1.8GHz Octa-core Snapdragon 450 SoC မောင်းနှင်ထားပါတယ်။ 512GB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ အနောက်ဘက်မှာ 13MP Main , 8MP Ultra-wide-angle နဲ့ 5MP Depth Camera တွေ ထည့်ထားပါတယ်။ အရှေ့ဘက်မှာ 8MP Camera ပါပြီး အလန်းစား Bokeh Effect တွေ ဖန်တီးပေးနိုင်တဲ့ Live Focus လုပ်ဆောင်ချက် ပါပါတယ်။

Samsung Galaxy A20s ရဲ့ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ထည့်သွင်းထားပါတယ်။ Face Unlock နဲ့ ဆက်သွယ်မှု အပိုင်းမှာ 4G LTE, Bluetooth 4.2, Wi-Fi 802.11 b/g/n, Wi-Fi Direct, GPS, Glonass, Beidou နဲ့ Galileo တွေ ပါပါတယ်။ 15W Fast Charging ပါတဲ့ 4,000mAh Battery ထည့်သွင်းထားပါတယ်။ အရွယ်အစား အပြည့်အစုံမှာ 163.3 x 77.5 x 8.0mm ဖြစ်ပြီး အလေးချိန်မှာ ၁၈၃ ဂရမ် ဖြစ်ပါတယ်။

Ref : gsmarena