Samsung ကနေပြီးခဲ့တဲ့လအတွင်းမှာ Mid Range ဖုန်းတွေဖြစ်တဲ့ Galaxy A20 နဲ့ A20e စမတ်ဖုန်းတွေအတွက် Android 10 ကို အခြေခံထားတဲ့ OneUI 2.0 Update ကို ထုတ်ပေးခဲ့ပါတယ်။ အခုအချိန်မှာလည်း Galaxy A20s စမတ်ဖုန်းအတွက် Android 10 အခြေခံထားတဲ့ OneUI 2.0 ကို Update ပြုလုပ်နိုင်ပြီလို့ သိရပါတယ်။

အဲ့ဒီအတွက် Samsung Galaxy A20s အသုံးပြုနေတဲ့သူတွေအနေနဲ့ Settings – System Update ကနေ Download ပြုလုပ်နိုင်ရမှာဖြစ်ပါတယ်။ အဆိုပါ Update မှာတော့ Android 10 ကို အခြေခံထားတဲ့ OneUI 2.0 အပြင် March 2020 Android Security Patch ပါဝင်မှာဖြစ်ပါတယ်။

Samsung ရဲ့ ပြောကြားချက်အရတော့ Galaxy A20s ဖုန်းတွေထဲမှာမှ Model Code SM-A207F နဲ့ SM-A207M ဖုန်းတွေအတွက် အရင်ဆုံး Update ထုတ်ပေးထားပြီးတော့ အဆိုပါ Model Number နဲ့ Galaxy A20s ဖုန်းတွေကို အသုံးပြုနေဆိုရင်တော့ လာမယ့်ရက်ပိုင်းအတွင်းမှာ Update ပြုလုပ်နိုင်မှာပါ။ တခြား Model Number နဲ့ Galaxy A20s ဖုန်းတွေအနေနဲ့ကတော့ အချိန်အနည်းငယ်ထပ်ပြီး စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။

ဒီ OneUI 2.0 Update နဲ့အတူ System-wide Dark Mode ၊ Navigation Gesture အသစ်တွေနဲ့ Location ၊ Privacy ပိုင်းမှာ Feature အသစ်တွေပါဝင်လာမှာဖြစ်ပါတယ်။

Ref – GSM Arena