[Zawgyi]

Samsung ဟာ Entry-level ေဈးကြက္ထဲကို “s” အေတာ္မ်ားမ်ား ပို႔ေဆာင္ေနတာ ေတြ႕ရမွာ ျဖစ္ပါတယ္။ အထူးသျဖင့္ Galaxy A နဲ႔ M Series ေတြလို႔ ဆိုရမွာပါ။ အခုလည္း Galaxy A20s ကို မၾကာခင္ အခ်ိန္အေတာအတြင္း ေဈးကြက္ထဲမွာ ေတြ႕ရေတာ့မယ္လို႔ ေျပာႏိုင္ပါတယ္။

တ႐ုတ္ရဲ႕ TENAA ဟာ Galaxy A20s ကို အသိအမွတ္ျပဳလိုက္ၿပီ ျဖစ္ပါတယ္။ ေမာ္ဒယ္နံပါတ္ SM-A2070 နဲ႔ Device ဟာ Galaxy A20s လို႔ သိရပါတယ္။ ဒါေၾကာင့္ Galaxy A20s ဟာ 6.49-inch အ႐ြယ္အစား မ်က္ႏွာျပင္နဲ႔ျဖစ္ၿပီး Infinity V နဲ႔ျဖစ္ေၾကာင္း သိလိုက္ရပါတယ္။

အျပင္ပိုင္း အျမင္အားျဖင့္ေတာ့ A20s ဟာ ၿပီးခဲ့တဲ့ မတ္လကမွ မိတ္ဆက္သြားတဲ့ Galaxy M30 နဲ႔ အေတာ္ေလးကို ဆင္တူတယ္လို႔ ဆိုႏိုင္ပါတယ္။ ေက်ာဘက္မွာလည္း ကင္မရာသုံးလုံးနဲ႔ LED ဖလက္ရွ္ တပ္ဆင္ေပးထားတာကိုေတြ႕ျမင္ရသလို Fingerprint Scanner ရွိေနတာကိုလည္း ေတြ႕ျမင္ရပါတယ္။ ဘက္ထရီကေတာ့ 4,000 mAh ပမာဏျဖစ္ေၾကာင္းကိုလည္း TENAA ကတစ္ဆင့္ သိလိုက္ရပါေသးတယ္။

အျခားအခ်က္အလက္ေတြကေတာ့ A20s ဟာ Dual SIM ျဖစ္ၿပီး Samsung ရဲ႕ OneUI နဲ႔ Android Pie ေမာင္းႏွင္မွာ ျဖစ္ပါတယ္။ ႐ုပ္ပုံမွာျမင္ေတြ႕ရတဲ့အတိုင္းဆိုရင္ အဖြင့္အပိတ္ခလုတ္က ဖုန္းရဲ႕ ညာဘက္ျခမ္းမွာရွိၿပီး အသံအတိုးအခ်ဲ႕ခလုတ္ကေတာ့ ဘယ္ဘက္ျခမ္းမွာ ရွိမွာ ျဖစ္ပါတယ္။ အျခား Specs ေတြကေတာ့ သိပ္မၾကာခင္ သိရဖို႔ ေမွ်ာ္လင့္ရပါတယ္။

Ref: GSM Arena

[Unicode]

TENAA မှာ တွေ့လာရပြီဖြစ်တဲ့ Samsung Galaxy A20s

Samsung ဟာ Entry-level ဈေးကွက်ထဲကို “s” အတော်များများ ပို့ဆောင်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် Galaxy A နဲ့ M Series တွေလို့ ဆိုရမှာပါ။ အခုလည်း Galaxy A20s ကို မကြာခင် အချိန်အတောအတွင်း ဈေးကွက်ထဲမှာ တွေ့ရတော့မယ်လို့ ပြောနိုင်ပါတယ်။

တရုတ်ရဲ့ TENAA ဟာ Galaxy A20s ကို အသိအမှတ်ပြုလိုက်ပြီ ဖြစ်ပါတယ်။ မော်ဒယ်နံပါတ် SM-A2070 နဲ့ Device ဟာ Galaxy A20s လို့ သိရပါတယ်။ ဒါကြောင့် Galaxy A20s ဟာ 6.49-inch အရွယ်အစား မျက်နှာပြင်နဲ့ဖြစ်ပြီး Infinity V နဲ့ဖြစ်ကြောင်း သိလိုက်ရပါတယ်။

အပြင်ပိုင်း အမြင်အားဖြင့်တော့ A20s ဟာ ပြီးခဲ့တဲ့ မတ်လကမှ မိတ်ဆက်သွားတဲ့ Galaxy M30 နဲ့ အတော်လေးကို ဆင်တူတယ်လို့ ဆိုနိုင်ပါတယ်။ ကျောဘက်မှာလည်း ကင်မရာသုံးလုံးနဲ့ LED ဖလက်ရှ် တပ်ဆင်ပေးထားတာကိုတွေ့မြင်ရသလို Fingerprint Scanner ရှိနေတာကိုလည်း တွေ့မြင်ရပါတယ်။ ဘက်ထရီကတော့ 4,000 mAh ပမာဏဖြစ်ကြောင်းကိုလည်း TENAA ကတစ်ဆင့် သိလိုက်ရပါသေးတယ်။

အခြားအချက်အလက်တွေကတော့ A20s ဟာ Dual SIM ဖြစ်ပြီး Samsung ရဲ့ OneUI နဲ့ Android Pie မောင်းနှင်မှာ ဖြစ်ပါတယ်။ ရုပ်ပုံမှာမြင်တွေ့ရတဲ့အတိုင်းဆိုရင် အဖွင့်အပိတ်ခလုတ်က ဖုန်းရဲ့ ညာဘက်ခြမ်းမှာရှိပြီး အသံအတိုးအချဲ့ခလုတ်ကတော့ ဘယ်ဘက်ခြမ်းမှာ ရှိမှာ ဖြစ်ပါတယ်။ အခြား Specs တွေကတော့ သိပ်မကြာခင် သိရဖို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena