Samsung Galaxy A21s ကို ကြေညာမယ့် အချိန်ကို မသိရသေးပါဘူး။ ဒါပေမယ့် အဲဒီ စမတ်ဖုန်းရဲ့  Specs ၊  ဈေးနှုန်းနဲ့ ဓါတ်ပုံထွက်ပေါ်လာပါတယ်။ Galaxy A21s မှာ ၆.၅ လက်မ PLS TFT မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး 1600x720p Resolution ရှိပါတယ်။ မျက်နှာပြင်ဘယ်ဘက် အထက်နားမှာ 13MP Punch Hole ကင်မရာ တပ်ဆင်ထားပါတယ်။

အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာနဲ့ 48MP , 8MP Ultrawide နဲ့ 2MP Macro ကင်မရာတွေကို L ပုံစံ တပ်ဆင်ထားပါတယ်။ စုစုပေါင်း အနောက်ကင်မရာ ၄ လုံး ဖြစ်ပြီး နောက် ၁ လုံးက Depth ကင်မရာ ဖြစ်နိုင်ပါတယ်။ Exynos 850 SoC မောင်းနှင်ထားပြီး 3GB RAM ပါလာမှာပါ။ Android 10 အခြေပြု One UI မောင်းနှင်ထားမှာ ဖြစ်ပြီး 32GB နဲ့ 64GB Storage တွေ ရွေးချယ်နိုင်ပါတယ်။ microSD Card စိုက်နိုင်ပါတယ်။

A21s ဟာ ၈.၉ မီလီမီတာ အထူရှိပြီး ၁၉၁ ဂရမ် အလေးချိန်ရှိပါတယ်။ 5,000mAh ဘက်ထရီ ပါလာပြီး USB-C Port ကနေ အားသွင်းရမှာပါ။ 3.5mm Headphone Jack ကို အောက်ခြေမှာ တပ်ဆင်ထားပါတယ်။ 4G ပဲ ထောက်ပံ့ထားပြီး Bluetooth 5.0 နဲ့ NFC Chip ပါပါတယ်။ အရောင် ၃ မျိုး ထုတ်လုပ်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၁၉၉ ယူရို သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃ သိန်းလောက် ရှိပါတယ်။

Ref : gsmarena